Monday, September 19, 2011

မြွေရုံနားက ဆေးရိုးသည် ...



ဘာရယ်မဟုတ်၊ ကျောင်းတုံးက ချစ်သူငယ်ချင်းကို သတိရလို့  ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ဖူးတဲ့ အကြောင်းလေး ပြောပြရအုံးမယ်။

ပြောခဲ့ဘူးသလို မဆွိတီကျောင်းတက်တုံးက တွဲတဲ့ သူငယ်ချင်းက မဆွိတီတို့ဘက်ရှ်က ကွင်းန်(queen) ကိုး။ အာအိုင်တီလိုကျောင်းမျိုးမှာ ကွင်းန်ဆိုတော့ လူကြည့်ခံရပါများလို့ သူ့ကြည့်ရင်တော့ ရှက်တတ်သလိုလို ဘာလိုလို၊ ရှက်ကိုးရှက်ကန်းနဲ့။ အမယ်မင်း ... ကျောင်း၃နှစ်ပိတ်ပြီး ကျောင်းတွေလဲပြန်ဖွင့်ရော သူက ဘဲဘဲကြီးနဲ့ဖြစ်နေပါရောလား။ second year ပဲရှိသေးတာကို။ အမယ်... သူ့ဘဲဘဲကလဲ မျက်နှာကြော ခပ်တင်းတင်းနဲ့ဂျ။


မှတ်မိလိုက်တာက ... ကျောင်းတွေပြန်ဖွင့်တော့ သူ့နားမှာ ငနဲသားက ရေသဘင်ညက်မှန်ကြီးနဲ့၊ ခပ်တည်တည်ပဲ။ ဟဲ့ နင့်ဘေးက ဘယ်သူကြီးတုံးဆိုတော့ သူ့ဘဲလေတဲ့။ အံ့သြကုန်နိုင်ဖွယ်ပေါ့။ ဒီလောက် ရှက်တတ်တဲ့သူက ဒုတိယနှစ်ပဲ ရှိသေးတယ်။ ကျောင်းပြန်တက်တက်ချင်း ဘဲဘဲကြီးနဲ့ဆိုတော့။ ဟုတ်ရဲ့လား.ဟယ်ဆို မနဲမေးယူရတယ်။ ပထမတော့ ယုံကို မယုံဘူး ဗျာရေ။

မဆွိတီတို့က အဲဒီတုံးက နှစ်ယောက်ပဲတွဲဖြစ်တာဆိုတော့ သူကဘဲဘဲနဲ့ ဖြစ်သွားတော့ ကိုယ်က ဘက်ပဲ့သလို ဖြစ်သွားတာပေါ့။  ဒါပေမဲ့ သူငယ်ချင်းက အတွဲမဖျက်ဘူး။ ကျောင်းမှာ ဘယ်သွားသွား ကိုယ့်ကိုခေါ်တာပဲ။ သူ့ဘဲဘဲနဲ့သွားလဲ အတူတူပဲဆိုတော့ ဘေးကဆေးရိုးသည်နဲ့ သူတို့အတွဲနဲ့ ၃ယောက်သား တတွဲတွဲပေါ့။ သူ့ဘဲဘဲအနေနဲ့လဲ ရည်းစားကို ချစ်လွန်းလို့သာ ခွင့်ပြုထားရင်ရှိရမယ်။ ဘေးကဆေးရိုးသည်ကြီး ပါပါနေတာ ဘယ်ကြိုက်လိမ့်မလဲဂျာ။ ဒါပေသိ အလိုက်ကန်းဆိုးမသိတဲ့ အဲ့ဆေးရိုးသည်ကြီးက ၂တန်းကနေ ၄တန်း ၅တန်းလောက်အထိ သူများအတွဲကြား ကန့်လန့်ကြီးပါနေတော့တာပဲ။ ကိုယ်ကလဲ သူငယ်ချင်းကို ချစ်တာကိုးလို့ ။

