မဆွိတီသည် တစ်ခါတစ်ရံ သူ့ကိုယ်သူ guilty ဖြစ်သည်ဟု အမြဲတွေးနေတတ်သည်။ အတိတ်က မလုပ်ခဲ့မိသော အကြောင်းအရာများကို တွေးကာ အော် ငါ ဘာလို့ ဒါမလုပ်ခဲ့ပါလိမ့် ဒါလေးကို ငါဘာလို့ သည်းညည်းမခံပါလိမ့် ဆိုကာ နောင်တလည်း ရ တတ်သေးသည်။
ဥပမာ ဂျူဂျူလေးကိစ္စ။ ဘဝတွင် အမြဲပဲ guilty ဖြစ်နေခဲ့သည့် ကိစ္စတစ်ခု။ သမီးလေးမွေးတော့ အိမ်မှာ ထိမ်းရအောင် ကြီးတော် ခေါ်ထားရာမှ အစပြုသည်။ သမီး ရက်သားလေးမှာ ဦးခြ်ိမ့်က အလုပ်ဆင်းစရာရှိ၍ အိပ်ရေးပျက်မည်စိုးကာ ကြီးတော်က အပြင်ထွက်အိပ်ခိုင်းသည်။ မဆွိတီတို့ အိပ်ရာတွင် သမီးက အလည်က ကြီးတော်နဲ့အမေက တစ်ဖက်တစ်ချက် အိပ်ကြရာ သမီးသည် ထိုအချ်ိန်က jaundice ဖြစ်ကာ ဆေးရုံမှာ ၂ရက်ထားခဲ့ရတော့ ဆေးရုံကတိုက်သည့်နိူ့ဘူးကို စွဲကာ အမေနို့ကို ကောင်းကောင်းမစို့။ အမေကလဲ နို့က သိပ်မထွက်တော့ မအေနို့တိုက်တိုင်း ခလေးမှာ စိတ်တိုကာ ငိုလေသည်။ ပုံမှန်ဆို ဘာသံမှမကြားရသည့်ခလေးက မအေနို့နှင့်တွေ့မှ အရွယ်နှင့်မလိုက် ဒေါသတကြီးအော်နေတတ်သည်။ သူလိုသလောက် နို့က မလိုက်၍ဖြစ်မည်။ ထိုအခါတွင် ကြီးတော်ဖြစ်သူမှာ သူ့တူမ ပေါက်စနှီးမ၏ငိုသံကို မကြားရက်ရကား ချက်ချင်း နို့ဘူးဖျော်ကာ တိုက်ရာ နို့ဘူးကျမှ မယ်မင်းကြီးမက ဝမ်းသာအားရစို့လေသတည်း။
ဤသို့နှင့် တစ်ပတ်ခန့် စခန်းသွားကြပြီး တစ်ညတွင် အိပ်ရာ တစ်ရေးနိုး ခလေးကို ထနို့တိုက်မည်ပြုရာ အိပ်ရာထဲတွင် ကိုယ်တစ်ယောက်တည်း ထီးထီးကြီး ဖြစ်နေသည်။ ကြီးတော်ရော ခလေးရော မရှိကြတော့ပြီ။ ဟိုဟိုဒီဒီ ရှာကြည့်ရာ ကြီးတော်ကြီးသည် သူ့တူမကို သူ့အခန်းကို ခေါ်သွားကာ အိပ်ရာပေါ်ဝယ် နို့ဘူးဖြင့် နှစ်ဦးသား ကျေနပ်နေကြခြင်းဖြစ်လေသတည်း။ ကြီးတော်ကြီးကတော့ စေတနာနှင့် မအေလုပ်သူ ကောင်းကောင်း အိပ်ရအောင် ဆိုလေသည်။ ကိုယ့်မှာသာ နို့တွေ တင်းပြီး နာလာတော့ သမီးခေါ်ကာ တိုက်မည်လုပ်တော့ သူကနို့ဘူးအပြည့်စို့ထားရကား ဗိုက်၀နေ၍ အမေနို့ကို လှည့်၍မျှပင် မကြည့်ပြီ။ သို့နှင့် ဦးမောင်ခြိမ့်ခေါ်ကာ စက်အကူအညီဖြင့် တီတီဆွိတစ်ယောက် ခလေးတစ်ယောက်ရမှ လူစင်စင်ကနေ နွားအသွင် နို့ညှစ်ကာ ပုလင်းထဲ ထည့်ရတော့သည်။
