Sunday, October 18, 2009

စင်္ကာပူ မြန်မာသံရုံးလုပ်ငန်းဆောင်တာများနှင့် ပါတ်သက်ပြီး မေးချင်နေသူများအတွက် (၃)

မှီခိုလျှောက်ခြင်း။

တစ်ချို့တွေက စင်္ကာပူမှာ တစ်ယောက်တည်း မဟုတ်ဘူး စုံတွဲလေးတွေ ရှိကြတာပေါ့။ အရင်တုန်းက တော့ စုံတွဲ က ရည်းစားဘ၀၊ သူလည်း အလုပ်လုပ် ကိုယ်က လည်း အလုပ်လုပ်ပေါ့။ နှစ်ယောက်သား ပိုက်ဆံတွေ စုကြ ပြီးတော့ လက်ထပ်လိုက်ကြပြီ ဆိုပါတော့။
နောက်တမျိုးက ကမြန်မာပြည်မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်လွန်းလို့ သက်သေ လက်မှတ်ထိုးထားပြီးသား နောက်မှ မိန်းမ ကလိုက်လာပြီး သူလဲအလုပ်လုပ် ကိုယ်ကလည်း အလုပ်လုပ် နှစ်ယောက်သား စီးပွားရှာကြတာပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ် ယောကျာ်းအလုပ်လုပ်တယ်ဆိုရင် မိန်းမ က မှီခို လျှောက်လို့ ရတယ်လေ။ မိန်းမ မှ မဟုတ်ပါဘူး အသက် ၁၈ နှစ်ထက် ငယ်တယ်ဆိုရင် ကိုယ့်သားသမီးလည်း မှီခိုပဲပေါ့။ လွန်ခဲတဲ့ ၃-၄ နှစ် ကအထိ မှီခို လျှောက်ရတာ စွန့်စားခန်းပေါ့။ မှီခို မလျှောက်ခင်ကဆိုရင် ကျွန်တော် တို့မှာ လင်မယား ၂ ယောက်ပေါင်း တစ်လ ၃၀၀ နဲ့ တိုင်းပြည်ကို လှုဒါန်းနေတာလေ။ မှီခို လျှောက်တော့လဲ တကယ်စွန့်စားခန်းပါပဲ။ ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ (၁) ကိုယ်နဲ့သူနဲ့ ပါတ်စပို့ မိတ္တူ (၂) လက်ထပ်စာချုပ် (စလုံးမှာ လက်ထပ်ရင် စလုံးက ပေးတာ၊ မြန်မာပြည်မှာလက်ထပ်ရင်တော့ နိုတြီပါ တွဲပြရတယ်လို့ ကြားဖူးပါတယ် (၃) ယောက်ျားလုပ်သူ နောက်ဆုံး လအထိ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တွဲပြပြီး မှီခိုလုပ်ပေးပါဆိုရင် လွယ်လွယ်ကူကူပဲ လုပ်ပေးပါတယ်။ ကဲ မလုပ်ရသေးသူတွေ လုပ်ကြနော်...

ဟာသ တစ်ခု ပြောပြအုန်းမယ်။.....

တကယ်တော့ ဟာသ ဆိုတာထက် ယူကြုံးမရ ဖြစ်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဖြစ်အပျက်လေးကို ကျွန်တော် ဒီမှာ ရေးပြပါမယ်။ ညီငယ်၊ ညီမငယ်များ နမူနာ အဖြစ် သိအောင်လို့ပါ။

