Friday, October 2, 2009

စင်္ကာပူမှာ ကားမောင်းသင်လိုလျင် ... ၂




Practical Driving Lesson (လက်တွေ့ကားမောင်းလေ့ကျင့်ခြင်း )


သီအိုရီ ၂ခုလုံးပြတ်သွားမှ ကားမောင်းလက်တွေ့ကို စသင်ပါတယ်။ ကျောင်းအပ်ကတည်းက သင်ခန်းစာ စာအုပ်တစ်အုပ်ထုတ်ပေးပြီး အဲဒီစာအုပ်ထဲက သင်ခန်းစာ တွေအတိုင်း အစဉ်လိုက်သင်ပါတယ်။ Circuit ထဲမောင်းလိုက် အပြင်ထွက်မောင်းလိုက်နဲ့ တစ်ရက်ကို သင်ခန်းစာ ၂ခုလောက်တော့ တတ်အောင်သင်ပေးပါတယ်။ အောက်က ဇယားမှာ ကားတစ်ခါမောင်းသင် (မိနစ် ၁၀၀) အတွက် ကုန်ကျစရိတ်ကို ကြည့်နိုင်ပါတယ်။ Sinmulation lesson ဆိုတာကတော့ လက်တွေ့မောင်း အဆင့် ၃ပြီးရင် ကွန်ပြူတာနဲ့ ကားအတုမောင်းရတာပါ။ accident အတုတစ်ခု ဖန်တီးပြီး ဘယ်လိုကာကွယ်မလဲဆိုတာ ရှင်းပြပါတယ်။

Practical Fees
Item
Fees with GST
Off-Peak Hour Practical Lesson (100min)
S$59.92
Peak Hour Practical Lesson (100min)
S$68.48
Session 8 (70min)
S$48.15
**Off-Peak Hour Simulator Lesson
S$11.77
**Peak Hour Simulator Lesson
S$13.91
Off-Peak Hour Auto Transmission Lesson (100min)
S$59.92
Peak Hour Auto Transmission Lesson (100min)
S$68.48


ကားမောင်သင်ဘို့ ကိုယ် booking လုပ်လေ့ရှိတဲ့ အချိန်ကတော့ ကြားရက်ဆို ညပိုင်း အလုပ်ကပြန်လာချိန် ၈နာရီ ၅မိနစ်ကနေ ၉နာရီ ၄၅ slot ပါ။ အဲဒီအချိန်က ၀န်ထမ်းတွေများပါတယ်။ စနေ တနင်္ဂနွေဆို နေ့ခင်းတစ်ချိန်လောက် ယူပါတယ်။ အောက်က ဇယားမှာ ကိုယ်ကြိုက်တဲ့ section ကို ရွေးနိုင်ပါတယ်။

Session
Mon-Fri
Sat & Sun
1
0800 - 0940 hrs
*0800 - 0940 hrs
2
0950 - 1130 hrs
*0950 - 1130 hrs
3
1220 - 1400 hrs
*1220 - 1400 hrs
4
1410 - 1550 hrs
*1410 - 1550 hrs
5
1600 - 1740 hrs
*1600 - 1740 hrs
6
*1815 - 1955 hrs

7
*2005 - 2145 hrs

**8
*2155 - 2305 hrs




အဲဒီမှာလဲ ဆရာတွေ ကျရာမရွေးပဲ၊ group ဆိုတာ ရွေးရင် ဆရာ ၃-၄ ယောက်လောက်ကပဲ အလှည့်ကျသင်တာဆိုတော့ ရင်းနှီးမှုရှိပြီး ကိုယ့်ရဲ့ တတ်မြောက်မှုအခြေအနေကိုလည်း ပိုသိတော့ သင်ချိန်ကို ချုံ့နိုင်ပါတယ်။ အဲလိုနဲ့ လက်တွေ့ကားမောင်းကျင့်တာ အဆင့် ၅ ဆင့်ရှိတဲ့ထဲက ဒုတိယ အဆင့်ပြတ်ပြီ၊ theory test တွေ အားလုံးဖြေပြီးပြီ ၊ Sinmulation Lesson လဲပြီးပြီဆို လက်တွေ့မောင်းစာမေးပွဲ (Traffic Police Test) အတွက် booking လုပ်လို့ရပါပြီ။