ဒီလိုနဲ့ တစ်ရက် သူငယ်ချင်းအိမ်မှာ စာသွားကြည့်တာ။ သမီးမိန်းခလေး ၃ယောက်ပဲရှိတဲ့ သူငယ်ချင်းအိမ် ညအိပ်သွားပြီး စာကြည့်နေကျ။ အဲဒီအချိန် မဆွိတီမှာ တစ်လတစ်ခါ မိန်းမတို့ သဘာဝ ဗိုက်အောင့်တဲ့ ရောဂါရှိသဗျ။ အဲဒီအချိန်ဆို ခေါင်းမလျှော်ရဘူး။ ခေါင်းလျှော်ရင်  ဗိုက်က ပိုအောင့်ပြီး တစ်ခါတစ်လေ မူးတောင်လဲတတ်တာ။

ဒါပေမဲ့ စာမေးပွဲတွင်း စာတွေတစ်ညလုံး အသေလုပ်ထားတော့ လန်းသွားအောင်ဆို မနက်စောစောထပြီး သူတို့အိမ်မှာပဲ ရေမိုးချိုး ခေါင်းလျှော်လုပ်လိုက်တယ်။ နေ့ခင်းကျတော့ အတန်းကြီးမေဂျာတူ သူ့ဘဲဘဲက စာရှင်းပြဖို့ရောက်လာပါရော။  ညနေပိုင်းလောက်လဲရောက်ရော ဘာရယ်မဟုတ် စာတွေနဲ့ ဦးနှောက်ခြောက်လို့ ဦးနှောက်ဆေးရအောင်ဆိုလား။ နီးနီးနားနား တိရိစ္ဆာန်ရုံဘက်လျှောက်လည် ကြမယ်ဆို သုံးရောက်သား ဒိုင်နာလို လိုင်းကားနဲ့ သွားကြတာပေါ့။

ဒီလိုနဲ့ တိရိစ္ဆာန်ရုံရောက်၊ ဟိုနားဒီနား နာရီဝက်လောက် အကောင်လေးတွေကြည့်ပြီး  မြွေတွေပြတဲ့ရုံလဲရောက်ရော၊ အဲဒီမှာ မြွေတွေကြည့်ရင်း သူတို့သမီးရီးစား ဘာဝ၊ ကြောက်တယ် ဘာတယ်နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကလူကျီစယ်နေကြတာပေါ့။ သူငယ်ချင်းကကြောက်လို့ဆို ခပ်လှမ်းလှမ်းက သစ်ပင်နားမှာ ထိုင်နေကြတာ။ ကိုယ်ကတော့ မကြောက်ပေါင်ဆို အနီးကပ်သွားကြည့်နေတာ တစ်ယောက်တည်း။ ဒီလိုနဲ့ တစ်နေရာရောက်တော့ မြွေလေးတွေပေါက်နေတာ သေးသေးလေးတွေ၊ ထွန့်ထွန့် ... ထွန့်ထွန့်နဲ့၊  နဲတာမှမဟုတ်တာ။  ဟိုနားတစ်စု ဒီနားတစ်စု၊ ဟိုနားတကောင်၊ ဒီနားတစ်ကောင်။ အူယားစရာတွေ။