လွန်ခဲတဲ့ တနှစ် အတွင်းက ကျွန်တော် သံရုံး ကို အခွန်သွားဆောင်စဉ်ကပေါ့။ ကျွန်တော်ရှေ့မှာ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ယောက် သံဝန်ထမ်းကို စကားပြောနေပါတယ်။ သူက သံဝန်ထမ်းကို ပြောနေတာကတော့ သူကိုယ်တိုင် အခွန်ဆောင်မယ်၊ သူ့ကောင်မလေးက ပထမအကြိမ် အခွန်ဆောင်ပါမယ်တဲ့။ သူကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြနေတာ အကုန်ပါပါတယ်။ သူ့ကောင်မလေးရဲ့ အလုပ်ခန့်စာ မူရင်း အပါအ၀င် အကုန်ပြနိုင်ပါတယ်။ ခက်တာက သူ့ကောင်မလေး က လူကိုယ်တိုင်မပါဘူးပေါ့။ အဲဒီမှာ သံဝန်ထမ်းက မင်းက ဒီကောင်မလေးအစား အခွန်လာဆောင်ပေးတယ်ဆိုတော့ မင်းနဲ့ ဘယ်လိုတော်စပ်သလဲလို့ မေးတဲ့အခါမှာ လူငယ်က ကျွန်တော် မိန်းမ ပါတဲ့။ အဲဒီမှာ သံဝန်ထမ်းက သဘောကောင်းစွာပဲ မင်းတို့ က လင်မယားဆိုရင် လက်ထပ်စာချူပ်ပြပါ။ လက်ထပ်စာချုပ်ပြရင် မင်းအမျိုးသမီးရဲ့ ပါတ်စ်ပို့ မှာ မင်းရဲ့ မှီခို ဖြစ်ကြောင်း ရေးပေးမယ် ငွေ ၁၅၀ ပဲ ပေး၊ နောက်ပိုင်း လတွေ မင်းအမျိုးသမီးအနေနဲ့ အခွန်ဆောင်စရာ မလိုတော့ဘူးလို့ သေချာစွာ ရှင်းပြပါတယ်။ ထိုလူငယ်က ချက်ခြင်းနားမလည်သေးလို့ ကျွန်တော်က ပါ ကြားဝင်ပြီး ရှင်းပြပါတယ်။

ဒါပေမဲ့ ထိုလူငယ်က ပြန်ပြောတာကတော့ " ဟင့်အင်း... မှီခို မပြောင်းဖူး.. သူဘာသာ ပဲ အခွန် ဆက်ဆောင် ကျွန်တော်လည်း ကိုယ်ဘာသာကိုယ် ဆောင်မယ်" လို့ ပြန်ပြောပါတယ်။ ကျွန်တော် ကြားထဲက ယူကြုံးမရ ဖြစ်ရတယ်ဗျာ။ စဉ်းစားကြည့် လင်ရယ် မယားရယ် ဖြစ်လာရင် တတ်နိုင်သမျှ သက်သာအောင် ပိုက်ဆံကို လည်း ချွေတာ စုဆောင်းရတယ် မဟုတ်လား။ အခုတော့ဗျာ။
နောက်ဆုံးမှာတော့ သံဝန်ထမ်းကိုယ်တိုင် လက်လျော့သွားပြီး... " ဒါဆို မင်းတို့ တရားမ၀င်လက်ထပ်တာနေမှာ အကောင်းပြောလို့ အကောင်းမှန်းမသိတာ ငါတော့ မင်းတို့ လက်ထပ်တယ်ပြောတာ လာညာနေတာပေါ့ " လို့ ပြောလိုက်တယ်ဗျာ။ ကိုယ်တော်လေးက အဲဒီစကားကိုလည်း နာ ရမှန်းမသိဘူးဗျာ။ လင်မယား ၂ ယောက်လုံး အက်စ်ပါတ် ကိုင်ထားကြတာနော်။


ပါတ်စ်ပို့ စာအုပ် အသစ်လုပ်ခြင်း

ခရီးထွက်တာ များတဲ့ သူတွေ အဖို့က ပါတ်စ်ပို့ မှာပါတဲ့ စာမျက်နှာတွေ ကုန်ဖို့ တော်တော်မြန်ပါတယ်။ ဒါကြောင့် ပါစ်ပို့ စာအုပ် အသစ်ကို ဘယ်လို လုပ်ရသလဲဆိုတာ ပြောကြရအောင်ပေါ့။

