Saturday, April 18, 2009

နှစ်ဆန်းတစ်ရက်နေ့ အလှူ ...

အိမ်ရောင်းနေသူတွေကြား မုန့်ရောင်း : ) ... အဲ မုန့်ကျွေးလိုက်ဦးမယ်။ ဒီနေ့နှစ်ဆန်း ၁ရက်နေ့ဆိုတော့။အလှူပေါ့နော်။

ကြေးအိုးဆီချက် အရင်စားနှင့်နော်။



ရှမ်းထမင်းချဉ်ပါ။

ဒီကတော့ အသုတ်စုံပါ။ လှည်းတန်းဈေးထဲက အသုတ်စုံ စားချင်လို့ ချင်ချင်းတတ်တိုင်း ဒီလိုသုတ်စားနေကျ။ လာမဲ့ sunday သူငယ်ချင်းတွေ အိမ်လာမယ်ဆိုလို့ စုပြီးအဲလိုသုတ်စားကြမလို့။ ၇ှူးရှဲ ... ချဉ်ငန်စပ်လေး။ ဟင်းချိုကတော့ ပုဇွန်ခြောက်နဲ့ ပဲပင်ပေါက် ... ငရုပ်ကောင်းမွှေးမွှေးလေး ခပ်ပြီး ... သောက်လိုက်မယ်။


အိမ်မှာတော့ မနက်ဖြန် မုန့်လုံးရေပေါ်လုပ်ပြီး ဘေးအိမ်တွေကို လိုက်ဝေမယ် စိတ်ကူးထားပါတယ်။
မနှစ်က လုပ်စားတဲ့ မုန့်လုံးရေပေါ်ပါရှင့်။


စမူစာကြော်လေးလဲ လက်ဖက်ရည်နဲ့မြည်းရင် အရမ်းကောင်း။

4 comments:

  1. ကျေးဇူးအထူးတင်ပါတယ် တီတီဆွိရေ...
    ကြေးအိုးဆီချက်က ကြည့်ရတာ စားချင်စရာ..
    ရှမ်းထမင်းချဉ်ကတော့ မကြာမကြာ လုပ်စားဖြစ်ပါတယ်...
    ရှမ်းပဲပုပ်ကိုတော့ လွမ်းမိတယ်...
    အသုပ်ကလည်း တယ်စုံတာကိုး..
    တို့ ဟူးကကိုယ့်ဖာသာကိုယ် ကြိုတာလား..
    မုန့် လုံးရေပေါ်ကလည်း အုန်းသီးနိုင်းချင်းနဲ့  ဆွဲဆောင်မှုအပြည့်...
    ဆမူဆာကလည်း လဘက်ရည်နဲ့  မြည်းလို့ ကောင်းမယ်နော်...
    နှစ်သစ်မှာ အစားအသောက်အသစ်တွေ ချက်ပြီး ဆထက်တဘိုး လှူနိုင်တန်းနိုင်ပါစေ ခင်ဗျားးးးးး

    ReplyDelete
  2. သူငယ်ချင်းဆွိရေ… အပြင်အဆင် အရောင်အသွေးကြည့်လိုက်တာနဲ့  တို့ သူငယ်ချင်းလက်ရာ ဘယ်လောက်ကောင်းသလဲဆိုတာ မှန်းလို့ ရပါတယ်… လက်တွေ့ တကယ်မြည်းခွင့်ရရင် ဘယ်လောက်ကောင်းမလဲ… ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ပေါ်မှာ အ၀စားသွားပြီနော်… မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေလို့ …

    ReplyDelete
  3. အင်း... လုပ်နိုင်ပါပေတယ်...။ တော်လိုက်တာနော်...။
    ဆွိတို့နားကို ပြောင်းလာရရင် ကောင်းမလားလို့တောင် စဉ်းစားနေမိတဲ့အထိပါပဲ...။

    သူငယ်ချင်းတို့ မိသားတစု နှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းပေးနေပါတယ်...။

    ReplyDelete
  4. ချက်ထားတာတွေ ကြည့်ပြီး စားချင်လိုက်တာ.. ဟင်းချက်နည်းလေးတွေပါ ပြောပြပေးနော်.. :)
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ.. :)

    ReplyDelete