Thursday, October 28, 2010
ပေါ့ပေါ့ပါးပါး အပိုင်းအစများ ...
ပို့စ်အသစ်လဲ တင်ဖို့မအားတာနဲ့ အရင်တင်ဖူးခဲ့တဲ့ ပို့စ်အပိုင်းအစလေးတွေ တင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးပေါ့း))
------------------------------------------------------------------------------------------------------------------------
အဒေါ်ကြီးဇာတ်လမ်း
မဆွိတီတို့ ငယ်ငယ် ၅နှစ်၊ ၆နှစ်လောက်က အိမ်ဘေးမှာ မအုန်းကြည်ဆိုတာရှိတယ်။ အိမ်ထောင်ကျပြီးကာစ အသက် ၂၅-၂၆ လောက်ရှိမှာပေါ့။ အဲဒီမအုန်းကြည်ဆို အဒေါ်ကြီး ကြီးလှပြီ မှတ်နေတာ။ ခေါ်တာကလည်း ဒေါ်မအုန်းကြည် ... ဒေါ်မအုန်းကြည် နဲ့ မှတ်မိနေတာ။ အသက် ၄၀လောက်ဆိုရင်တော့ ဘာပြောကောင်းမလဲ အဘွားကြီးတွေပေါ့။
ဟော ကိုယ်လဲ အသက် ၂၀လောက်ရောက်ရော အသက်၄၀ ဆိုတဲ့ အရွယ်က အဒေါ်ကြီးတွေ ဖြစ်ပြန်ရော။ ဘီးဆံပတ်ကြီးပတ်လို့၊ အင်္ကျီခါးတို လက်ပြတ်၊ ပါတိတ်ထမီ တပတ်နွမ်းနဲ့ ပိုသီဖတ်သီ၊ ၀၀ဖိုင့်ဖိုင့် အဒေါ်ကြီးတွေ ရပ်ကွက်ထဲမှာ တွေ့နေရတာပဲ။ ကြီးလှပြီထင်နေတာ။
ကိုယ်လဲ အသက်၄၀ လောက် အရွယ်ရောက်ရော ကိုယ့်ကိုယ်ကို အဒေါ်ကြီးလို့ တစ်ခါမှ မထင်ဘူးပေါင်။ အန်တီဆိုတာ နှုတ်ကျိုးနေရမဲ့ အရွယ်မှာ အစ်မတွေ ညီမတွေနဲ့ ပြောကောင်းတုံးရှိသေးတယ်။ ငယ်ချင်လွန်းလို့လဲမဟုတ်။ ပြောနေကျစကားတွေ၊ ခိုင်းနေကျ နာမ်စားတွေ ရုတ်တရက်ကြီးပြောင်းလို့က မရနိူင်ဘူးဖြစ်ရတယ်။
ညီမရယ် ... အစ်မကလေ ... ဆိုပြီး အောက်ထပ်က ဗမာဆိုင်က အသက် ၂၀လောက် ခလေးမလေးကို ပြောမိတော့ သူကလဲ အန်တီ ... အန်တီနဲ့ ဇွတ်ကိုပဲ တိုးတော့တာပဲ။ လက်နက်မချဘူးဆိုတဲ့သဘော။ ကိုယ်ကလဲ နှုတ်ကိုမကျိုးတော့ အလံဖြူမပြ။ ညီမ ... အစ်မနဲ့ပဲ ခက်ခဲ့ရတယ်။
နောက်ပိုင်းတော့ ကြိုးစားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဒေါ်ကြီးလို သဘောထား။ အန်တီကလေ ... အန်တီကလေ ... လို့ ပြောနိူင်ဘို့အရေး။ ။
-----------------------------------------------------------------------------------------------------------------
တိုတက်သွားသော ဆံစများအကြောင်း
ကိုယ့်ရှေ့ဆံပင်က ဘေးတို့ အလည်တို့ ခွဲရင် ကိုယ်နဲ့မလိုက်လို့ဆိုပြီး ငယ်ငယ်ကထည်းက နဖူးပေါ်အုပ်ပြီး အဖြောင့်ထားတယ်။ သမီးကျတော့လဲအတူတူပဲ။ အဲဒီတော့ သားအမိ၂ယောက်လုံး အဲရှေ့ဆံပင်တွေ ရှည်လာရင် မျက်စိထဲကို ဖုံးတော့တာပဲ ။ ဒီတော့ရှေ့ဆံပင်ရှည်လာရင် ကတ်ကြေးအကျဲလေး တစ်ချောင်းဝယ်ထားပြီး ကိုယ့်ဟာကိုယ်ပဲ ညှပ်လိုက်တာပဲ။ ဆိုင်မှာတော့ သွားညှပ်မနေတော့ဘူးပေါ့။ နောက်မှို့ တစ်လတစ်ခါလောက် ဆိုင်သွားနေရမှာကိုး။