အမေနို့လေးဝင်ပါမည့် အကြောင်း အိမ်မှာ နိုညှစ်သံတွေ ဆူညံလှသည်မှာ တစ်လလောက်ကြာလာတော့ ဘယ်အရာမှ သိပ်သည်းညည်းမခံတတ်သူ၊ ကွန်ပလိမ့်ကွင်းန်ဟု ကိုကိုခြိမ့်မှ အမည်ပေးထားသူ တီတီဆွိကား ညည်းလေပြီ။ တစ်ည အိပ်ရာအထတွင် ရင်ဘတ်နေရာမှ နို့တွေခဲနေပြီး နာကျင်လွန်းရုံမက နို့ကျိတ်ပင်ဖြစ်တော့မလိုဖြစ်ရာ ဒီပုံအတိုင်းတော့ မဖြစ်တော့ချေဆိုကာ သမီးကို နို့တိုက်ခြင်း၊ နို့ညှစ်ခြင်း အလုပ်မှ ရပ်လိုက်တော့မည် ဆုံးဖြတ်သည်။ နာကျင်မှုကို မခံစားနိူင်တော့ပါ။ ထိုနေ့မှစ၍ ဂျူဂျူလေးလဲ ဘူးနို့ဖြင့် နှစ်ပါးသွားကာ သူ့အဒေါ်နှင့်ပင် အတူအိပ် သူ့အဒေါ်အခန်းတွင်ပင် အတူနေပါတော့သည်။
သမီး ၃-၄နှစ်လောက်ရောက်တော့ အသိအစ်မတစ်ယောက် ဒုတိယ သမီးလေးမွေးသည်။ NUS ထဲ မှာ အလုပ်လုပ်သည်။ နေသည်က Bukit Batok မှာ။ ရုံးကခွင့်၂လကုန်တော့ နေ့ခင်းဖက် ထမင်းစားချိန်ဆို ရုံးကနေ MRT စီး အိမ်ပြန်ကာ ခလေးနို့တိုက်လေသတတ်။ အစ်မရယ် ဒုက္ခခံလိုက်တာဆိုတော့ ခလေးတွေဟာ တစ်နှစ်လောက်အထိ မိခင်နို့ကို သောက်သုံးဖို့ လိုကြောင်း၊ အဲဒီအချိန်ဟာ ခလေးဦးနှောက်ဖွံ့ဖြိုးဖို့လိုတဲ့ အတွက် အင်မတန် အရေးကြီးတဲ့ အချိန်ဖြစ်ကြောင်း၊ သူ့သမီးလေးတွေကို ဉာဏ်ရည်ထက်မြက်တဲ့ သမီးလေးတွေ ဖြစ်လိုတဲ့ အတွက် ဤမျှအထိ ဒုက္ခ ခံရကြောင်းပြောတော့ တီတီဆွိမှာ ပြောစရာ စကားရှာမရပြီ။ ဂျူဂျူလေးကို တစ်လကျော်ခန့်သာ နို့တိုက်ခဲ့မိသည် မဟုတ်ပါလား။ ထိုအကြောင်းတွေ မသိ၍မဟုတ်၊ သိသည်။ သို့ပေမဲ့ ကိုယ်က ထိုအချိန်က ဖြစ်သည့် ဝေဒနာကို တော်တော် မခံမရပ်နိူင်ဖြစ်ကာ သမီးနို့တိုက်တာကို ရပ်ဆဲလိုက်ခြင်းဖြစ်သည်။ သူတို့ပြောသလောက်တော့လည်း serious ကြီး ဖြစ်လိမ့်မယ် မထင်ထားခဲ့သည်ကိုး။
