Wednesday, October 14, 2009

အသစ်စက်စက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် သမတ အိုဘားမား


နိုင်ငံတကာသတင်းတပုဒ်ကို ဘာသာပြန်ပြီး သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တို့ရဲ့ ဆွေးနွေးချက်တွေကို ကျွန်တော် ပြန်ပြောပါရစေ။

လွန်ခဲ့တဲ့ ရက်သတပတ်က သတင်းလောက တခုလုံးကို တုန်လှုပ်သွားစေတဲ့ သတင်းကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဦးဆုံး လူမည်း သမတအဖြစ်နဲ့ သမိုင်းဝင်ခဲ့တဲ့ သမတ အိုဘာမား (Barak Obama) က ဒီနှစ် ၂၀၀၉ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆွတ်ခူးရှရှိသွားတယ်ဆိုတဲ့ သတင်းပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုကို သမတအဖြစ်နဲ့ လုပ်ကိုင်နေရင်း အိုဘာမားအပါအ၀င် ၃ ယောက်သာ ရဘူးပါတယ်။ ၁၉၀၆ ခုနှစ်က သီအိုဒို ရုစဗဲလ် နဲ့ ၁၉၁၉ ၀ူဒရို ၀ိလ်ဆင် တို့ ၂ ယောက်သာ ရခဲ့ဘူးပါတယ်။ သမတ ဂျင်မီကာတာကတော့ သူအနားယူပြီးမှာ ၂၀၀၂ ခုနှစ်မှာ ရခဲ့တာပါ။


သမတ အိုဘာမားကို ဘာလို့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ရလဲ ဆိုရင် အချိန်တိုလေးအတွင်းမှာ ကမ္ဘာကြီးတခုလုံးကို လှုပ်ကိုင်သွားနိုင်အောင် လုပ်မှုနဲ့ သူနိုင်ငံသားတွေကို ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ ရနိုင်မဲ့ အနာဂါတ်လမ်းကို ပေးနိုင်မှု တို့ကြောင့်ပဲလို ဆိုပါတယ်။

တကယ်တော့ သမတ အိုဘားမားဟာ သူ သမတ ဖြစ်လာချိန်လေးအတွင်းမှာ ကမ္ဘာကြီးကို နူကလီယားစစ်လက်နက်တွေ မရှိတဲ့ ကမ္ဘာကြီးဖြစ်ချင်လိုတဲ့ သူ့ရဲ့အမြင် သူ့ရဲ့လုပ်ရပ်တွေ၊ ၂၁ ရာစု ရဲ့ ခေတ်သစ် နိုင်ငံတကာ ဆက်ဆံရေး နိုင်ငံရေး ဖန်တီးမှုတွေ ကလည်း တစိတ်တပိုင်းပါပဲ။

ဒါအပြင် Globle warming အတွက် နိုင်ငံတကာပါဝင်လှုပ်ရှားမှုမှာ စူပါပါဝါ နိုင်ငံတနိုင်ငံအနေနဲ့ ပြန်လည်ဝင်ရောက်လာမှု၊ အီရတ်နိုင်ငံမှ ရှိတဲ့ အမေရိကန် စစ်တပ်တွေကို ပြန်လည်ရုတ်သိမ်းမှုတို့ကလည်း တစိတ်တပိုင်းပေါ့။ ဒါအပြင် နိုင်ငံရေး အနေနဲ့ အရေးပါတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေကို အိမ်ဖြုတော်ကို ခေါ်ဆောင်ပြီး ဆွေးနွေးစေခဲ့ပါတယ်။ တကယ်တော့ အဲဒီ ဒေသတွေမှာ ငြိမ်းချမ်းရေးတော့ မရသေးပါဘူး။ အခုလို သမတ အိုဘာမားကို နိုဘယ်ဆု ချီးမြှင့်လိုက်ခြင်းဟာ နောက်ပိုင်း သူ့အတွက် ငြိမ်းချမ်းရေးအတွက် ပိုမို လုပ်ဆောင်နိုင်ဖို့ အားပေးအားမြှောက် ပြုလုပ်လိုက်ခြင်းတခုပါပဲ။

တကယ်တော့ လည်း ဒီနည်းလမ်းက အမှန်ပဲလေ။ ပြိးခဲ့တဲ့ သမတ ဘုရှ်ကာလအတွင်းမှာ စစ်ပွဲတေ၊ွ ရန်ဆောင်မှုတေ၊ွ ပဋိပက္ခတွေ နဲ့ ရန်သူတွေ များနေတဲ့ အမေရိက ဟာ သမတ အိုဘားမား တက်လာလာခြင်း လုပ်ဆောင်လိုက်တာကတော့ အီရန်နဲ့ စကားပြောမယ် ဆိုတဲ့ ရဲတင်းတဲ့ လုပ်ရပ်တခုပါပဲ။ ကမ္ဘာမှာ တင်းမာပါတယ်ဆိုတဲ့ အီရန်တို့လို နိုင်ငံတွေတောင် မင်းတင်းရင် ငါလည်းတင်းမယ်ဆိုတဲ့ စိတ်မမွေးပဲ စားပွဲပေါ်ကနေ အဖြေရှာဖို့ သူကြိုးစာတာပါ။