ကိုယ်ကဆံပင်ညှပ်သမားမှ မဟုတ်တော့ တစ်ခါတစ်လေလဲ အဆင်ပြေတဲ့အခါရှိတယ်။ တစ်ခါတစ်လေလဲ ညှပ်ရင်းတိုသွားတာရှိတယ်။ မညီတာရှိတယ်။ မျိုးစုံပဲ။ ဟိုအရင်တစ်ခါက သမီးဆံပင်ကို ညှပ်လိုက်တာ အတော်တိုသွားတယ်။ သမီးက ခလေးဆိုတော့ အတိုလေးနဲ့ ရယ်စရာ ငုံးစိစိလေးဖြစ်နေပေမဲ့ ချစ်စရာလေးလို့ ထင်နေတယ်။ ကိုယ်က ညှပ်သူကိုး။ သူ့အဖေနဲ့ ကြီးတော်ကတော့ ကိုယ့်ကို မကျေနပ်ကြဘူး။ သူတို့သမီး၊ သူတို့တူမ ကိုယ်လုပ်လို့ ရှေ့ဆံပင်ကြီးပြောင်စပ်စပ်နဲ့ ရုပ်ဆိုးလိုက်တာဆို ဆိုကြ ပြောကြတယ်။ ကိုယ့်မျက်စိထဲတော့ သမီးကို အဲလောက်ရုပ်ဆိုးတယ် မထင်ပေါင်။
ပြီးခဲ့တဲ့ အပတ်ကတော့ သမီးမွေးနေ့ ဗီဒီယိုထဲမယ် ကိုယ့်ရှေ့ဆံပင်တွေက မသပ်မရပ်နဲ့ မျက်စိထဲ ဝင်လုမှို့ ကိုယ့်ဆံပင်ကိုယ်ညှပ်လိုက် တာ နဲနဲအရှိန်လွန်သွားတယ်။ တော်တော်တိုသွားတယ်ပေါ့လေ။ မှန်ကြည့်လိုက်တိုင်း ရှေ့ဆံပင်က တိုတို ပြောင်စပ်စပ်နဲ့ ဖြစ်နေတာ ကြည့်ပြီး စိတ်ပျက်လိုက်တဲ့ဖြစ်ချင်း။
အဲလိုရှေ့ဆံပင်ရှည်လာရင် ဘယ်လိုဖြေရှင်းကြသတုံး။ ကိုယ့်ဟာကိုယ်ပဲ ညှပ်ကြသလား။ အဲလို တိုသွားတာမျိုးရောဖြစ်ဘူးကြပါသလား။
ဤပုံကို အင်တာနက်မှ ရှာထားပါသည်။
ဒါကတော့ မဂျူဂျူးငယ်ငယ်ကပုံ။(ထပ်ဖြည့်ထားခြင်းဖြစ်ပါသည်။ လက်ရာကို ခန့်မှန်းလို့ရအောင်း))
32 comments:
  1. အမရေ အဲဒီ့ ဗမာဆိုင်ကို မသွားနဲ.တော့ ၊ ဆန္ဒပြပေါ့ ၊ ကျွန်တော်လည်း တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် အိမ်နားကဈေးကိုသွားတယ် ၊ အသီး အရွက်ရောင်းတဲ့ အိန္ဒိယအမျိုးသမီးတစ်ယောက်က ကိုယ်နဲ. အသက်ရွယ်တူလောက် ရှိမယ် ၊ ကျွန်တော့်ကို အန်ကယ်တဲ့ဗျာ ၊ အသက်က ၄၀ ကျော် ဆံပင်ကလည်း တော်တော်ဖြူနေပြီဆိုတော့ သူတို. ခေါ်တာတော့ မလွန်ဖူးဗျို. ၊
    အမလို.ခေါ်တာ ယဉ်ကျေးမူအရခေါ်တာပါ ၊ ငယ်ချင်လို.မဟုတ်ရပါ၊
    အသက်ကြီးသောအမများ နုပျိုပါစေဗျာ
    မှတ်ချက်။ အသက် ၄၀ ကျော်သည် အသက် ၄၉ နှစ်အထိ အကျုံးဝင်ပါသည်။
    ခင်တဲ့
    Z
    ReplyDelete
  2. တိုက်ဆိုင်လိုက်တာ မဆွိတီရယ် ( အန်တီ လို့ အခေါ်ခံရတာကိုရော၊ ကိုယ့်ကိုယ်ကို အစ်မလို့ နှုတ်ကျိုးနေမိတာကိုရော၊ ဆံပင် ဘေးခွဲတတ်တာရော)...တို့လဲအဲလို ရှေ့ဆံပင် ငုံးစိတိုစိလေး ဖြစ်ဖူးတယ်။ အနေတော် အရှည် ရောက်တဲ့အချိန်အထိ ဘီးကုပ်နဲ့ လှန်တင်ထားလိုက်တယ်။ နောက်ဆို ပွဲလမ်းသဘင်တွေရှိရင် ရက်နားနီးမှ ရှေ့ဆံပင် မညှပ်ဖူး။ များသောအားဖြင့် ဆံပင်အသစ်က လူကို ပြောင်စပ်စပ် ဖြစ်စေလို့လေ...
    ReplyDelete
  3. အဒေါ်ကြီးတို့ အန်တီတို့ ဇာတ်လမ်းကိုတော့ မေ့ထားလိုက်ပါလေ... မဆွေးနွေးချင်ပါဘူး... အဟိ
    ဆံပင်ညှပ်တဲ့ ကိစ္စပဲ ပြောတော့မယ်...