Traffic Police Practical Test (TPP)

လက်တွေ့မောင်း စာမေးပွဲအတွက် booking လုပ်ရင် အနီးဆုံး နောက်ရက်၂၀ ၊ တစ်လလောက်နေမှ ရတတ်လေ့ရှိပါတယ် ။ ဒီတော့ကြားထဲ ကိုယ်သင်ထားတာတွေ မေ့မသွားအောင် booking ကို အစထဲက well paln လုပ်ထားမှရပါမယ်။ နောက် စည်းမျဉ်းတစ်ခုက ကိုယ် သင်ခန်းစာတွေ အကုန်ပြီးပြီးချင်း ၁၄ ရက်အတွင်း Test ဖြေလို့မရပါဘူး။ ဒါကြောင့် ၁၄ ရက်ကတော့ သေချာပေါက်စောင့်ရပါတယ်။ ကိုယ့်တုံးကတော့ စာမေးပွဲမဖြေမီ ၃ရက်လောက်အလိုကစပြီး traing ဆိုပြီး ၄ချိန်လောက် ပြန်ယူ လေ့ကျင့်ရပါတယ်။

စာမေးပွဲချိန်ကိုလည်း ကားအသွားအလာနည်းတဲ့ အချိန်မျိုးရွေးသင့်ပါတယ်။ မနက် ၁၀နာရီက ၁၂နာရီကြား၊ နေ့ခင်း၂နာရီ ၃နာရီကြားက ကားအတော်ရှင်းလို့ အဲဒီအချိန်တွေကို ရွေးသင့်ပါတယ်။ ကားငှါးခ၊ test စစ်ခ၊ မစစ်မီ warming section fees အစရှိသဖြင့် စုစုပေါင်း test တစ်ခါကို စလုံး ၂၀၀လောက် ကုန်ကျပါတယ်။

Test Fees
Item
Fees with GST
Basic Theory Test
S$6.00
Final Theory Test
S$6.00
Practical Test
S$20.00
Vehicle Rental
S$107.00
50 mins Warm-Up (Mon to Fri)
S$29.96
50 mins Warm-Up (Sat)
S$34.24



စာမေးပွဲ အောင်နှုန်း

လက်တွေ့မောင်း စာမေးပွဲကတော့ အတော် အကျများပါတယ်။ Traffic Police က ခန့်ထားတဲ့ ဆရာတွေကိုယ်တိုင် စစ်တာဆိုတော့ နတ်လဲကြီးပါတယ်။ ဒီဖိုရမ်လေးမှာ သွားကြည့်ရင်တော့ ပထမတစ်ခါနဲ့ အောင်တဲ့လူ ၄၉ရာနှုန်းလောက်ရှိပါသတဲ့။ ဒီဖိုရမ်မှာတော့ ၅၇ ရာနှုန်းလောက်ရှိပါသတဲ့။ တစ်ချို့တွေလဲ ၃-၄ခါ ဖြေတာတောင် မအောင်ကြပါဘူး။ ၆ခါကျော်ဖြေရတဲ့သူတွေတောင် ရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း တတ်ကျွမ်းတဲ့အပြင် စည်းမျဉ်းစည်းကမ်းတွေလဲ ကျေညက်မှ၊ အဲနေ့မှာ ကံလည်းကောင်းဦးမှ၊ ကိုယ် booking လုပ်တဲ့အချိန်ကလည်း ကားအသွားအလာ နည်းတဲ့အချိန်ရွေးမှ၊ test လုပ်တဲ့ tester ကလည်း သဘောကောင်းမှ အစရှိတဲ့ factor တွေ အများကြီးပါ။ ကျွမ်းကျင်မှုက ၅၀% ၊ Luck က ၅၀% လို့တောင် ပြောနိုင်ပါတယ်။