အဲဒီအထဲက တခုတည်းသော နောက်ထပ် အောင်မြင်မှုဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာတွေပါ ဆက်သွယ်တဲ့ လုပ်ငန်းတွေ၊ အကျဉ်းသားတွေ ကိုတောင် လွတ်ပေးတဲ့ အခြေအနေတွေက သမတဟောင်း ကလင်တန် လုပ်တယ်ပဲ ဆိုဆို သမတ အိုဘားမားရဲ့ လမ်းညွန်ချက်ကတော့ ရှိတာပဲပေါ့။

ဒါအပြင် အမေရိကကို အမြဲရန်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံကိုလည်း သံတမန်ရေးရာကိစ္စတွေပါ ဆွေးနွေးလာတဲ့ အထိ ဖြစ်လာတာလဲ သမတအိုဘားမားရဲ့ စွဲဆောင်မှု တခုပါပဲ။

ဒါပေမဲ့လည်း သမတ အိုဘားမားမှာ လုပ်ကိုင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ သူ့အနေနဲ့ အပေါ်က ပြောတဲ့ လုပ်ငန်းတွေမှာ အောင်မြင်ပြီးလားဆိုရင် မအောင်မြင်သေးပါဘူး။ ကြိုးစားနေဆဲပါပဲ။ လှမ်းနေဆဲပါပဲ။ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံတကာဆက်ဆံရေး မူဝါဒတွေကို သိသိသာသာ ပြောင်းလဲသွားတာပါပဲ။

ဆက်လက်ပြီးတော့လည်း သမတအိုဘားမားအနေနဲ့ အာဖကန်နစ္စတန်မှာ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်ရဦးမှာပါ။ အကြမ်းဖက် သောင်းကျန်မှုတွေကိုလည်း သူဖြေရှင်းရဦးမှာပါ။ ထို့အတူပဲ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ ဒီထက်ပိုပြီး ပါဝင် လုပ်ကိုင်ဆောင်ရွက်ရဦးမှာပါ။ နိုင်ငံတကာ ဆက်ဆံရေးတွေ မှာအောင်မြင်သလို ပြည်တွင်းမှာလည်း အဆိုးဝါးဆုံး စီးပွားရေး ချွတ်ခြုံကျမှုက လွတ်မြောက်လာပြီဆိုပေမဲ့ တိုးတက် အောင်မြင်တဲ့အထိ မရှိသေးပါဘူး။ ဘတ်ဂျက်လိုငွေ ပြမှုတွေ ကို နည်းနိုင်သမျှ နည်းအောင် လုပ်ကိုင်ရဦးမယ်။ အလုပ်လက်မဲ့ ပြသနာတွေ ကင်းအောင်လဲ လုပ်ရဦးမှာပါ။

ဘာတွေပဲ ပြောပြော ကမ္ဘာသမိုင်းမှာ အမေရိကန်ရဲ့ ပထမဦးဆုံး လူမည်း သမတ အဖြစ် သမိုင်းဝင်ခဲ့တဲ့ သမတ အိုဘားမားဟာ အခုဆိုရင် တတိယမြောက် အမေရိကန် သမတ အဖြစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရရှိသွားပါပြီ။

ထိုအတူပဲ မြန်မာပြည်မှာလည်း အဆင်ပြေ ချောမွေ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာအောင် သမတ အိုဘားမား လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

မောင်ခြိမ့်

ကိုးကား
Yahoo News
The Sydney Morning Herald News
The Reuters News
Wikipedia

2 comments:

  1. yess...congratulation Mr. President. Long journey ahead...

    ReplyDelete
  2. ငြိမ်းချမ်းတဲ့နည်းကို ဦးဆောင်တတ်တဲ့သမ္မတမို့  နှစ်သက်မိပါတယ်…
    ပြီးတော့ ဘာကြောင့်မှန်း မသိဘူး… စကားမပြောဖူး အပြင်မှာတောင် မမြင်ဖူးပဲ အိုဘားမားကို အကိုကြီးတယောက်လို ရင်းနှီးမိတယ်… သမ္မတဆိုတဲ့ tension ကြီး သိပ်မထားတဲ့ ပေါ့ပေါ့ပါးပါး သူ့ စတိုင်ကြောင့် ထင်တယ်… မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင်ပါစေ အိုဘားမားရေ…

    ReplyDelete