    သူငယ်ချင်းလိုပဲ… ကိုယ်လဲ ရှေ့က ဆံပင်ကို ကိုယ့်ဟာကိုယ်ပဲ ညှပ်တယ်…
    နှစ်ပတ် တခါလောက်ပေါ့… တိုသွားရင် စပ်ဖြဲဖြဲ ဖြစ်တတ်လွန်းလို့ သတိထားပြီး ညှပ်တယ်… တခါမှ တိတိကြီး မညှပ်လို့ ညီတာ မညီတာတွေ မရှိဘူး…။ ဆိုင်တွေမှာ ညှပ်ပေးသလို ကပ်ကြေးကို ဒေါင်လိုက်ထားပြီး ညှပ်တယ်… စမ်းကြည့်ပါ… အဆင်မပြေရင် အိမ်လာခဲ့ပါ… ညှပ်ပေးမယ်…
    (ဆိုင်မှာလို ပိုက်ပိုက် မယူပါဘူး… မေတ္တာနဲ့ ညှပ်ပေးမှာပါ…)
    ReplyDelete
  4. အဒေါ်ကြီးဇာတ်လမ်းကိုတော့ သဘောကျသွားပြီ....။ ဒါပေမယ့် ဟုတ်တယ်....မသိချင်ယောင်ဆောင်ပြီး လက်နက်မချပဲနေရမယ်။ :D
    ရှေ့ကဆံပင်ကိုတော့ ဆိုင်မှာသွားညှပ်ဖြစ်တာပဲများတယ်။ တစ်ခါတစ်လေလည်းကိုယ့်ဟာကိုညှပ်ဖူးတယ်။ တိုနံ့နံ့ဖြစ်သွားတာလည်းကြုံဘူးတယ်။ အဲလိုကြုံခဲ့တုန်းက မှန်ကြည့်တိုင်းငိုချင်စိတ်ကိုပေါက်တော့တာ.....ဟီးဟီး
    ReplyDelete
  5. တီဆွိ ရီရတယ်... ပုံထဲက အမျိုးသမီးပုံလဲ အတော်ရီရတယ်... ဘာ keyword နဲ့ ရှာထားတာလဲ ပြောပြပါဦးလား... ဒီလိုပုံမျိုးတွေ ရှိရင် ကြည့်ပြီး ရီချင်သေးလို့... ဟိ :)
    ဆံပင်နဲ့ပက်သက်ရင်တော့ ကိုယ်ချင်းစာလို့ရတယ် တီဆွိရေ....
    ပူးတေက ဆံပင်နဲ့ပက်သက်ရင် အရမ်း sensitive ဖြစ်တာ။ အစ်မဝမ်းကွဲ တယောက်နဲ့ ငြင်းခုန်ခဲ့ဖူးသေးတယ်။ သူပြောတာက သူအရမ်းကြိုက်တဲ့ ပိတ်စတခုကို စက်ချုပ်ဆိုင်က လုပ်လိုက်လို့ သူပြောတဲ့ ပုံစံအတိုင်းမရရင် အရမ်း စိတ်ဆိုးတယ်တဲ့။ ဒါကြောင့် ချုပ်ခ ဘယ်လောက်ပေးရ ပေးရ ပြောတဲ့ အတိုင်းရတဲ့ ဆိုင်ပဲ ချုပ်တယ်တဲ့။ ပူးတေကတော့ အင်္ကျီအဝတ်စားက မကြိုက်ရင် ချောင်ထိုးထားလိုက်လို့ရတယ်။ လူမမြင်အောင် သိမ်းထားလို့ရတယ်လို့။ ဆံပင်က ပုံစံမကြိုက်ရင် ခေါင်းပေါ်က ဖြုတ်သိမ်းထားလို့လဲမရဘူး.... ခေါင်းဖြတ်ထားမှပဲရမယ်လို့။ လူတယောက်ကို အရင်ဆုံးစကြည့်ရင် မျက်နှာနဲ့ ခေါင်းကို စကြည့်တယ်ထင်တာပဲ။ ဆံပင်ပုံစံက ပုံမကျဖြစ်နေရင် မျက်နှာကလဲ ပြောင်စပ်စပ်ဖြစ်နေရောလေ...
    ဒါကြောင့်မို့လားမသိဘူး... ဒီဆံပင်နဲ့ပက်သက်ရင် အမြဲပဲ စိတ်တိုင်းမကျ ဖြစ်ရသေးတယ်... ရန်ကုန်မှာ ဆံပင်ဖြောင့်တာတွေ စပေါ်ခါစတုန်းက ဘယ်ရမလဲ ပူးတေလဲ သွားဖြောင့်တာပေါ့။ ဆိုင်နာမယ်တော့ ပြောတော့ပါဘူး... သူတို့ချင်း စကားတွေ ပြောနေကြတာ။ ပူးတေကို ဆေးတွေ ထည့်ထားပြီး အကြားကြီးထားထားတယ်။ သူတို့ဖြောင့်ပေးလိုက်တော့ အကောင်းသား။ အိမ်ပြန်ရောက်တာနဲ့ မိုးချုပ်နေလို့ ညအိပ်လိုက်ရတာ... နိုးလာတော့ ကိုယ့်ကိုယ်တောင်လန့်သွားတယ်... ခေါင်းပေါ်မှာ တိုက်ကြီးတံမြက်စည်း ဖားဖားကြီး တင်ထားတဲ့ အတိုင်းပဲ ... ငိုလိုက်ရတာ.... အိမ်ကလူတွေက ဝိုင်းရီ... ပူးတေက ငိုနဲ့။ ချက်ချင်း မျက်နှာသစ်ပြီး ဆံပင်ဆိုင် အိမ်ကိုလိုက်ပို့ခိုင်းတာ။ ကူပြောပေးဖို့ အဒေါ်ကိုလဲ စစ်ကူခေါ်လာသေးတယ်... ဆိုင်ရောက်တာနဲ့ ချုံးပွဲချငိုတော့ သူတို့ကပဲ မကျေနပ်ဖြစ်သေးတယ်လေ... နောက်ဆုံးတော့ အဲဒီဆိုင်ကို စိတ်ပျက်လို့ မသွားတော့ပဲ အဲဒီတုန်းက ရန်ကုန်မှာ စဖွင့်တဲ့ ကျော်ကင်းမ် ကိုရီးယားဆိုင်သွားပြီး အိုပါး(ကိုရီးယားလိုခေါ်တာ အစ်ကိုထင်တယ်) နဲ့တွေ့မှပဲ သူ့ဆီမှာ ၃ ခါလောက်ပေါင်းတင်လိုက်မှ ဆေးလောင်ထားတဲ့ ဆံပင်တွေ ပြန်ကောင်းသွားတော့တယ်....