Please calm down

အဓိက ကျတာက စာမေးပွဲ အရှိန်နဲ့ ကြောက်ကြလို့ပါ။ တချို့ဆို warming up section တုံးက အမှားအယွင်းမရှိ၊ အားလုံး ok လို့ ။ test လဲစစ်ေ၇ာ ခြေထောက်တွေ တဆတ်ဆတ် တုန်လို့ မမှားဘူးတာတွေလဲမှား၊ pole တွေ ၀င်တိုက်နဲ့ လူကပြာပြီး အယောင်ယောင် အမှားမှားတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် test စစ်တဲ့ အချိန်မှာ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်ငြိမ်အေးအေးထားဘို့ အလွန်အရေးကြီးပါတယ်။ ကိုယ့် ဆရာနဲ့ ပုံမှန်လေ့ကျင့်နေသလိုပဲ စိတ်ထဲထားစေချင်ပါတယ်။ test စစ်တဲ့ နေ့မှာ အ၀တ်အစားကအစ သပ်သပ်ရပ်ရပ်ဝတ်၊ tester ကိုလည်း လေးလေးစားစား ဆက်ဆံဘို့လဲ မမေ့ပါနဲ့ဦး။ test နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ ဖတ်ချင်ရင် အပေါ်မှာ ပြောခဲ့တဲ့ ဖိုရမ်လေးတွေမှာ ၀င်ဖတ်နိုင်ပါတယ်။


အမှတ်ပေး စနစ်

အမှတ်ပေး စနစ်ကတော့ demirit point နှုတ်တဲ့ system ပါ။ minus system ခေါ်မလားပဲ။ demirit point ၂၀ ဆိုရင် ကျပါတယ်။ တော်တော်ဆိုးဆိုးရွားရွားမှားနေရင်တော့ Immidiate failure ဆိုပြီး တစ်ခါထဲကျပါရော။ စာမေးပွဲမဖြေမီ warming up section မှာ တခြား ဆရာတစ်ယောက်နဲ့ နာရီဝက် အစမ်းမောင်းရပါသေးတယ်။ အဲဒီနောက် အခန်းတစ်ခုထဲမှာ ဖြေတဲ့သူတွေ စုပြီး tester လာအခေါ်ကို စောင့်နေရပါတယ်။ test တစ်ချိန်ဆို ဖြေသူ ၁၂ယောက်လောက် ရှိပါတယ်။ ပြီးတော့မှ Traffic police နဲ့ circuit ထဲမှာ ၁၀မိနစ်လောက် သတ်မှတ်ထားတဲ့ test တွေ အကုန်လုပ်ရပါတယ်။ နောက် test route ၈ခုထဲက ကိုယ်မဲကျတဲ့ test route မှာ မိနစ်၂၀လောက်မောင်းပြရတယ်ပေါ့။ လမ်းတလျှောက်လုံး Traffic police က laptop တစ်လုံးနဲ့ ဘေးမှာထိုင်ပြီး တတောက်တောက်နဲ့ အမှတ်တွေ နှုတ်တော့တာပဲ။ အဓိကကြည့်တာက Traffic rule တွေသိရဲ့လား၊ လမ်းမှာ ဘေးအနရယ် ကင်းကင်း မောင်းနိုင်သလားဆိုတာပါပဲ။


Pass or Fail

test ပြီးတာနဲ့ ဖြေတဲ့သူက အခန်းတစ်ခုထဲမှာ စောင့်နေရပါတယ်။ ၅မိနစ်လောက်ကြာတော့စစ်တဲ့သူက result တွေရေးထားတဲ့ စာရွက်လေးတစ်ရွက် ကိုင်ပြီး ၀င်လာ review လုပ်ပါရော။ အောင်တယ်၊ ကျတယ်ဆိုတာ အဲဒီစာရွက်မှာ တစ်ခါထဲရေးပြီးသား။

ကျခဲ့ရင် အဲဒီနေ့မှာပဲ နောက် test အတွက် training slot ၂ခု ၃ခုလောက်နဲ့ Test date ကို book လုပ်နိုင်ပါတယ်။ Training ၂ ချိန်ကတော့ rule အရ မဖြစ်မနေကို ယူရပါတယ်။ ပိုက်ပိုက်လေးလဲ ထပ်ပေးရတာပေါ့။ test ဘိုးချည်း စလုံး ၂၀၀ ရယ်၊ practicl training ၂ချိန် ၃ချိန်ဘိုးနဲ့ပေါင်း စလုံး ၃၅၀-၄၀၀လောက်တော့ လျှောပြီပေါ့။