အဲဒီမှာကြည့်ရင်းကြည့်ရင်းနဲ့ ညက တစ်ညလုံး စာကြည့်ထားတဲ့ အပြင်၊ ခေါင်းတွေ လျှော်ထားတဲ့ ဆေးရိုးသည်ကြီး  ခေါင်းထဲက ရိပ်တိတ်တိတ်နဲ့ ချွေးစေးတွေထွက်လာပြီး ကြည့်.နေတဲ့ မြွေတွေလည်း အရောင်မစုံတော့ဘူး။ ဘလက်အင်ဝှိုက်တွေဖြစ်ကုန်ရော။ ဟိုအတွဲကို အားကိုးတကြီးနဲ့ ကြည်လိုက်တော့လဲ ဘလက်အင်ဝှိုက်ပဲ။ ကြည့်နေရင်းကကို ခဏနေတော့ မူးလဲပါလေရော။  အဲသမှာဗျာ ဟိုကြည်နူးနေတဲ့ သမီးရည်းစားလဲ ကြည်နူးနေတာတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။ သံစဉ်တွေ ပြောင်းကုန်ကြတယ်။  ဆေးရိုးသည်နား ကမန်းကတမ်း ပြေးလာကြပြီး ထူပေး၊ ဘေးကထိုင်စရာခုံလေးမှာ ထိုင်ခိုင်းထားပြီး တစ်ယောက်ကယပ်ခပ်ပေး၊ တစ်ယောက်ကနှိပ်ပေး၊ ချွေးတွေသုတ်ပေးနဲ့ နှစ်ယောက်သား ပြာယာတွေခပ်ကုန်ကြရော။ ခဏနေတော့ ချက်ချင်းကားတစ်စီးငှါးပြီး ၃ယောက်သား အိမ်ပြန်ခဲ့ကြပါတော့တယ်။ အိမ်ရောက်တော့လဲ သက်သာသွားပါတယ်။

သူတို့မယ် သမီးရီးစားဘာဝ ရှုခင်းလေးတွေ ကြည့်၊ အကောင်လေးတွေကြည့်၊ လမ်းလေးလျှောက် ၂ယောက်တည်း ကြည်ကြည်နူးနူးနေချင်မှာပေါ့။ ဆေးရိုးသည်က ကြားက ကန့်လန်ကန့်လန့် ပါလာရုံတင်မက မူးတောင်လဲလိုက်သေးသကိုး ...း)

အဲဒီအချိန်တုံးကတော့ လူကမူးနေတော့ မသိဘူး။ အခုအဲဒီ အကြောင်း ပြန်တွေးမိတော့ ကိုယ့်ဟာကိုယ် ရယ်ချင်နေတော့တာပဲ။   ။

18 comments:

  1. ~ ~ ~ မြင်ယောင်နေတယ် မနေ့က အတိုင်းပဲ ကွယ် ~ ~ ~

    တကယ်ကို မျက်စိထဲမှာ မြင်ယောင်ရင်း ကျောင်းတက်ချိန်တွေနဲ့ သူငယ်ချင်းတွေကို သတိရသွားတယ်...း))

    ReplyDelete
  2. အဲလို ဆေးရိုးသည်မျိုး သိပ်ချစ်ရတဲ့ သူငယ်ချင်းမျိုးလိုချင်သား မမရေ။
    Mon Petit Avatar

    ReplyDelete
  3. အဲဒီလြိုဖစ်ပြီးတဲ့‌နောက်..‌ဆေးရိုးသည်ကလဲအားကျမခံ‌ဘေးတွဲ တွဲလိုက်
    ‌ရောဆိုပါ‌တော့...။

    ReplyDelete
  4. တီတီဆွိလိုမျိုး လက်တွေ့မြင်ဖူးတယ်ဗျ။ ကျွန်တော်တို့က တောင်ငူသားလေးဆိုတော့ ပြည်ကျောင်း (PTU) ပေါ့ဗျာ။ အဲဒီမှာ ကျောင်းကလဲ ရွာမှာဆိုတော့ တချို့တွေက မြို့ထဲနဲ့ကျောင်းကို မော်တော်ဆိုင်ကယ် စီးသဗျ။ စီနီယာတန်းက အကိုကြီးအမကြီး စုံတွဲတစ်တွဲက ဆိုင်ကယ်နဲ့မှာ သုံးယောက်တွဲကြီး။ အကိုကြီးက ရှေ့ကမောင်း အမကြီး ၂ယောက်က နောက်ကထိုင်။ အရမ်းခင်ကြတော့လည်း မခွဲပဲ အမြဲတတွဲတွဲပါပဲ။ ကျောင်းတုန်းက မှတ်မှတ်ရရ မြင်ကွင်းလေးတွေပေါ့ဗျာ။