    တီဆွိ ဂျူဂျူပုံလေးနဲ့ ဘန်နာလေး လှတယ်... အိုင်ဒီယာလေးကောင်းတယ်...
    ReplyDelete
  6. အရှေ့ ကဆံပင်အရှည်မို့ မညပ်ဖူးပါ ။အနောက်ကလည်းအရှည်ပါပဲ ဆိုင်မှာပဲညှပ်တယ် ၆ လတစ်ခါ အဖျားတိတာကိုးခွိ။
    ReplyDelete
  7. ရှေ့ဆံပင်ကိုယ့်ဘာသာညှပ်ရင် သတိထားပြီး မျက်ခုံးပင့်မထားဘူး... မဟုတ်ရင် မျက်ခုံးနည်းနည်းကျော်ဆို ညှပ်ထည့်လိုက်တာ ပင့်ထားတဲ့ မျက်ခုံး ပြန်ချတော့ တိုသွားလို့ ..
    ရှေ့ဆံပင်တိုတာတော့ ငယ်ငယ်က အစ်မတွေ လက်တည့်စမ်းခံရလို့၊ ကြီးတော့ ကိုယ့်ဘာသာ လက်တည့်စမ်းလို့ တိုရတာ ခဏခဏပဲ..၊ ဆံပင်တိုသွားတိုင်း
    (၂) ပတ်ကြာရင် ပြန်ရှည်လာမှာ .. မကြာဘူး ဆိုပြီး ကိုယ့်ဘာသာ အားပေးတယ်။
    ReplyDelete
  8. ရယ်ရတယ် မဆွိရေးတာ...
    ဆံပင်ကတော့ညှပ်ဖြစ်ရင် ဘေးရောရှေ့ရော တိုတိုကပ်ကပ်ညှပ်တာမို့ ရှေ့ဆံပင်ပြဿနာမရှိဘူး...ရှည်လာရင် ဘေး (သို့) ရှေ့ခွဲ ဖြေးဖြေးခွဲယူတယ်...ထားချင်စိတ်ရှိသလောက် ပုံမပြောင်းပဲ ဆက်ထားတယ်...ရှေ့လည်းမတိဘူး..နောက်လည်းမတိဘူး....နဂိုအတိုညှပ်ထားတဲ့ ပုံအတိုင်းအရှည်ဆက်ထားတာလေ... ထားချင်စိတ်ရှိသလောက် ဆက်ထားတာပဲ...စိတ်မရှိမှ ဆိုင်သွား တခါတိုတိုလေးပြန်ညှပ်တယ်...ဒီတခါ ကြာကြာထားဖြစ်တယ် ကျောလယ်ရောက်တော့မယ်...အခုစိတ်မရှိတော့ပြန်ဘူး ဆိုင်သွားရကာနီးပြီ...ဆိုင်သွားပြီး ပြတဲ့ပုံအတိုင်းမဖြစ်ရင် သိပ်စိတ်တိုတယ်...ဒါကြောင့်ဆိုင်နဲ့လူကိုမှတ်ထားတယ်..ဒါတောင်လူတ ယောက်တည်းပေမယ့် တခါတခါလက်ရာလွဲသေးတယ်
    နောက်ပြဿနာကတော့ ယောက်ျားကို ဆံပင်ကိုယ်တိုင် ညှပ်ပေးတဲ့အခါ လက်မလွန်သွားဖို့သတိထားရတာပါ...ကိုယ်ကလည်းတခါမှဆံပင်ညှပ်သင်တန်းတက်ခဲ့ဖူးတာမဟုတ်ဘူးဆိုတော့မှန်းပြီးချနေတာ...ဒါပေမယ့်သူက ဆံပင်ပဲ ပြန်ရှည်လာမှာပဲလို့ပြောတတ်တယ်... ကြေးမများလို့တော်သေးတာပေါ့.....ဒါတောင်တခါတခါသိပ်တိုသွားလို့သတိထားရတယ်.. ပြီးခဲ့တဲ့ တခေါက်ကတော့ တော်တော်စိတ်တိုင်းကျတယ်:)လက်တက်လာပြီ...:)
    စူးနွယ်လေး
    ReplyDelete
  9. အဲဒါ ခက်တာပဲ တီတီရာ။
    ကျနော်ကိုတောင်မှ အသက် ၂၀ ကျော်လေးတွေက ဦးလေးတဲ့။
    ဒါကြောင့် သူတို့နဲ့ ဝေးရာမှာပဲ နေပါတယ်ဗျာ။ ကိုယ်ကတော့ သင့်တော်သလို ခေါ်ပါတယ်။ အဆင်ပြေအောင်ပေါ့။
    ဆံပင်ကတော့ ကျနော် ညှပ်ပေးလိုက်လို့ ဂတုံးထက် ပိုဆိုးသွားတဲ့ လူတော့ မရှိဖူးပါဘူး။ စိတ်တိုင်းကျမယ် ထင်ရင် လာညှပ်ပေးပါ့မယ်။ လွန်လှမှ ဆိုင်ကယ်ဦးထုပ် ဆောင်းထားယုံပေါ့ နော့။
    ReplyDelete
  10. တီတီဆွီ ရေ
