
သင်္ကြန်အကြိုနေ့ရောက်တာနဲ့ အဖွားက အိမ်ရှေ့မှာ ခုံလေးခင်းပြီး အတာအိုးလေးတပြင်ပြင်နဲ့ဖြစ်နေပြီ။ သကြားမင်းကိုကြိုဘို့တဲ့။ အဲသာဆို မဆွိတီတို့ သူငယ်ချင်းတွေ မြွေမကြောက်၊ဘာမကြောက်နဲ့ တောတိုးပြီး အဖွားမှာတဲ့ အရွက်တွေအပြင် တောထဲက လှတယ်လို့ထင်တဲ့ ပန်းတွေ တပွေ့တပိုက်နဲ့ ခူးပြီး ပြန်လာတာပျော်စရာ။
အဲဒီတုံးက မာလကာရွက်၊ ဇီးရွက်၊ အုန်းရွက်၊ ကန့်ကော်ရွက်၊သပြေရွက်၊ မြေဇာရွက် အစရှိသဖြင့် အဖွားမှာတာခူးရတာ။ ရေတမာရွက်လဲပါတယ်ထင်တာပဲ။ သင်္ကြန်ချိန်မှာပွင့်တဲ့ ပိတောက်ပန်းတို့ဘာတို့လဲ အတာအိုးလေး ဝေစည်အောင် ထည့်ရသေးတယ်။ ပထမတော့ ဒီအရွက်တွေနဲ့ အတာအိုးထိုးတာ အဓိပ္ပါယ်ကို မသိဘူးရယ်။ အဘွားခူးခိုင်းတာ ခူးလိုက်တာပဲ။ နောက်မှ

ထူးဆန်းတာက အတာအိုးကို အဲလိုအရွက်တွေပဲ နေ့နံသင့်အောင် ထည့်တာများတယ်။ အိမ်မှာ နှင်းဆီပန်းတွေစိုက်လို့ နှင်းဆီလှိုင်လှိုင်ပေါပေမဲ့ စနေအတွက်ဆို နှင်းဆီပန်းဘယ်တော့မှ မထည့်ပဲ တမာရွက်ပဲထည့်တာ ရှေးကအယူမှို့

နောက်ပြီးမှတ်မိတာ သင်္ကြန်ချိန်ခါဆို တောထဲမှာ ပန်းလေးတွေ ရောင်စုံလှိုင်လှိုင်ပွင့််ကြတယ်။ အဲဒီပန်းတွေကိုလည်း နာမည်မသိတော့ သင်္ကြန်ပန်းခေါ်ကြတာ။ ပန်းမသိ သင်္ကြန်ပန်းပဲဆိုတောင် ပြောစမှတ်ပြုကြတယ်။ နောက်မှ ကိုယ်ခေါ်တဲ့ ခရမ်းရောင် သင်္ကြန်ပန်းကို ပျဉ်းမပန်းတဲ့။
သင်္ကြန်နားနီးလို့ ငယ်မူပြန်ပြီး အမှတ်တရ အတာပန်းတွေ လိုက်ခူးချင်ပေမဲ့ စလုံးမြို့ကြီးမှာတော့ဖြင့် ဒဏ်ရိုက်မှာကြောက်လို့ မခူးရဲ

အွန်လိုင်းက ဂူဂဲေ






မှတ်သားသွားတယ်အစ်မ
ReplyDeleteအရင်က
ဈေးမှာ လှလှပပ စည်းနှောင်ပြီး ရောင်းတဲ့ အတာပန်းကိုဝယ်
အတာအိုးကိုဝယ်ပြီး အတာအိုးထိုးလိုက်တာပဲ ..
နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ..
နှစ်သစ်မှာ ဟင်းစပ် အသစ်လေးတွေ များများ တင်နိုင်ပါစေဗျား။ သွားရည် လာလာကျရတာ ခဏခဏပါပဲ
ReplyDeleteဆွိရေ… အတာပန်းအတူလိုက်ခူးသွားတယ်… အောက်ဆုံးက တမာပန်းလေးတွေ့ တော့ စိတ်ကို ကြည်သွားတာပဲ… ဒါလေးဖတ်ပြီး အတာအိုးလေးတောင် တကယ်ထိုးချင်လာပြီ… သကြားမင်းကြီးက စင်္ကာပူလာပါ့မလား… နှစ်သစ်မှာ စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ …
ReplyDeleteလှတယ်
ReplyDeleteတီတီချိုရေ အမေ့ကို သတိရမိသွားပြီဗျာ။ နှစ်တိုင်းသူက ရိုးရာမပျက်ထိုးနေကြလေ။
ReplyDelete