ပါတ်စ်ပို့ စာအုပ် အသစ်ဆိုတာ ဒီနိုင်ငံရောက်မှ လျှောက်တာ မဟုတ်ဘူးနော်။ လက်ရှိရှိပြီးသား စာအုပ်က စာရွက်တွေ ပြည့်သွားလို့ နောက်ထပ် အသစ် လုပ်တာပါ။ ဒါကြောင့် စာအုပ်တစ်အုပ်လုံးမှာ ၂ မျက်နှာ လောက်သာ ကျန်မှ လုပ်ပါလို့ အကြံပေးပါရစေ။
စာအုပ်ကြီးအတိုင်းပြောရရင်တော့ (၁) ကိုယ်ရေးရာဇ၀င် ၂ စုံ၊ (၂) ဓါတ်ပုံ ၂ ပုံ (၃) ပါတ်စ်ပို့ စာအုပ်အသစ် ထုတ်ပေးရန် လျှောက်လွှာ (၄) အခွန်ဆောင်ပြီးကြောင်း မိတ္တူ (၅) လက်ရှိစာအုပ်ရဲ့ စာမျက်နှာများ မိတ္တူ (၆) ငွေ စင်္ကာပူ ၆၀၀ (ယခင်တုန်းကပါ။ အပြောင်းအလဲ ရှိမယ်လို့တော့ မထင်ပါဘူး ပြောင်းသွားရင် ထောက်ပြပါဗျာ) အသိတစ်ယောက်က လာပြောပြတယ်။ စာအုပ်အသစ်က ၃၀၀၊ သက်တမ်းတိုးတာက ၃၀၀ပေါ့။

အဲဒီလို စာအုပ် အသစ် လုပ်မယ်ဆိုရင် ကြိုတင်ပြီးတော့ သွားစေချင်ပါတယ်။ ကျွန်တော်တို့ လုပ်တုန်းက အချိန်နည်းနည်း ကြာပါတယ်။ အပေါ်က ပြောတဲ့အတိုင်း စာရွက် စာတမ်းတွေ (၁) မှ (၅) အထိ ကို ပေးလိုက်ရင် သံရုံးက လက်ခံထားပါတယ်။ နောက်တပါတ် သောကြာနေ့မှာ ဖုန်းဆက်ပြီး စာနံပါတ် လှမ်းတောင်းရပါတယ်။ အဲဒီစာနံပါတ်ကို မှတ်ထားပါ။ ရက်စွဲကိုလည်း မှတ်ထားရပါတယ်။
နောက်ထပ် ၂ လခန့်ကြာမှ သံရုံးကို ဖုန်းလှမ်းဆက်ပြီး စာအမှတ်နဲ့ စာအုပ်အသစ်လုပ်ထားတာ ရပြီလားလို့ မေးရပါတယ်။
သံဝန်ထမ်းကနေ ရပြီ ဆိုမှ ပိုက်ဆံ နဲ့ သွားထုတ်ရတာပါ။ အခုတော့ ဘယ်လို စနစ်နဲ့ ကျင့်သုံးနေပြီလဲဆိုတာ တော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ကျွန်တော်သိတဲ့ စနစ်က အထက်က ပြောတဲ့အတိုင်းပါပဲ။

စာအုပ်အသစ်လေး ရလာပြီ ဆိုရင်တော့ သိပ်ပြီး ၀မ်းသာစွာ ချက်ခြင်းပြန်မလာပါနဲ့ဦး။ မိမိ နာမည် စာလုံးပေါင်းက ယခင် အဟောင်းအတိုင်း စာလုံးပေါင်းတာလား၊ အချက်အလက် တွေ မှန်ကန်လားဆိုတာ သေချာစွာ စစ်ဆေးပါ။ အရေးကြီးဆုံးက " ဤပါတ်စ်ပို့ နံ့ပါတ် အသစ် ၉၉၉၉၉၉ သည် ယခင် ပါတ်စပို့ နံ့ပါတ် ၀၀၀၀၀၇ ၏အဆက်ဖြစ်ပါသည်" လို့ ရေးထားတဲ့ Observation stamp ပါမပါ သေချာစွာစစ်ဆေးပါ။ မပါရင်တော့ ပြန်ရေးခိုင်းဗျ။ အရင်ပါစ်ပို့ နံပါတ်နဲ့ အသစ်နဲ့က နံပါတ်ခြင်းမှမတူတာ။ နိုင်ငံတကာနဲ့ ဆက်ဆံရင် အဲဒီစာတန်းက အရေးကြီးတယ်လေ။