    အန်တီ တွေ အဒေါ်ကြီးတွေ က ရွှေစင်ဦး တို့နဲ့ မဆိုင် ဒီက အလေးလေး ရှိသေးတော့ ပြန်ပြီဗျို့
    ခင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  11. ဖတ်ပြီး ရယ်လိုက်ရတာ၊ မဆွိရေးထားတာလေး အရမ်းသဘောကျလို့ပါး))
    ငယ်ငယ်က အတန်းထဲမှာ အတန်းတူဆို ကိုယ့်ထက် လေး ငါး ဆယ်လ တစ်နှစ်လောက် ကြီးလည်း နင်နဲ့ငါနဲ့ ပြောပြီ သူငယ်ချင်းပေါင်း ပေါင်းလိုက်တာပဲ။
    အခု အသက်သုံးဆယ်ကျော်လာတော့ အတန်းတူတွေထဲမှာ တစ်နှစ်မပြောနဲ့ တစ်လ နှစ်လလောက်၊ တခါတလေ ရက်ပိုင်းလောက် ငယ်တဲ့သူက ကိုယ့်ကို “အစ်မကြီး”လို့ တရိုတသေ အဆက်အဆံခံရတဲ့အခါ၊ “အဟင်း ညီမငေးရေ”လို့ ပြန်ထူးရင်း ကိုယ့်ဘာသာရယ်မိတယ်..။ ဒီထက်အရွယ်တွေ ပိုရလေ “အသက်တစ်နေ့တစ်ရက်တမနက်ကြီးသူတွေကို ရိုသေတတ်လေ” ဖြစ်လာတော့မှာ (ကိုယ်ကအစ)ဆိုပြီးပါ။းDDD
    ဆံပင်ညှပ်တာ တိုသွားတဲ့အခါ ကလစ်တွေနဲ့ဖိ၊ ဘီးကုတ်တွေကုတ်ပြီး အပြင်ထွက်နော်..။ အဲဒါမျိုး လုပ်နေကြ..
    ReplyDelete
  12. ဆွိရေ ဟားဟား ရယ်ရသတော့၊ ကိုယ်က အစောကြီးထဲက အန်တီ ဖြစ်တာ၊ အမျိုးသားရဲ့ တူမချော ဒီမှာ ကျောင်းလာတက်တော့ အမျိုးသားကို ဦး၊ ဆိုတော့ ကိုယ်က အော်တိုမက်တစ် အန်တီ ဖြစ်ကရော။ ရှေ့ဆံပင် တိုဖူးတာပေါ့၊ ကိုယ်တယောက်ထဲ ပြောင်စပ်စပ်လို့ ထင်နေတာ၊ ခုတော့ တိုသွားသူတိုင်း ပြောင်စပ်ကြသည်ကိုး.....:P
    ReplyDelete
  13. အရင်ကတော့ ကျနော်တို့က သူများတွေကို အကို အကိုကြီး ခေါ်နေကြ ကိုယ်ပြန်ခေါ်ခံရတော့ စိတ်မသက်မသာ ဖြစ်လိုက်တာ။ ခုတော့လည်း နားရည်ဝနေပါပြီလေ။
    ဒီခေတ်က ဆံပင်ဘယ်လိုညှပ်ညှပ် ဘယ်လောက်ပျက်ပျက် ဘာမှမဖြစ်ဘူး။
    သူများမညှပ်သေးတဲ့ ပုံစံအသစ်ပဲ ထင်တတ်ကြတာကိုးး။
    ReplyDelete
  14. လာလည်ပြီး စိတ်ရှည်လက်ရှည်နဲ့ မန့်သွားကြသူများအားလုံး ရှဲရှဲ့နီနော်း))
    ပူးတေရေ ပုံလေးက Google image search နဲ့ပဲ ရှာတာပါ။ အဲလို ရှေ့ချတဲ့ ဆံပင်ပုံကို fringe လို့ခေါ်ပါတယ်။
    ပူးတေလို အဖြစ်မျိုးတစ်ခါဖြစ်ဖူးတယ်။ ဆံပင်အကြေကောက်တုံးက။ ကောက်ပေးတဲ့သူက နာရီဝက်ဆို မေ့နေတာ ၁နာရီဖြစ်သွားတာ။ ဖြေလဲဖြေလိုက်ရော စုန်းကားထဲက စုန်းမကြီးအတိုင်းပဲ။ ဆံပင်က ဖြီးလေ ပွလေပဲ။ ငိုတော့ငိုပါဘူး။ နောက်ဆေးသုံးပြီး ပြန်လုပ်ပေးတယ်။
    အန်တီသက်ဝေ တကယ်ညှပ်ခိုင်းမှာနော်။ ပြီးတော့ ညှပ်နည်းမှတ်ထားမယ်။
    ဟိုက် စူးစူးတို့ သတ္တိကောင်းချက်။ ဆံပင်ညှပ်သင်တန်းမတက်ပဲ ယောက်ျားကို ညှပ်ပေးတာ ... အစ်မတော့ မညှပ်ရဲပေါင်။ တော်နေ အိမ်ကလူက သူ့ရှေ့က ဘဲမြီးလေး ပြုတ်သွားလို့ ရန်လုပ်ခံနေရမယ်။
