Wednesday, October 20, 2010

လွမ်းရအောင် ...

ဟိုနေ့က ကိုကြီးကျောက်ဆီမှာ မီမီဝင်းဖေပုံလေး တွေ့လိုက်တော့ မီမီဝင်းဖေရဲ့သီချင်း အေးအေး ဆွေးဆွေးလေးတွေ ပြန်နားထောင်ချင်တာနဲ့ ယူကျူ့ကို ရောက်သွားတယ်။ ယူကျူ့မှာ ဟိုရှာ၊ ဒီရှာ ဟိုရောက် ဒီရောက်နဲ့ စိုးလွင်လွင်ရဲ့ သီချင်းလေးတွေဆီ ရောက်သွားပြန်တယ်။ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေးတွေ နားထောင်ရင်းနဲ့ ကိုယ်ရဲ့ ငယ်ဘ၀လေးကို သတိရသလိုလို၊ လွမ်းသလိုလို ဆွေးသလိုလို စိတ်ထဲ တစ်မျိုးကို ဖြစ်လို့နေတယ်။

အိမ်ကလူကိုလဲ အဲဒီ သီချင်းလေးတွေဖွင့်ပြတော့ သူကလဲကြိုက်ပုံရပါတယ်။ ပြီးတော့ ညည်းက ရီးစားဟောင်းကို သတိရလို့ ဒီသီချင်းတွေ ပြန်နားထောင်နေတာလားတဲ့ ရီကျဲကျဲမျက်နှာနဲ့ မေးတယ်။ ယောက်ျားရယ် ရည်းစားဟောင်းတွေ ဘာတွေထက် အဲဒီသီချင်းလေးတွေနားထောင်တော့ အဲဒီအချိန် အဲဒီအခါ ငယ်ငယ်က ပုံရိပ်လေးတွေကို သတိရ လွမ်းတာပါလို့ပြောတော့ သူလဲ သဘောပေါက်သွားတယ်နဲ့တူပါရဲ့။

ဒီထဲမှာ ကိုယ်နဲ့ရွယ်တူ အသက်တူ စာလာဖတ်သူတွေ အများကြီးရှိမှာပါ။ ခံစားချက်တူ၊ ဘ၀တူတွေအတွက် သီချင်းလေးတွေနဲ့ ငယ်ဘ၀ကို လွမ်းရအောင် နားထောင်ကြပါဦးနော်။

အင်းယားတဲ့။ အဆောင်သူတစ်ယောက်ဖြစ်ခဲ့ဘူးတော့ ဒီသီချင်းကို ကြားတိုင်း ညည စာကြည့်ချိန် အဆောင်ရှေ့ ဂစ်တာ တစ်လက်နဲ့ လာလာအော်တဲ့ ကျောင်းသားများ၊ အဆိုရှင်များနဲ့အတူ အဆောင်မှ ချစ်သူငယ်ချင်းများကို သတိရသွားတယ်။



ရာသီအချိန်မီ လွှတ်လိုက်မုတ်သုန် ...
လေစိုင်ဆုံရယ် အချစ်ပန်းတို့ ဖူးပွင့်ပြီမို့ ...

ပန်နော်မေရယ် နှလုံးသားထက်မယ် ...
အချစ်ဆုံး ချစ်သူမို့ ...

တော်ဝင်အမည်တွင် ပန်းတကာ့ ပန်းလို ...
လေပြေသယ်ရာ အမြဲ သင်းပျံ့လှိုင်ဖို့ ....





အချစ်နဲ့ ကျွန်တော် ...
စိတ်ကောက်နေကြတုန်းက ...
နှင်းပန်းပွင့်လေး ကျွန်တော်ပေးဖူးတယ် ...

ိစိတ်ကောက်ပြေကာ သူ့မျက်နှာ ...
ပြုံးလို့ရယ်ကာ ချစ်လိုက်တာ ...
အခင်တွယ်ရဆုံး မင်းကလေး မျက်နှာ ကဗျာ ...



ဒီမျက်လုံးရိုင်းလေးတွေကြောင့် ...
ခွဲခြားဆုံးဖြတ်နိုင်တဲ့ အသိများလည်း ....
မှားယွင်းမှုတွေ ကြုံရပေါင်းများပြီ .....


11 comments:

  1. ငယ်မူပြန်နေပြီပေါ့လေ...

    ReplyDelete
  2. ရေးထားတာ အရင်ဖတ်တယ်... သက်ပြင်းချတယ်...
    ပြီးတော့ သီချင်းနားထောင်တယ်...
    သီချင်း နားထောင်ပြီးတော့ သက်ပြင်းထပ်ချတယ်...
    ခုတလော လွမ်းစရာတွေ သိပ်များနေပါ့လား...
    ဒါပေမယ့် သူငယ်ချင်းနဲ့ အဖေါ်ရတာမို့ ရဲရဲကြီး လွမ်းသွားပါတယ်...