အောင်ခဲ့ရင်လဲ ဘယ်နေရာတွေမှာ အားနည်းသေးတယ် အဲဒါတွေ တိုးတက်အောင်လုပ်ဦး လို့ ပြောပြပြီး congratulation ဆိုပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးရင် အောက်ထပ်မှာ ကားမောင်းတာနဲ့ ပတ်သတ်တဲ့ ပညာပေး ဗွီဒီယိုလေးကြည့်ရပါတယ်။ ကိုယ်အောင်တဲ့ အခေါက်ကတော့ ဆရာက စာရွက်ကိုင်ထားတာ အလင်းရောင်နဲ့ ဟိုဘက်ကို ဖောက်ပြီး လှမ်းမြင်နေရတော့ သူမပြောခင် အောင်မှန်း သိပါတယ်။ ကိုယ့်တုံးက သီအိုရီ ၂ခုလုံး တစ်ကြိမ်နဲ့ အောင်ပြီး practical test မှာ ၂ခါဖြေမှ အောင်ခဲ့ပါတယ်။ ကိုယ်အောင်တဲ့ အခေါက်က မှတ်မှတ်ရရ ဗွီဒီယိုခန်းထဲမှာ မိန်းခလေး ၃ယောက်ပဲ ပြန်တွေ့တော့ ဖြေသူ ၁၂ ယောက်မှာ ၃ ယောက်ပဲ အောင်တယ်လို့ ပြောလို့ရပါတယ်။


လိုင်စင်ကတ်ပြား

် အောင်တဲ့နေ့ပဲ ကောင်တာမှာ ပိုက်ပိုက် ၅၀ပေးပြီး လိုင်စင်ကတ်လုပ်ရပါတယ်။ ဓာတ်ပုံလေးလဲ သယ်လာဘို့ မမေ့ပါနဲ့ဦး။ လိုင်စင်ကတ်ပြား မရခင်လည်း ကားမောင်းလို့ရအောင် ယာယီလိုင်စင်ဖြတ်ပိုင်းလေး ထုတ်ပေးထားပါတယ်။ ၂ပတ် ၃ပတ်နေရင်တော့ သင်ငွေတွေ၊ အချိန်တွေ၊ ချွေူးတွေနဲ့ ရင်းထားတဲ့ သင့်လိုင်စင်လေး အိမ်တိုင်ရာရောက် ရောက်လာပါလိမ့်မယ်။ စာတိုက်ကနေ register လုပ်ပြီး ပို့လိုက်တာကိုး။

စင်္ကာပူလိုင်စင်လေးက တော်တော်လှတာပဲ။ အရောင်လေးတွေကလဲ တလက်လက်နဲ့။ စလုံး ဖွတ်ကလိ ဒင်္ဂါး၂၉၀၀တန် လေးကိုး။


စ register လုပ်တဲ့အချိန်ကစပြီး နောက်ဆုံးလိုင်စင်ရဖို့ စုစုပေါင်း ၃လကနေ ၅လ လောက်တော့ ကြာတတ်ပါတယ်။ စာမေးပွဲ ကျနေရင်တော့ တစ်ခါကျတိုင်း တစ်လလောက်ပြန်စောင့်ရတော့ ပိုကြာပါတယ်။

English လိုရှင်းထားတာလေး ဒီ web page လေးလဲ သွားကြည့်ပါဦး။ ရေးပြီးမှ တွေ့လို့။

2 comments:

  1. ဟူးးး မလွယ်ပါလားဗျာ...

    ReplyDelete
  2. ဟုတ်ပါတယ် ... ကိုပန်ဒါရေ ... စလုံးမှာ လိုင်စင်ရဘို့ ခက်ပါတယ်။ အဲဒီအကြောင်း မောင်းသင်ပေးတဲ့ ဆရာတွေကိုယ်တိုင် ပြောတာပါ။ ကားမောင်းလိုင်စင်ရဘို့ ဒီလောက် ခက်ခဲအောင် လုပ်ထားတာကို သူတို့ကိုယ်တိုင်ကို မကြိုက်ပါဘူး။ လက်တွေ့စာမေးပွဲက အကျများလွန်းလို့ နာမည်ကြီးပါတယ်။ ကိုယ့်တုံးကတော့ မအောင်မချင်း ဘယ်နှစ်ခါဖြေရမလဲ ... လာထားဆို စိတ်ကို ဒုံးဒုံးချပြီး ဖြေခဲ့တာပါ။

    ReplyDelete