မြန်မာလူမျိုးကလေး မွေးခြင်း နှင့် Certificate of Identity

စင်္ကာပူမှာ နေထိုင်တာ ကြာလာရင် ဒီနိုင်ငံမှာပဲ ကလေး မွေးဖွားခြင်းဆိုတာ မလွဲမသွေ တွေ့ရမှာပါပဲ။ အဲဒီလို ကလေး မွေးလာရင် CI (Certificate of Identity ) မလျှောက်ခင် အရင်ဆုံး လုပ်ရမှာက မောင်ဘယ်သူ (ပါတ်စပို့ အမှတ် ၉၉၉၉၉၉) နှင့် မဘယ်သူ (ပါတ်စပို့ အမှတ် ၈၈၈၈၈၈ ) တို့သည် စကာင်္ပူနိုင်ငံတွင် နေထိုင်စဉ်အတွင်း သား/သမီး ဖြစ်သူ မောင်ဘယ်သူ/မဘယ်သူ ကို မွေးဖွားသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ အရင်ယူရပါတယ်။ အဲဒီထောက်ခံစာ က မြန်မာလို ရေးထားတာပါ။ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ အဲဒီစာကိုပဲ အသုံးပြုရတာပါ။

စာရွက်စာတမ်းက တော့ (၁) ဆေးရုံက မွေးစာရင်းနဲ့ (၂) ဖခင်၊ မိခင် ပါတ်စ်ပို့ မိတ္တူ တို့ ကို ယူသွားရင် အဲဒီစာရွက်ကလေး ကို စင်္ကာပူ ၈ ဒေါ်လာ ပေးရင်ရပါတယ်။


Certificate of Identity (CI)

ကျွန်တော် လျှောက်ခဲ့စဉ်တုန်းက ဆိုရင်တော့ (၁) စီအိုင် အသစ်ထုတ်ပေးပါရန် လျှောက်လွှာ (၂) ဖခင် ဖြစ်သူ၏ ရောက်ရှိဆဲလအထိ အခွန်ဆောင်ပြီးကြောင်း ထောက်ခံစာ (၃) ဓါတ်ပုံ ၂ ပုံ (၄) ကလေး ၏ ကိုယ်ရေးရာဇ၀င် (၅) အပေါ်မှာ ပြောထားတဲ့ မွေးဖွားကြောင်းထောက်ခံစာ မိတ္တူ တို့ ကို ပေးရပါတယ်။ အဲဒီလို တင်ထားပြီး နောက်ထပ် ၂လ လောက်ကြာမှ (လူကြီးပါစ်ပို့ အသစ် လျှောက်သကဲ့သို့) သံရုံးကို လာရောက် ကာ စင်္ကာပူငွေ ၁၅၀ နှင့် သွားရောက်ယူရပါတယ်။ (ဘလော့ဂါမှ ဖြည့်စွက်ချက် ။ မနံ့သာ (Juneone) ရဲ့ ကွန့်မန့်အရ CI လုပ်၇င် ယခု စင်္ကာပူငွေ ၃၀၀ ဖြစ်သွားပါပြီတဲ့။)

ကလေး စီအိုင်က စာရွက်အလွန်အင်မတန် နည်းပါးပါတယ်။ ဗီဇာ ရိုက်ဖို စာမျက်နှာ (၇) မျက်နှာပဲ ပါတဲ့အတွက် အကျိုးရှိစွာ အသုံးပြုဖို့တော့ လိုပါတယ်နော်။ စီအိုင်သက်တမ်းတိုးချင်ရင်တော့ ၃ နှစ်အတွက် ကို ၁၅၀ ပေးရပါတယ်။ လွန်ခဲ့တဲလက ကျွန်တော်ရဲ့ ကလေးအတွက် သက်တမ်းသွားတိုးတာ စီအိုင်စာမျက်နှာလဲ ကုန်နေတော့ အသစ်ထုတ်ပေးဖို့ပါ တပါတည်း လျှောက်လိုက်ပါတယ်။ စီအိုင် အသစ်အတွက် ၁၅၀ ဒေါ်လာနဲ့ သက်တမ်းတိုးတာ ၁၅၀ ဒေါ်လာ စုစုပေါင်း ဒေါ်လာ ၃၀၀ ပေးလိုက်ရပါတယ်။ (ယခု၄၅၀ပေါ့)


