



ပထမ မွှေး ပဲစိမ်းမုန်. ကို ရေနဲ.၃း၅ ရောရပါမယ် ... အထုပ်ကြီးတစ်ထုပ်ဆို အိမ်မှာဆန်ချင်တဲ.ခွက်နဲ. ၂ခွက်ရှိပါတယ် ... လူ၄-၅ယောက်စာလောက်ရှိပါတယ် ... တီဆွိတို.အိမ်မှာတော့ ၃ခွက်ကျိုပါတယ် ... ရေက ၇ ခွက်ခွဲထည်.ပါတယ်။
ပြီးရင် ဆားရယ် အချိုမှုန်.ရယ် ဆနွန်းမှုန်.ရယ် နဲနဲစီသင့်သလိုထည်. ပြီး လက်နဲ. ပဲမှုန်.အခဲလေးတွေ ကြေသွားအောင် စိမ်ပြေနပြေ ချေနယ်ပေးရပါမယ် ... ဆနွန်းမှုန်.ကအရောင်လေးလှအောင်ပါ ...
နောက်မှို.ဆို တို.ဟူးကဖြူဖြဲဖြဲနဲ. လူမမာရောင်ပေါက်နေပါမယ် ...
၅မိနစ်လောက်ချေပြီးရင် မီးဖိုပေါ်တင်ပြီး မီးပြင်းပြင်းနဲ.အဆက်မပျက်မွှေပေးရပါမယ် ...မွှေ ရင်းနဲ. ၄-၅မိနစ်ကြာလို. ပျစ်လာရင် မီးလျှော့ပြီး ဆားအပေါ့အငန်မြည်း လိုရင်ထပ်ထည်.ပါ ... ၆မိနစ်-၇မိနစ်ကြာလို..ညောင်စေးကျရင် အဆင်သင်.ပြင်ထားတဲ. ခွက်ထဲကိုလောင်းထည်.ပြီး ခဲထားလို.ရပါပြီ ... အပေါ်ရံကြောလေးလှအောင် ဇွန်းလေးမှာဆီဆွတ်ပြီးချောအောင် သတ်ချပေးပါ ... တစ်နာရီလောက်ကြာလို. ခဲရင် သုတ်စား ကြော်စားဖို. အဆင်သင့်ဖြစ်ပါပြီ။
တို့ဟူးကျိုတဲ.နေရာမှာ လျှို.ဝှက်ချက်ကတော့ အဆက်မပျက်မွှေပေးဖို.နဲ. မီးအလျှော့အတင်းကို ဂရုစိုက်ဖို.ပါပဲ ... နောက်ပြီး ပဲမှုန်.အခဲလေးတွေကို ကြေအောင်ချေပေး ဖို.လည်း အရေးကြီးပါတယ် နောက်မှို.ဆို တို.ဟူးက ဗြုတ်ကလေးတွေထပြီး ကြည်.ရဆိုးပါတယ် ...လှီးလို.လည်းမကောင်းပါဘူး ...
မဆွီတီတို.အိမ်မှာတော့ တီဆွိရယ် အိမ်ဦးနတ်ကြီးရယ် သမီးရဲ.ကြီးတော်ရယ် အင်တိုက်အားတိုက် တလှည်.စီ မွှေကြပါတယ် ... အားလုံး တို.ဟူးသုတ်ကြိုက်တဲ.သူတွေချည်းဆိုတော့ ပျော်ပျော်ပါးပါးပေါ့...
မွေးအစိမ်းမှုန့်ထက် ခုဈေးကွက်မျာ ပေါ်နေတဲ့ (နိုင်လွန်ပဲမှုန့်) က ပိုမွေးပြီး အရသာ ပိုရှိတယ်အစ်မ၊ စမ်းကျိုကြည့်ပါ။ ထို့ဟူးနွေးလုပ်စားလဲ ကောင်းတယ်။
ReplyDeleteစိန်ဖြိုးတံဆိပ် တိုပူးမုန့် လဲရှိသေးတယ်။ ကျွန်မတော့ အဲဒါနဲ့ပဲ ကျိုစားတယ်။ ရှမ်းတိုပူးအရသာ လိုပဲ။ အဲ မန္တလေးက ထုတ်တာထင်တယ်။
ReplyDeleteသြော် ခေတ်မှီနေတဲ့ စင်ကာပူပါလားနော်... ကျွန်တော်တို့ မလေးရှားတော့ ဘာမှမရှိဘူးဗျာ....ဖောက်သည်ပေးမလားဟင်...လက်ငင်းငွေချွေစနစ်ပေါ့...ဟားဟားဟားဟားဟားဟားဟားဟား
ReplyDeleteမမ နိုင်းနိုင်းစနေက တစ်မျိုးပြောတယ် တိုဖူးကျိုနည်းကို ...
ReplyDeletehttp://www.99sanay.com/2012/08/blog-post.html
အိမ်မှာ တို့ဟူးလုပ်စားကြရင်း ဆွိတီဘလော့ဂ်ထဲရောက်လာတယ် ^_^
ReplyDelete