ထိုနေ့မှစ၍ တီတီဆွိ၏ စိတ်ထဲတွင် ထို Guilty စိတ်က အမြဲ လွှမ်းမိုးထားရာ သမီလေးကျောင်းတက်၊ ဉာဏ်ရည်မှ ကောင်းပါ့မလား။ စိတ်ထဲမှာ အမြဲ သံတယကြီးနှင့်ဖြစ်နေပါသည်။ သမီးသူငယ်တန်းပြီးခါနီးတော့ အိမ်မှာပဲ သင်္ချာတွေ အင်္ဂလိပ်တွေ ကိုယ်တိုင်သင်ပေးရာ သင်္ချာတွင် ခလေးက အပေါင်းအနှုတ်က ကုန်ပါပြီ။ ရှိသမျှသော သူငယ်တန်း မေးခွန်းဟောင်းတွေပြီးတော့ သူ့အဖေအပြင်က ဝယ်သည့် စာအုပ်တွေ။ ပြီးတော့ တစ်တန်းစာကို ကြိုလုပ်ထားရာ ဟော အမြှောက်၊ အစားတွေ ရောက်လာလျှင် သူမရတော့။ အမြှောက်အလီတွေလဲ ကျက်ခိုင်းတာမရ။ တီတီဆွိ၏စိတ်မှာ အတော်ပင် စိတ်ပျက်မိပါသည်။ သမီးလေး ဉာဏ်ရည်မမီလို့ ဒါတွေမရတာလား။ ရှင်းပြတာလဲ နားမလည်ပေ။ သို့နှင် P1 ရောက်တော့ ကူမွန်မှာ စအပ်ကာ သင်္ချာ ဉာဏ်ရည်တိုးတက်လာအောင် သင်ကြားစေခဲ့ပါသည်။
သမီးလေးနဲနဲကြီးလာတော့ သူ့အရွယ်နှင့် သူ့စာ ကွက်တိဖြစ်လာတော့ တော်တော်တိုးတက်လာပါသည်။ အမှန်က ခလေးတွေမှာ သိပ်ငယ်သေးသည့်အချိန် သူ့အရွယ်နှင့် သူ့ဉာဏ်ရည် သူသင်ကြားရမည့်စာ ကွက်တိဖြစ်မှ ခလေးက လုပ်နိူင်ပါမည်။ ဒါကို သေချာနားမလည်၍ အထင်မှားနေခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ကူမွန်တွင် ၂တန်းကျောသည်အထိ ဖြစ်လာရာ အော် ငါထင်နေတာ မှားနေပါလား။ သမီးက တော်သားပဲဟု အနည်းငယ် ဖြေလို့ရပါသည်။
အမှန်က ဂျူဂျူလေးက သူ့အဖေနှင့် အလွန်တူပါသည်။ ဉာဏ်ရည်မဆိုးလှပါ။ မဆွိတီတို့လို တကုတ်ကုတ်နှင့် စာသိပ် ကျက်စရာ ဖတ်စရာမလိုသော အစားထဲက ဖြစ်ပါသည်။ မဆွိတီတို့ ငယ်စဉ်က စာတွေ spelling တွေ အလွတ်ကျက်ရတာ မှတ်မိပါသည်။ မီးနင်းတွေ spellingတွေ တော်တော် အော်ကျက်ခဲ့ရပါသည်။ ဂျူဂျူသည် မည်သည့်စာကိုမျှ ကျက်ရသည် မရှိဖူးပါ။ spelling တွေဆိုလည်း ကျောင်းမှာ ဆရာမပေးပြီးသည်နှင့် အိမ်မှာ သူ့အလိုလိုရပါသည်။ မဆွိတီတို့လို အသေအလဲ ကျက်မှတ်နေစရာမလိုပဲ သူဟာသူ ဉာဏ်ကောင်းပြီးသားဆိုတော့ စာသိပ်လုပ်စရာမလိုသူဖြစ်ပါသည်။
