Friday, October 16, 2009

Chicken Wrap

KFC က လိုလေး လုပ်စားချင်တာပါ။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် သမီးတို့ကျောင်းက assignment ပေးလိုက်တာ ခလေးတွေကို အသီးအနှံစားတတ်အောင် vegetable salad လုပ်ကျွေးရမယ်ဆိုတော့ ဂျူဂျူနဲ့ အတူ ဈေးဝယ်။ Salad လုပ်ပြီး သူ့ကို အရင်ကျွေးရပါတယ်။ သမီးကတော့ အရွက်အစိမ်းတွေဆိုတော့ မကြိုက်ပေမဲ့ ကိုယ်တိုင်လုပ်စားတာဆိုတော့ အတော်ပျော်ပါတယ်။ ဂျူဂျူ ကိစပြီးတော့မှ Chicken wrap အလှည့်ရောက်ပါတယ်။ KFC ကနဲ့သိပ်တော့ မတူပေမဲ့ စားလို့တော့ ကောင်းပါတယ်။ smoke နံ့လဲ မပါဘူးပေါ့လေ။

ပထမဆုံး ထည့်လိတ်ရမဲ့ အသီးအနှံတွေကို အတုံးအသေးလေးတွေ လှီးချွတ်ထားပါ။ ပြီးရင် အောက်မှာပြထားတဲ့ ပုံထဲက salad cream နဲ့ နယ်ထားပါ။





ကြက်သားကိုလဲ အတုံးလေးတွေတုံးပြီး ယိုးဒယားမယ်အကြော်မှုန့်၊ ငရုပ်ကောင်း၊ဆား၊ အချိုမှုန့် အစရှိသည်တို့ ထည့်ပြီး chicken ပေါက်ပေါက်လိုဖြစ်အောင် ကြော်ထားပါ။ chicken nuggets ရယ်ဒီမိတ်ကို အတုံးလေးတွေ လှီးထားတာလဲ ရောထည့်ပါ။


Chicken wrap လုပ်မဲ့ အရွက်ကိုစလုံးမှာဆိုရင် NTUC တွေ၊ စူပါမားကတ်တွေမှာ ဝယ်လို့ရနိူင်ပါတယ်။အောက်က ပုံမှာကြည့်ပါ။

အဲလိုလေး ရယ်ဒီဖြစ်ပြီပေါ့။



ပြီးရင် စင်းနီတုံးခပ်ကြီးကြီး သို့ လင်ပန်းပေါ် လိတ်မည့်အရွက်ကိုတင် အပေါ်မှာပြထားတဲ့ပုံထဲက cheese spread မယိုးနိစ် တို့နဲ့ သုတ်လိမ်းပါတယ်။


အပေါ်ကနေ အသီးအရွက်တွေ၊ Chicken ပေါက်ပေါက်တွေ ကို ထည့်ပြီး အသာလိတ်ပါတယ်။ မွှေးအောင် ငရုပ်ကောင်းမှုန့်လေးလဲ အပေါ်ကဖြူးပါတယ်။




အလယ်က ဓားနဲ့ ထက်ပိုင်းဖြတ်ပြီး အဲလိုလေးပွဲပြင်ပြီး စားလို့ရပါပြီရှင်။

5 comments:

  1. တီရေ.........
    လာစားတယ်သိလား
    လုပ်စားကြည့်အုံးမယ်နော်
    ကျေးဇူးသိလား

    ReplyDelete
  2. နည်းမှတ်သွားတယ် မဆွိရေ

    ReplyDelete
  3. အယ် မဆွီ အလုပ်တော့ နဲနဲရှုပ်သလားလို့ နောက် ချင်ကြားပုန်း(စင်ကာပူ) လာမှပဲ ဝယ်ကျွေးတော့နော် ဟက်

    ReplyDelete
  4. တို့ သယ်ရင်းတို့ ကတော့ မြန်မာစာလဲဖြစ် ဘိုစာလဲဖြစ်… သိပ်တော်တဲ့ အိမ်ရှင်မလေးပါ… ဒါကြောင့်လဲ ဂျုဖေဖေရော ဂျုကပါ အသဲစွဲနေတာ…ဟုတ်တယ်ဟုတ်

    ReplyDelete