နိုင်ငံပြောင်းလဲ၍ အခွန်ထမ်းဆောင်ခြင်း

လွန်ခဲ့တဲ့ ၁၀နှစ်ခန့် က ကျွန်တော် ထိုင်းနိုင်ငံတွင် အလုပ်လုပ်၊ ကျောင်းတက်စဉ်ကာလက ထိုင်းနိုင်ငံ မြန်မာသံရုံးတွင် သတ်မှတ်ထားသော အခွန်နှုန်းထားအတိုင်း အခွန်ပေးလာခဲ့ပါသည်။ ထိုစဉ်တွင် စင်္ကာပူနိုင်ငံတွင် ဆက်လက်လုပ်ကိုင်မည်ဟု စဉ်းစားပြီးသောအခါ ထိုင်းနိုင်ငံတွင် ကြိုတင်အခွန်အဖြစ် ရောက်ရှိနေသောနှစ်ထက် တနှစ်ပိုကာ အခွန်ဆောင်ခဲ့ပါသည်။
စင်္ကာပူသို့ ရောက်သောအခါ ကျွန်တော် အလုပ်ဆက်လုပ်နေပါသည်။ သို့သော်လည်း ကျွန်တော်၏ ပါတ်စ်ပို့ ကို သက်တမ်းတိုးရန် လိုလာသောအခါ စင်္ကာပူသံရုံးသို သွားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ဆောင်ရသော ငွေမှာ စင်္ကာပူနိုင်ငံတွင်ဆောင်ရမည့်ငွေထက် နည်းသောကြောင့် လိုအပ်သော ငွေကို ထပ်ပေးခဲ့ရပါသည်။ နားမရှုပ်အောင် ကျွန်တော် ပြောပြပါမယ်။

ထိုင်းနိုင်ငံတွင် ၁၉၉၅ဇန်န၀ါရီလ မှ ၁၉၉၆ နှစ်ဒီဇင်ဘာလ အထိ အခွန် တနှစ်စာဆောင်ခဲ့သည် ဆိုပါစို့။
ထိုင်းနိုင်ငံ တွင် ဆောင်ရမည် အခွန်ငွေ = ထိုင်းဘတ် ၄၀၀ =စင်္ကာပူငွေ ဒေါ်လာ ၂၀ ခန့် (ထိုစဉ်က ငွေလွဲနှုန်း )
စင်္ကာပူနိုင်ငံတွင် WP ဖြင့် အလုပ်စတင်လုပ်ချိန် ၁၉၉၅ မတ်လ
စင်္ကာပူတွင် WP အနည်းဆုံး ဆောင်ရမည့် အခွန်ငွေ = စင်္ကာပူငွေ ဒေါ်လာ ၄၀
ထိုကြောင့် မတ်လ မှ ဒီဇင်ဘာလ အထိ ကွာခြားသော ငွေ ဒေါ်လာ ၂၀ _ ၉ လ = ၁၈၀ ဒေါ်လာ ကို ထပ်ပေးလိုက်ရပါသည်။
အပေါ်က ပြောထားတာ က နည်းတဲ့ နေရာ ကနေ များတဲ့နေရာ ကို ကြိုဆောင်မိရင် ထပ်ပြီး ဖြည့်ခိုင်းတတ်တဲ့ သဘောရှိတယ်ပေါ့။

ကဲနောက်တမျိုးတကယ်လို့ စင်္ကာပူမှာ ပုံမှန်ဆောင်ဘူးပြီးသွားပြီ။ တခြားနိုင်ငံကို အလုပ်ကိစ္စကြောင့် ၃ လ မှ ၆ လ လောက်အထိ သွားရတယ်။ သံရုံးက လည်း ကိုယ်သွားတဲ့နေရာမှာ နီးနီး နားနားမှာရှိတယ်ဆိုရင် တော့ ဆောင်ချင်ဆောင်လိုက်ပါ။ သိပ်ပြီး ဝေးနေမယ် ကိုယ်နေရတာ ကလည်း လပိုင်းဆိုရင်တော့ ကျွန်တော် အကြံပေးလိုတာ က အဲဒီအတွက် အချိန်ကုန်ခံမနေစေချင်ဘူး။ စင်္ကာပူဆိုတာက ကျွန်းနိုင်ငံလေး။ သံရုံးဆိုတာ အလွန်ဆုံး နာရီဝက်အတွင်းရောက်တာလေ။ တခြားနိုင်ငံတွေ က သံရုံးက လည်း နိုင်ငံတိုင်းမှာ ရှိတာမဟုတ်တဲ့အတွက် စင်္ကာပူ ပြန်လာမှ ဆောင်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