    အဒေါ်ကြီး အင်ကြင်းသန့်အား အဒေါ်ကြီးမှန်း သိသွားပါကြောင်း ....း))
    ကိုဇက်နဲ့ ကိုဇော် (ဟမ် ... ဇ တွေချည်းပါလား) ... စိတ်လျော့ထားကြပါဗျ။ အဲဒါ စိတ်ချမ်းသာတယ်။
    လသာညနဲ့ ရွှေစင်ဦးကတော့ အစ်မကြီး ညီမလေးအရွယ်သာ ရှိသေးပါကြောင်း သိသိသာသာ ... မသိမသာ ကြော်ငြာဝင်သွားပါတယ် ခင်ညားး))
    အကြည်ရေ တို့လဲ အသက် အစိတ်လောက်ကတည်းက အန်တီဖြစ်တာ။ ဒါပေမဲ့ တူမလေးက တစ်နှစ် သမီးလေးလေ အန်တီခေါ်တာ ကြားရတာ ချစ်စရာလေး။ ခုတော့ အသက် ၂၀ အစိတ်တွေကပါ အန်တီဆိုတော့ လေ ...
    ကိုမြစ်လဲ စိတ်လျှော့ပါဂျာ ... "အကိုကြီး " ပဲ ရှိသေးတာကို ... များတို့ အဒေါ်ကြီးတွေ ဘ၀ကို လဲ တစ်ချက်လောက် ငဲ့ကြည့်ပါဦး ... (နောက်တာနော်း))
    ReplyDelete
  15. အော..အဲဒါနဲ့..စိတ်နာနာ နဲ့..ဘလော့ဂ် နာမည်ကို..တီတီဆွိ လုပ်ပြစ်လိုက်ရှာ တယ် ထင်ပါ့..း)
    အန်တီ..သမီးလည်း ရှေ့ဆံပင် ကိုယ့်ဖာကိုယ်ပဲ ညှပ်တယ်။ အန်တီ သက်ဝေ လို..အတိလေး ချထားတား))
    ReplyDelete
  16. ဒီလိုတိုတိုက တမင်တောင် ညှပ်ယူကြတာ။ ဆံပင်ကို မျက်ခုံးမွှေးအောက်လောက်ကနေ မှန်းညှပ်တယ် ဒါမှ အတော်ပဲ။
    အလုပ်သင်တုန်းကပါ။ ကလေး၉ယောက်မြောက်မွေးမယ့် ၄၆ နှစ်က သူငယ်ချင်းကို ပြောနေတာ သာမီးကို ကယ်ပါ အန်တီဒေါက်တာတဲ့။ အဲ့သူငယ်ချင်းက အတန်းထဲမှာ အသက်အငယ်ဆုံး။
    သူကလည်း အေးပါသမီးရယ် အန်တီစမ်းပါအုန်းမယ်နဲ့ မွေးခန်းထဲ ရီလိုက်ရတာ။
    ReplyDelete
  17. "အော..အဲဒါနဲ့..စိတ်နာနာ နဲ့..ဘလော့ဂ် နာမည်ကို..တီတီဆွိ လုပ်ပြစ်လိုက်ရှာ တယ် ထင်ပါ့..း)"
    မကေတို့များ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်တယ်ဆိုတာလိုပဲ ... အပေါ်က ဘလော့နာမည်ကလဲ http://auntysweet.blogspot.com ပါတဲ့ဗျား။ စိတ်ကြီးတယ်။
    ReplyDelete
  18. အန်တီခေါ်တဲ့ ကိစ္စတခု ပြောပြရအုံးမယ်။ ပွဲတပွဲမှာ ချိုသင်း သူငယ်ချင်း ညီမလေးက ချိုသင်းကို အန်တီ တဲ့၊ ဟယ်..သမီးအမကမှ တို့နဲ့ ရွယ်တူ၊ တူမဆိုလဲ ဟုတ်သေး၊ အသက် ဘယ်နှစ်နှစ်ကွာလို့တုန်း ဆိုတော့ သမီးတို့ ညီအမက ၉ နှစ်ကွာတယ် အန်တီ တဲ့။ ၉ နှစ်တောင် ကွာတယ်ဆိုတော့ အတော်လန့်သွားပြီး အေး၊ ဒါဆိုလဲ အန်တီလို့သာ ခေါ်ပါအေ လုပ်လိုက်ရတယ်။ ဘေးကလူတွေက ဆော်ကြတော့မယ် ထင်ပြီး ကြိတ် နားထောင်နေတာ ချိုသင်း အလံဖြူပြတာ မြန်လွန်းလို့ တဲ့။ ဟုတ်ပါ့၊ တချို့တလေကျတော့လဲ ၁ နှစ်၊ ၂နှစ်လောက် ကြီးရင်ပဲ အန်တီ ခေါ်ချင်နေကြတာ ၉နှစ် တောင် ကြီးတာဆိုတော့ ခေါ်ပါစေတော့ လို့ စိတ်လျှော့ရတာပဲ မဆွိရေ..