    ဒါနဲ့ ခုတလော ပို့စ်တင်တာတွေ တော်တော်စိပ်နေတယ်။ ဖတ်တော့ ဖတ်ဖြစ်နေပေမယ့် ကွန်မန့်ကို မနည်းလိုက်ရေးနေရတယ်။
    ရှေ့က ပို့စ်တစ်ခုမှာ ခမည်းခမက်တော်မဲ့သူတွေ တွေ့လိုက်တယ်။ ဂျူဂျူလေးကို စိတ်မချလိုက်တာ ယောက်ခမကြီးးး..အဲ.. တီတီဆွိရယ်..:p (နောက်ဌာနော် အတည်မယူနဲ့)

    ကိုလူပျို

    ReplyDelete
  5. ဟဟဟဟဟ

    မမဆေးရိုးသည်ကြီးကိုမျက်လုံးထဲမြင်သွားပါကြောင်းး)

    ReplyDelete
  6. ဖြစ်ရမယ်..

    ReplyDelete
  7. သမီးချစ်September 19, 2011 at 7:37 PM

    အင်း--ဂျူဂျူလေးကတော့ သူ့ထက် အသက်ကြီးတဲ့ သက်ကြားအိုကြီးက ဒီလိုနောက်တာကို နွားအိုမြက်နုကြိုက်ဆိုပြီး စိတ်ဆိုးမှာပဲ။

    ReplyDelete
  8. I totally agree with Thameechit.I can't accept it even if it's as just kidding:)
    Your lovely post call me back to sweet memory of Varsity life and friends.
    Gyidaw

    ReplyDelete
  9. တီတီဆွိတို့ မိသားစုအပါအဝင် အားလုံးကို ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ စနောက်မှုဟာ နစ်နာစေလိုတဲ့ ရည်ရွယ်ချက်လုံးဝ မရှိပါဘူး။ အခုလိုမျိုး နောက်မိတာ လွန်သွားတယ်လို့လဲ ကျွန်တော့်ကိုယ် ကျွန်တော် နောင်တရမိပါတယ်။ နောက်နောင် အခုလိုမျိုး လုံးဝ မဖြစ်စေရဘူးလို့လဲ ကတိပေးပါတယ်။

    ReplyDelete
  10. အဲဒီတောင်ငူသားကိုတော့ တို့အရေးလုပ်မဲ့သူတွေ များနေပြီ။ ဒါတောင် ဦးခြိမ့် နှစ်တစ်လက်မကြီးကိုင်ပြီး ငါ့သမီးစာကျက်နေတယ် ဆိုတာ မလာသေးဘူးး) မတွေ့သေးဘူးနဲ့တူတယ်ဂျး)

    Thanks Gyidaw,မဒိုးကန်

    ကိုတောင်ငူသား
    အသစ်မရေးနိုင်တဲ့ အခါ အရင်ဖိုရမ်က ပို့စ်အဟောင်းတေလးတွေ အနည်းငယ်တည်းဖြတ်ပြီး တင်ပေးနေတာ။ ဒါကြောင့် တစ်နေ့တစ်ခါ ဘလော့ဂ်နပ်မှန်နေတား)
    စုစု၊ မွန်ပြည်သစ်ကျေးဇူးနော်။ ကွန့်မန့်လေးတွေ အမြဲလာလာပေးကြတာ။ ဘာပဲပြောပြော အားရှိတာပေါ့။

    အန်တီသက်ဝေ
    ဟုတ်တယ် မနေ့တစ်နေ့ကလိုပဲ ... အန်တီသက်ဝေနဲ့ သူငယ်ချင်း TT တို့ ၂ယောက်သား၊ ခရေပင်တန်းအောက်မှာ ပြန် မြင်ယောင်ပါတယ်။ လွမ်းစရာလေးတွေနော်။

    ReplyDelete
  11. တောင်ငူသား ခင်လို့ နောက်နေကြတာနေမှာပါ။ တီဆွိတောင် နောက်နေသေးတယ်လေ။ ခုမှ ကွန်မန့်တွေ့လို့။ No serious, ok ;)