တကယ်လိုများ ၁နှစ်နဲ့ အထက် ကြာမယ်။ အဲဒီနိုင်ငံက အခွန်ဆောင်နှုန်းထားက စင်္ကာပူ မြန်မာသံရုံးမှာ ပေးရတာထက် သက်သာရင်တော့ ပေးခဲ့လိုက်ပါ။


မြန်မာနိုင်ငံကို ၄-၅လ လောက်ပြန်သွားသူများ အခွန်ဆောင်ခြင်း

နောက်ထပ် ထပ်မေးတဲ့ မေးခွန်းကတော့ ပီအာ မြန်မာနိုင်ငံသားက အကြောင်းကြောင်းကြောင့် မြန်မာပြည်ကို ၄-၅ လ ပြန်သွားရတယ်ဆိုရင်၊ စင်္ကာပူ ပြန်လာတဲ့အချိန်မှာ မြန်မာပြည်ပြန်တဲ့ ကာလ ကို အခွန်မဆောင်ဖို့ ပြောဆိုမယ်ဆိုရင် တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကို သံဝန်ထမ်းကို နားလည် လက်ခံလာအောင် ပြောဖို့တော့ လိုအပ်ပါတယ်။ တချို့ကလည်း အဲဒီလို ပြောရမှာ ၀န်လေးတဲ့အတွက် ပြောမနေတော့ပဲ အခွန်ဆောင်လိုက်ကြပါတယ်။

တကယ်လို့ ပြောမယ်ဆိုရင်
(က) လွန်ခဲ့တဲ့ ၆ လခန့်က မြန်မာပြည်ကို ပြန်သွားရကြောင်း၊ အဲဒီလိုပြန်သွားရကြောင်းကို မြန်မာပြည်ကို ပြန်သည့်နေ့စွဲပါ ပါစ်ပို့ ထဲမှာ မြန်မာပြည်အ၀င်တုန်း အထွက်တုန်း များကို သေချာစွာ ပြပြီး ပြောဆိုရနိုင်ပါသည်။

(ခ) ထိုကဲ့သို့ မြန်မာပြည်ကို ပြန်သွားပြီး ယခုအခါ စင်္ကာပူကို ပြန်လာကာ အလုပ်လုပ်ကိုင်နေပြီ ဖြစ်ကြောင်းနဲ့ စင်္ကာပူမှာ လုပ်သော အလုပ်ခန့်စာ များကို အသစ် (ပထမ အကြိမ် ) ဆောင်သကဲသို့ အစအဆုံး ပြန်ပြ နိုင်လျင် လက်ရှိ ပြန်လည်ရောက်လာသော နေ့မှ စ၍ အခွန်ပြန်လည် ပေးဆောင်နိုင်ပါသည် ခင်ဗျာ။

အခုဆိုရင် မြန်မာသံရုံးမှာ အခွန်နှင့်သော်လည်းကောင်း မြန်မာနိုင်ငံသားများအတွက် လိုအပ်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ ထောက်ခံမှု များအတွက် အချက်အလက် တချို့ ကို ကျွန်တော် မှတ်မိ ဉာဏ်မီသလောက် ရေးပြခဲပြီးပါပြီ။ အကယ်၍များ ဒီထက် ပိုသိလိုသည်များ ရှိသေးလျင်သော်လည်းကောင်း ကျွန်တော် ကျန်ရှိနေသေးသော အချက်အလက်များရှိနေသေးရင် ထောက်ပြ ဆွေးနွေး နိုင်ပါတယ်ခင်ဗျာ။ မြန်မာသံရုံးမှာ အခွန်ဆောင်ခြင်းနှင့် ပါတ်သက်လို့ ကျွန်တော် ဒီမှာပဲ ရပ်နားလိုက်ပါတယ်။