    (သူ့အမတော့ မမ လို့ ခေါ်တာ မဆွိရဲ့၊ အဲဒါ ဥပဓိနဲ့ ဆိုင်တယ် ထင်တယ်။ ဒါက စကားချပ်။) :(
    ReplyDelete
  19. ရှေ့ဆံပင်ကို ညှပ်မယ်ဆိုရင်လဲ မျက်စိ မှိတ်ထား၊ မအယ် ပြောသလို မျက်တောင်မွှေးလောက်ထိမှာ မှန်း ညှပ်ရင် ရေခြောက်လို့ သူ့ဖာသာသူ တို သွားတာနဲ့ မျက်ခုံးပေါ်မှာ ၀ဲနေတော့ အတော်လောက်ပဲ မမရဲ့။
    ပုံထဲကလို တို ဖူးပါတယ်။ အဲဒီအခါ နဖူးပေါ်မှာ ဆံပင်လေးတွေ အကုန် မဟုတ်ဘဲ ဟိုတစ ဒီတစ ဆွဲတင်ပြီး ကလစ်ပိကျိ လှလှလေးတွေ တပ်ထားလိုက်တာပါပဲ။ ဒါမျိုး experience အတော်များနေပြီ။ :))
    ReplyDelete
  20. အမ...ဟားဟား...လာအော်ရီသွားတယ်။
    ကျနော်က ဆယ်တန်းလောက်ထဲက အန်တီဖြစ်နေတာ.. အမရ။
    မြတ်နိုး
    ReplyDelete
  21. ဟီး..အန်တီဆိုပီး လျှော့ပေးတယ်ထင်နဲ့.. တူနဲ့ပြိုင်စိတ်ကောက်တာလို့..
    နောက်ဆက်တွဲ လာပြောတာ။
    ဟီးး
    မြတ်နိုး
    ReplyDelete
  22. ဝေး တို့များဆံပင်က တခါမှ အဲ့လို မဖြစ်ဖူးဘူး ဝေ့
    (ဒီက ဆံပင်က ချလို့မှ မရတာ...)
    အန်တီတို့ အမတို့ ကော်မန့်ထဲ ပါသွားမစိုးလို့
    တို့များ တွေကော၊ ဒီက တွေကော၊
    သုံးလိုက်ရတာ ဖတ်ဖတ်မော... ရင်ဘတ်နောက်က ကျေား)
    ReplyDelete
  23. ကပ်ကြေးမှာ ဘီးတစ်ဖက် ဓားတစ်ဖက်ပါတဲ့ ကပ်ကြေးမျိုး နဲ့ အရှေ့ ဆံပင်ကိုညှပ်ရင်အကောင်းဆုံးဘဲ ။ သူ့ ကိုဆံပင်အရမ်းထူလို့ ပါးတဲ့ အခါမှာလဲသုံးကြတယ်။ ကျွန်တော်တော့အဲ့ ဒိလိုကပ်ကြေးမျိုးနဲ့ အရှေ့ ဆံပင်ကိုညှပ်တယ်။
    ReplyDelete
  24. မဆွိ‌ရေ...ဖတ်ပြီး‌တော့ရယ်လိုက်ရတာအူနာတယ်...အဲဒီအန်တြီပသာနာ
    ကျမကြုံရတာကပိုဆိုးတယ်ဗျာ...ရန်ကုန်မှာတုန်းက‌ပေါ့..ည‌နေလမ်း‌လျှောက်ရင်းမိုးပျံပူ‌ဖေါင်း‌လေး‌တွေ‌ရောင်း‌နေတာ‌တွေ့‌တော့သမီးကပူဆာတယ်‌လေ..အဲဒါဝယ်မလို့လုပ်‌တော့‌ရောင်းတဲ့သူကဘာအ‌ရောင်ယူမလဲအန်တီတဲ့..သြူ့ကည့်‌တြော့ဖင့် ၄၀ ‌ကျော်၅၀နီးပါး...စိတ်တိုတိုနဲ့ဦး‌လေးကြီးအနီ‌ရောင်‌ပေးလို့‌ပြောလိုက်တယ်၊သူကဖြင့်သတိထားမိပုံ‌တောင်မ‌ပေါ်ပါဘူး..ကိုယ့်ဘာသာ
    အနာ‌ပေါ်တုတ်ကျသွားတာ...ဟိ....။
    ReplyDelete
  25. အဲ..‌ရှေ့ ဆံပင်ညှပ်နည်းအကြံ‌ပေးမလို့...အ‌ပေါ်ကဟုမ်းဆွိဟုမ်း‌ပြောသလိုအသွားမှာဘီးတဖက်၊ရိုးရိုးအသွားတဖက်ပါတဲ့ကတ်‌ကြေးနဲ့ညှပ်ရင်အရမ်းတိုသွားတာမျိုးမဖြစ်‌တော့ဘူး..။‌နောက်ဘက်ကိုလဲအဲဒါနဲ့ညှပ်ရင်အထပ်က‌လေး‌တွေရတယ်...ကိုယ်ကအိမ်
    မှာသမီးနဲ့သူ့အ‌ဖေကို‌ခေါင်းပြုံဖတ်‌နေကျ‌လေ..တတ်လို့‌တော့မဟုတ်ဘူး၊
    ဆံပင်ညှပ်ခ‌တွေ‌ဈေးကြီးလို့....။းP
    ReplyDelete