အဖေတူသမီးမှို့ စာပျင်းတာလေးတစ်ခုရယ် ရှမ်းတတ်တာလေးရယ်တော့ ပြောစရာရှိပါသည်။ မေးခွန်းဟောင်းများဖြေခိုင်းလျှင်လည်း တစ်ခါတစ်လေ သူပျင်းမှာစိုးလို့ မေမေနဲ့တူတူလုပ်မယ်လေနော် ဆို သူဖြေသည်ကို ကြည့်နေရာ အလွန်ပင် မြန်လှပါသည်။ တစ်ခါတစ်ရံ အချို့ သင်္ချာ ပုစ္စာများဆို ကိုယ်က စဉ်းစားနေတုံးရှိသေး သူက ဇက် ... ဇက်နဲ့ အဖြေကို ချရေးသွားရာ ဟုတ်မှ ဟုတ်ရဲ့လား သေချာပြန်ကြည့်ရပါသည်။ ကြုံ၍ ပြောရလျှင် ပြီးခဲ့သည့် Term က report card ပေးရာ ဂျူဂျူလေးက A တွေချည်း အားလုံးရပါသည်။ အော် ... ဆရာမက အမှတ်ပေးကောင်းလို့ထင်တယ်ဆိုကာ လူတိုင်း A တွေချည်းရတယ် အောက်မေ့မိတာ အမှန်က သူနဲ့တွဲတဲ့ (ကိုယ်က အင်မတန် တော်တယ်လို့ထင်တဲ့ ) စလုံးမလေးအမေက သူ့သမီးတော့ B တွေ အများကြီးပါတယ်ပြောပါသည်။ Interview နေ့မှာ ဆရာမနှင့်သွားတွေ့တော့လဲ သူ့ကိုဆရာမက ချီးမွန်းနေရာ အမေနိူ့ကို တစ်လတည်းတိုက်မိ၍ Guilty ဖြစ်နေသူ တီတီဆွိမှာ သက်ပျင်းချရပါတော့သည်။
သမီးရပို့ကတ်ရပြီး တစ်ညနေ ဦးခြိမ့်နှင့် တီတီဆွိတို့ သမီးမရှိခိုက် သမီးအကြောင်း စကားလက်ဆုံပြောနေကြလေသည်။
တီတီဆွိ ။ ။ " တော့ ကိုကိုခြိမ့်ရဲ့ .... သမီးလေးက ဆွိလေး ထင်ထားသလောက် ဉာဏ်က မဆိုးပါဘူး။ ဆွိလေးဖြင့် သမီးကို ကိုယ့်နို့ မတိုက်လိုက်ရတော့ အမေနိူ့သိပ်မစို့လိုက်ရတဲ့ ခလေး ဒုက္ခပဲလို့ ..နွားနို့က ရတဲ့.နို့မှုန့်တွေ သောက်ရတာ ခလေး ဉာဏ်ရည်မှ ကောင်းမှ ကောင်းပါ့မလား။ intelligent မှ ဖြစ်ပါ့မလားထင်နေတာ။ ခုတော့လဲ မဆိုးပါဘူး ... တော်သေး နော် .... ဟင်း ... ဟင်း ..."
ကိုကိုခြ်ိမ့် ။ ။ ( ပြောင်စပ်စပ် မျက်နှာပေးဖြင့် ...)
"ဟားဟား ... အဲဒါ ညည်းနိူ့ မစို့ခဲ့ရလို့ နေမှာပေါ့့ဟ ...."
အန်တီဆွိသည် ကိုကိုခြိမ့်အား ... ညက်မှောင်ကုတ်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်လေသတည်း။ ။
(ခလေးအမေတွေ အဲလို Guilty မျိုုး မဖြစ်ရအောင်၊ ခလေးတွေကို တစ်နှစ်အထိ အမေနိူ့ကို တိုက်ကြစေလိုပါသည်။ )

TTSweet post တွေအားလုံးဖတ်လို့ကောင်းလိုက်တာ။တချိန်လုံး TTSweet blog ကိုဝင်ကြည့်နေတာ
ReplyDeleteပြုံးသွားပါကြောင်း..