မောင်ခြိမ့်

8 comments:

  1. ချိုဂျီးရေ...
    စာအုပ်အသစ်လဲတာက ၅၀၀ပါ။
    လဲတဲ့ အချိန်ကနေစလို့ သက်တမ်း ၃နှစ်ရပါတယ်။
    အရင်ကလို အကြာကြီးမစောင့်ရတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ မြန်မာပြည်ကို အရင်ကလို ပြန်မပို့ဘူးတော့ဘူးနဲ့တူတယ်။
    စာရွက်စာတမ်းနဲ့ တင်ပြီး ၁ပတ်အကြာမှာ စာအုပ်အသစ် ပြန်ရပါတယ်။
း-)

    ReplyDelete
  2. Not that easy. If you go there you will see. I don't want to explain about it.

    ReplyDelete
  3. ပြောဖို့ မေ့သွားလို့ ချိုဂျီးရေ...
    နာ့စာအုပ်ကို ပြီးခဲ့တဲ့လကမှ သွားလဲထားတဲ့ အတွေ့အကြုံကို ပြောပြတာ...
    အခွန်၂နှစ်စာ နဲ့ စာအုပ် အသစ်လဲခ -ပေါင်း စလုံး ၃၀၀၀ကျော်တော့ နှမျောတသာ ၃ကြိမ်ရွတ်ပြီး ပေးလိုက်ရတာပေါ့... ရွှတ်... ဘတ်...
    လျှောက်တဲ့နေ့က နာ့ညီမကို သူကျောင်းသွားတဲ့ အချိန် မနက်ပိုင်း ၉နာရီလောက် တုံကင်ဝင်ယူခိုင်းလိုက်တယ်။
    နံပါတ် ၆၇ရတယ်။ နာက နေ့လည် ၂နာရီ၁၅ရောက်တယ်။ ၄နာရီမှာ အားလုံးပြီးတယ်။
    နောက်တပတ် စာအုပ်ရပြီလားဖုန်းဆက်မေးတော့ ရပြီဆိုလို့ နေ့လည်ပိုင်းပဲ သွားယူတယ်။ စာအုပ်ယူတာ တုံကင်ယူစရာမလိုဘူးဆိုလို့ နေ့လည် ၂နာရီခွဲရောက်တယ်။ ၃-၃၀မှာ ရတယ်...။
    အဲသာကတော့ လွန်ခဲ့တဲ့ ၁လက အခြေအနေပဲ....

    ReplyDelete
  4. up date လုပ်ပေးတဲ့ သယ်ရင်းကြီး ကြီးတော်စုချစ် ကျေးဇူးပဲအေ။

    တခြားသူများလဲ လောလောလတ်လတ် အတွေ့အကြုံလေးတွေ မတူတာလေးတွေရှိရင် ကွန့်မန့်မှာ ရေးသွားနိုင်ပါတယ်။ update သတင်းလေးတွေ သိရတာပေါ့။

    လာဖတ်သူများအားလုံး ကျေးဇူးပါရှင်။

    ReplyDelete
  5. ကလေး CI က အခု ၃၀၀ဖြစ်သွားပါပြီ။

    ReplyDelete
  6. TT Sweet,
    မသိလို့မေးပါရစေ.
    မှီခိုpassport နဲ့ ရိုးရိုး passport ဘာကွာလဲ.....

    ReplyDelete
  7. အိမ်မက်ချို မေးခွန်းအတွက်

    ပါစ်ပို့ကတော့ တူတူပဲ
    ဒါပေမဲ့ Endorsement, Amendments and observation စာမျက်နှာမှာ အတွင်းဝန်ကနေ ဒီပါစ်ပို့ပိုင်ရှင်ရဲ့ status က့မှီခို ဖြစ်ပါတယ်လို့ မှတ်ချက်ရေးပေးထားပါတယ်။

    Employment ကပြောင်းရင်လဲ ဘယ်နေ့ကစလို့ Employment status ကနေ dependent status ကို ပြောင်းထားပါကြောင်း မှတ်ချက်ရေးထားပါတယ်။

    ReplyDelete
  8. ကျေးဇူးပါပဲအမရေ....
    ကျွန်မ တကယ်မသိတာပါ။

    ReplyDelete