  26. အပေါ်က ညီမတို့ ... အစ်မမှာ အဲ့ကပ်ကြေးရှိတယ်။ ပို့စ်ထဲမှာ ကပ်ကြေးအကျဲလေးဆိုတာ အဲဒါကို ပြောတာပါ။ ပထမတော့ ရိုးရိုးကပ်ကြေးနဲ့ အရင် တိုအောင်ညှပ်၊ ပြီးမှ ကတ်ကြေးအကျဲလေးနဲ့ အလည်လောက်ကနေညှပ်ချတာ။ ဒါကို လက်က လွန်လွန်သွားတာပါဗျား။
    ReplyDelete
  27. ကိုယ်က ခု အပျိုဂျီး စာရင်း ဝင်နေဘီလေ နောက် ၂ နှစ် ၃ နှစ်ဆို အန်တီအရွယ် ဖြစ်တော့မယ် ဘာလို့လဲ ဆိုတော့ များ သူငယ်ချင်းတွေက ကလေး တွေ ဘာတွေရ ပြီး ကြီးကုန်ကြပြီလေ ဟက်ဟက်
    ဆံပင်လား ဒီမှာ များကို အန်တီပဲ ညှပ်ပေးနေကျ ဆိုင်မသွားဘူးရယ် အိုးမုန့်ခွက်ကေလဲ ဖြစ်တယ်လေ ဒါပေမယ့် ဒီနိုင်ငံမှာက ဘာမှမဖြစ်ပါဘူး ညှပ်ချင်သလို ညှပ်တာကိုးးး ခစ်ခစ်
    ဒါနဲ့ များ အသက် ၂၁ နော် သိပ်ပြီး ကြီးနေဘီ ထင်မှာစိုးလို့ ဟိဟိ ဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ReplyDelete
  28. မဆွိ ကျမ လုပ်သလို ကတ်ကြေး အကြဲလေးနဲ့  ဘဲ ညှပ်လိုက် ပြီးမှ ရိုးရိုး ကတ်ကြေးနဲ့ တိလိုက် ရင် အတိုသက်သာ မယ်
    ကျမမှာ ကျမထက် အသက်၁၃နစ် ကြီးတဲ့ တူတွေ တူမတွေ ရှိတယ် အဟီး
    တူအရင်းကတော့ အသက်၁၃နစ်မှာ ရတော့ တူလေးနဲ့ ဆော့တာပေါ့။ ငယ်ငယ်ကတဲက အန်တီဘဲ ကိုယ့်ဖာသာ ကို နုတ်ကျိုးနေတယ် အကိုနဲ့ အသက်က ၁၃နစ် ကွာတယ်လေ။
    ကိုဇက်တို့ က အန်ကယ်လို့ ခေါ်ခံရတာ များ ပြန်ပြောလိုက်ပေါ့ သမီးရဲ့ ဦးလို့ 
    ReplyDelete
  29. ခုတော့ အဘ လို့အခေါ်ခံရတာ used to ဖြစ်နေပါပြီ..
    စိတ်လျော့..မယ်ဆွိရေ...စိတ်လျော့..
    ReplyDelete
  30. Me too !
    I trim by myself since studentship and did not happen big issue.
    But, last few months ago I trimmed a lot one of back side,so I carefully stood on MRT as no one behind of me about two weeks.
    Thanks for joyful post.
    ReplyDelete
    မဆွိရဲ့ ပို.စ်မှာအထက်ပါ စာပိုဒ်ကလေးကို အကြိုက်ဆုံးပဲ ရေးတတ်သလို ရယ်လည်းရယ်ရတယ်
    ဆောင်းရေ သမီးရဲ့ဦးဆိုတော်သေးတာပေါ့ ၊ သမူးရဲ့အီး လို.တစ်ချို.နောက်ပြောင်ပြောကြတာ ကြားဖူးလို.ပါ ၊ အဲ့ဒီလိုတော့မဟုတ်ဖူးထင်တယ်နော် ...
်ခင်တဲ့
    Z
    ReplyDelete
  32. အမရေ
    ဆိုင်မှာ ညှပ်တာကို သတိထားကြည့်ပါ၊ နဲနဲလေးစီ ဆွဲယူပြီး ကပ်ကြေး အချွန်နဲ့ စောင်းညှပ်ပါတယ်၊ မေ ကတော့ ဒီမှာ ရှေ့ဆံပင်ကို ကိုယ့်ဘာသာ ညှပ်ရလွန်းလို့ တော်တော်ကျွမ်းနေပီ၊ နောက်တမျိုးက ဆံပင်ကို ရှေ့တည့်တည့်ဖြီးချထားပီး ကပ်ကြေးပိစိလေးနဲ့ စောင်းစောင်းလေး မထိတထိညှပ်တာပါ၊ အဲ့လိုဆို ဆံပင်လဲ တုံးတိကြီး မဖြစ်တော့ဘူးပေါ့
    အဆင်ပြေပါစေ
    ReplyDelete