ReplyDelete:) ALWAYS READING
ReplyDeleteKYI SANDAR
ခလေးက မိခင်နို.ရည်အကောင်းဆုံးဆိုပေမဲ့ ခလေးမွေးပြီး ဆေးရုံမှာ မိခင်က တစ်ချိန်လုံးနို.မတိုက်နိုင်တော့ ဆေးရုံက နပ်စ်တွေက နို.ဗူး -infant formula- တိုက်ရင်တော့ ခလေးက နို.ဗူးကို ပိုစွဲလန်းသွားတယ်၊ အဓိကအကြောင်းအရင်းက မိခင် Nipple ထက် bottle Nipple က ပိုပြီးစို.ရတာလွယ်တာကြောင့်ဖြစ်ပါတယ်၊ သူများပြောတာကြားဖူးတာပါ၊ ဦးခြိမ့်က တကယ်အားကိုးရတယ်နော်၊
ReplyDeleteပြီးခဲ့တဲ့လက မဆွိရေးခဲ့တဲ့ အလုပ်အကြောင်းပို.စ်ကို မတွေ.ရတော့ဖူးနော်၊
အရှေ့ကဗဟုသုတရလို့ဖတ်ကောင်းနေတုန်း
ReplyDeleteနောက်ဆုံး အဲဒါ ညည်းနို့ မစို့ခဲ့ရလို့ နေမှာပေါ့ဟဆိုတဲ့နေရာမှ ရယ်ရတော့တာပဲ.
အစ်မ ဆွီတီ ...
ReplyDeleteဖတ်လို့ ကောင်းတယ် ။ ဗဟုသုတလဲရပါတယ်အစ်မ။ နောက်ဆုံးဇာတ်သိမ်းကျမှ ရီရတယ် ။ ကိုမောင်ခြိမ့်ကြီး အစ်မကို ဗလာ ကစ်လိုက်တာပေါ့ ။
ပြောင်မြောက်လှသောဦီးရွှေဘပါတကား။း)
ReplyDeleteအိုင်အိုရာ
ကျွန် တော့ အ ထင် တော့ ဦး မောင် ခြိမ့် အ ရင် က ထက် အ ခု ပို ညဏ် ပို ကောင်း နေမယ် ထင် တာ ပဲ ဂျူ ဂျူး တော့ သိ ဘူး
ReplyDeleteနာမည်တူလို့ လာကြည့်တာ...
ReplyDeleteဆွိဆိုတဲ့နာမည် ဘယ်ကရလဲဟင်. :)
ဆွိလည်း ကလေးလေးရရင် နို့မတိုက်ပဲနေမှပဲ .. တီဆွိလိုမျိုး... အဟဲ
ဒါနဲ့ cbox မတွေ့ပါလား
ReplyDeleteတီဆွိပို့ စ်တွေဖတ်ရတိုင်း ပြုံးရတယ်
ReplyDeleteကျမလဲ နို.မတိုက်ခဲ.ရလို. ကလေးငယ်တုန်းက ဖီလင်ဝင်ခဲ.တယ်
ReplyDeleteနို.ကသိပ်မထွက်တော. ကလေးက နို.ဘူးစွဲသွားတာလေ
ကိုယ်.နို.မတိုက်ရင် ကိုယ်ပြောတဲ.စကားနားမဝင်ဘူးတို.
ဆိုဆုံးမခက်တယ်တို. စုံနေတာပဲ ပြောကြတာ
တခြားဟာတွေတော.မသိသေးဘူး တီဆွိရေ
intelligent ကတော.ဖြစ်တယ်
ခင်ဘုန်း
c box က ထားလိုက်ရင် တချို့က ပေါက်ကရတွေလာလာရေးလို့ ဖြုတ်ထားရတယ်။
ReplyDelete