    ReplyDelete
  12. ကျွန်တော် ကွန်မန့်ပေးချင်တာ ပေးပြီး တာဝန်မယူရဲတဲ့လူ မဟုတ်ပါဘူး အမရယ်။ ဘယ်သူ့ဘလော့မှာ ဖြစ်ဖြစ် ပေးခဲ့တဲ့ ကွန်မန့်ကို ဘလော့ပိုင်ရှင် ဘယ်လိုလေးများ အကြောင်းပြန်ထားလဲဆိုတာပါ ပြန်ပြန်ကြည့်လေ့ရှိတာပါ။

    မသမီးချစ်နဲ့ မဂျီးတော်တို့ရဲ့ ကွန်မက်တွေကို မြင်လိုက်ရတော့ ကျွန်တော်နောက်လိုက်တာ လွန်သွားပြီဆိုတာ သိလိုက်ပါတယ်။ စိတ်လည်း မကောင်းဘူး။ ကိုယ့်ကိုကိုယ်လဲ ရှက်မိပါတယ်။

    တီတီဆွိ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးခြိမ့်ကိုလဲ ထပ်တောင်းပန်ပါတယ်။

    ReplyDelete
  13. ဆေးရိုးသည်ဆိုမှ တက္ကသိုလ်တုန်းက ကျွန်မလည်း ဆေးရိုးသည်ဖြစ်ခဲ့တာ သတိရတော့တယ်။ သိပ်ခင်တဲ့ သူငယ်ချင်းမလေး ရည်းစားထားတော့ သူ့ရည်းစားချိန်းတဲ့ဆီ တစ်ယောက်တည်း မသွားရဲလို့ အမြဲ အဖော်လိုက်ခဲ့ရတာ သတိရသွားတယ်။ ရုပ်ရှင်ကြည့်လဲ ပါတယ်။ လျှောက်လည်ကြတော့လည်း ပါတယ်။ ငြင်းလို့လည်း မရတာနဲ့ဘဲ တကောက်ကောက်လိုက်နေရတော့တယ်။ ဆေးရိုးသည်ဘဝလည်း ခုလိုတော့ ပြန်သတိရမိသားနော်း)

    ReplyDelete
  14. Hey Taungoo Tha!
    Be thick skin.You can see the sign at the end of the sentence.This man and this man at the blog,we all are same villagers.I don't want to hurt anybody.Be cool but i've to protest as pre mom in law:D....Run away from U Chant's 2x1 inch stick:))
    Gyidaw

    ReplyDelete
  15. ဟုတ်.. မဂျီးတော် ကျေးဇူးပါပဲ။ အခုမှ နည်းနည်းခံသာသွားတယ်။ :)

    ReplyDelete
  16. ခုမှနဲနဲ ခံသာသွားတဲ့သူကို ပြောရဦးမယ်။ နှစ်တစ်လက်မ ဘာဟုတ်တုံး ကြီးဒေါ်ရ ... ဟိုနေ့က ဖလင်မန်တန်ဈေးသွားတော့ ကုန်မာဆိုင်ရောက်တော့ ဦးခြိမ့်က ပေါက်ပြားတွေရော၊ ပေါက်ချွန်းတွေရော အဲဒီက လက်နက်ကရိယာမျိုးစုံ ၀ယ်မယ်တကဲကဲလုပ်နေလို့ မနဲတားထားရတယ်။ နောက်တစ်ခေါက်သွားရင်တော့ တို့လဲ မတားတော့ဘူး။း) (နောက်မှာ sign ပါတယ်နော် အမောင်တောင်ငူသား ...)

    ReplyDelete
  17. After buying complete set of equipment come to us to climb ice mountains:)..Don't use them only at your garden.I also love plants and gardening.
    Gyidaw

    ReplyDelete
  18. သူငယ်ချင်းတွေ အကြောင်းကတော့ ဘယ်အချိန်ချိန် ပြန်တွေးတွေး၊ ပြန်ဖတ်ဖတ် ကြည်နူးရတယ်...

    ReplyDelete