    ReplyDelete
  3. အိမ်ကလူတဲ့ ဘယ်သူလဲးD

    ဒီမျက်လုံးရိုင်းလေးတွေကြောင့်..♪♪♪
    အဲဒီသီချင်းတော်တော်ကြိုက်တယ်။

    ReplyDelete
  4. အင်းယား တဲ့။ ခေါင်းစဉ်ကို ခုမှ သိတယ်။ သီချင်းက ကြားဖူးဖန်များလို့ အလွတ်တောင် ရနေပြီ။ “သီဆိုနေမယ် မင်းဖို့ သီချင်းတွေ၊ တညလုံးပဲ မင်းကြီးလမ်းမပေါ်မှာလေ..” လို့ ပြောင်းဆိုသွားတာကိုလဲ နားထောင်ဖူးပါတယ်။ ချိုသင်းနေတာ မင်းကြီးလမ်းမှာလေ.. :))

    နိမိတ် သီချင်းမှာ လွယ်အိတ်အနီလေး သူဝယ်ပေးဖူးတယ်မှာ ကချင်လွယ်အိတ် အနီလေးဆို ဘယ်လောက် ကောင်းမလဲ။ အခုဟာက ပန်းရောင် ကျောပိုးအိတ်ကြီးးး (ကိုယ့်ကိုယ်ကိုတော့ ကာလာဘလိုင်းမဟုတ်ဘူးလို့ ထင်မိတာပဲ)

    တခါတလေတော့လဲ အဆိုတော်တွေ live ဆိုတာကိုပဲ ကာရာအိုကေလုပ်တာ နားထောင်ချင်မိတယ်။

    ReplyDelete
  5. တကယ်တော့ အင်းယား ဆိုတာ သီချင်းခေါင်းစဉ်အမှန်တော့ မဟုတ်သေးဘူးး။ ၁၉၈၃-၈၄ မှာ ကိုမွန်းအောင် က ၈/၈၂ အင်းလျား ဆိုပြီး သူရဲ့ ပထမဆုံး စီးရီးမှာ ဆိုခဲ့တာပါ။ အဲဒီ အခွေမထွက်ခင်မှာ အဆောင်များရဲ့ ညပိုင်းသီချင်းတီး သီဆိုတဲ့ ညတွေမှာ ကိုမွန်းအောင်က အဲဒီသီချင်းလာဆိုလေ့ရှိတယ်လို့ စီနိယာများက ပြောဖူးတယ်။ အဲဒီတုန်းက ကိုမွန်းအောင်က တံတားဖြု ကန်လမ်းထိပ်က ခရမ်းပြာမှာ နေတာပေါ့။

    အိမ်ကလူ ဆိုတာ ကျွန်တော့် ကိုပြောတာပါ။ စာရေးတဲ့ အခါမှာ ဆွိက "အိမ်ကလူ" တို့ "ဂျူဂျူ အဖေ" စသဖြင့် နာမ်စားလေးတွေ သုံးတယ်ပေါ့။ နှစ်ယောက်တည်းကျတော့ တစ်မျိုးပေါ့။ ဒါကတော့ Secret :)
    မောင်ခြိမ့်

    ReplyDelete
  6. ဟမ်.... ဦးခြိမ့်က ဘလိုင်းကြီး ကြော်ငြာဝင်သွားပါလား... ဟီးဟီး

    ReplyDelete
  7. ကြော်ငြာတဲ့လူကို သွားဖြီးပြီး ပြောင်ပြသွားတဲ့လူက ရှိသေးတယ် ...းဝ)

    အပေါ်က မချိုသင်းကလဲ ကြော်ငြာဝင်သွားတယ် ... သူနေတာက မင်းကြီးလမ်း တဲ့လေ ... ဟီးဟီး

    မချိုသင်းရေ ... သီချင်းပဲနားထောင်ပါ ... ပုံတွေကို မကြည့်ပါနဲ့လို့ ပြောဖို့မေ့သွားတယ်။သီချင်းတွေကို ဒီမှာတိုက်ရိုက်ဖွင့် ပြချင်တာ။ ယူကျူ့က တိုက်ရိုက်ဖွင့်တဲ့နည်းပဲသိလို့ ဗီစီဒီတွေပါ ပါသွားတာ။ သီချင်းလေးသာ နားထောင်စေချင်တာပါ။

    ReplyDelete
  8. ခြိမ့်-ဆွိအဘိဓါန် ရှင်းလင်းချက်

    ဦးမောင်ခြိမ့်= အိမ်ကလူ= ဂျူဂျူအဖေ့= နောက်တမျိုး (secret နာမည်)

    အခုမှပဲ ရှင်းရှင်းလင်းလင်းသိတော့တယ် ဟီး (^^)

    ကဲ ဒါဆို ဘရာကြော်ကျွေးတော့ (အမ် ဘာမှလည်းဆိုင်ဘူးနော်းD)
    (စီဘောက်မှာ အော်ထားတာတွေ့လို့၊ စားချင်သွားတာနဲ့ ရေးထည့်လိုက်တား)))

    ReplyDelete
  9. ဒီမျက်လုံးရိုင်းလေးတွေကြောင့်...စာသားကတော်တော်လှတယ်
    အသံကတော့ပျင်းရိပျင်းတွဲနဲ့
    မွန်းအောင် အင်းယားသီချင်းက လာဆိုကြတာနားထောင်ခဲ့ဖူးတယ်

    စူးနွယ်လေး

    ReplyDelete
  10. သူများလည်း လိုက်လွမ်းသွားပါတယ်.။ ဒီမျက်လုံးရိုင်းလေးတွေကြောင့် ကို သိပ်ကြိုက်ခဲ့တာ။

    (link ချိတ်ထားလိုက်တယ်။ အရင်က update လုပ်ရမှာ ပျင်းနေတာနဲ့ မချိတ်ဖြစ်တာ)

    ReplyDelete
  11. သူသူအောင်November 11, 2010 at 2:01 AM

    တီဆွီ လာဖတ်သွားတယ်
    တချိန်တုန်းကတက္ကသိုလ် အကြောင်း ဖတ်ရတာ ပြန်လွမ်းစရာပဲ

    ReplyDelete