Sunday, April 26, 2009

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၇) အပိုင်း (ခ)

(နောက်ဆုံးပိုင်းဖြစ်ပါသည်)
ဘဏ်ကို အကြောင်းကြားတဲ့အခါမှာလည်း သေသေချာချာပြောဆိုတတ်ဖို့လိုပါတယ်။ ဘဏ်ဆိုတဲ့ သဘောသဘာဝ အရ သူတို့အတွက် ကျန်အောင်အမြဲစဉ်းစားတတ်တာဖြစ်လို့ ကိုယ်က သေသေချာချာ ညွန်ကြားဖို့တော့ လိုအပ်ပါတယ်။ ငွေ ၁၀၀၀၀ အား ဘဏ်ကို (Capital Repayment) အဖြစ်ပေးသွင်းမယ်၊ လစဉ်ပေးသွင်းငွေကို ပုံသေ (fixed) ထားပြီး ပေးသွင်းရမဲ့ နှစ် (Loan Period) ကိုလျော့ချမယ်လို့ သေသေချာချာ ပြောဖို့လိုအပ်ပါတယ်။

ဘာမှ မပြောပဲ ဘဏ်ကို Capital Repayment သွားပေးရင်တော့ ဘဏ်က ပေးသွင်းရမဲ့ နှစ် (Loan Period) ကို မလျော့ပဲ လစဉ်ပေးသွင်းငွေ (Installment) ကိုသာ လျော့တတ်ပါတယ်။ အဲဒီအခါမှာ တိုးရင်းပေါင်း ပေးငွေ မလျော့သွားပဲ မူလအတိုင်းနီးပါးမျှသာ ရှိတတ်လို့ မထူးခြားပါဘူး။ သတိပြုစေလိုပါတယ်။

ပုံမှာ နမူနာအဖြစ် ပြထားတဲ့ အတိုးပေးငွေ လျော့ကျမှုက
(က)၂ နှစ်ပြည့် (၂၄ လ)တွင် Capital Repayment ဒေါ်လာ ၁၀၀၀၀၊ အတိုးလျော့ငွေ ဒေါ်လာ ၁၉၅၅၈။
(ခ) ၃ နှစ်ပြည့် (၃၆လ)တွင် ထပ်မံ Capital Repayment ဒေါ်လာ ၅၀၀၀၊ အတိုးလျော့ငွေ ဒေါ်လာ ၈၄၈၂၊
(ဂ) ၄ နှစ်ပြည့် (၄၈ လ) တွင် ၊ထပ်မံ Capital Repayment ဒေါ်လာ ၁၀၀၀၀၊ အတိုးလျော့ငွေ ဒေါ်လာ ၁၄၇၃၆။
(ဃ) ၅ နှစ်ပြည့် (၆၀ လ)တွင် ၊ထပ်မံ Capital Repayment ဒေါ်လာ ၁၀၀၀၀၊ အတိုးလျော့ငွေ ဒေါ်လာ ၁၂၄၄၉။
(င) ၆ နှစ်ပြည့် (၇၂ လ) တွင် ၊ထပ်မံ Capital Repayment ဒေါ်လာ ၁၀၀၀၀၊ အတိုးလျော့ငွေ ဒေါ်လာ ၁၀၄၇၈။



ထိုကြောင့် Capital Repayment ဒေါ်လာ ၄၅၀၀၀ တွင် ၆ နှစ်အတွင်း အတိုးစုစုပေါင်းလျော့ငွေ ဒေါ်လာ ၆၅၇၀၀ ခန့် ရှိမယ်ဆိုတာ ထင်ရှားစွာတွေ့ရမှာပါ။

(၃) မိမိဘာသာ ချေးငွေ၊ အတိုးနှုန်းနဲ့ ပေးသွင်းရမဲ့ နှစ် (Loan Period)တို့ကို ပြောင်းလဲ ပြီး စမ်းသပ်မယ်ဆိုရင် အောက်က ပေးထားတဲ့ ဖိုင်မှာ ရယူအသုံးပြုနိုင်ပါတယ်။ အပြာရောင် ရှယ်ထားတဲ့နေရာမှာသာ လိုအပ်တဲ့ အချက်အလက်ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

http://www.mediafire.com/?mu0wr4gaxge

အကယ်၍ Capital Repayment ကိုပါ ထည့်သွင်း စဉ်းစား တွက်ချင်တယ်ဆိုရင် အောက်မှာ ပြထားတဲ့ပုံအတိုင်း အစိမ်းရောင် ၀ိုင်းထားထဲနေရာမှာ ပေးသွင်းလိုတဲ့ ပမာဏ ထည့်သွင်းခြင်းဖြင့် စမ်းသပ်နိုင်ပါတယ်။




ညီအကို မောင်နှစ်မများအားလုံ အိုးပိုင်အိမ်ပိုင် ဘ၀နဲ့ အောင်မြင်တဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ပါစေ။


ရည်ညွန်းကိုးကားချက် (Reference)

၁) http://www.hdb.gov.sg
၂)http://www.dbs.com.sg / POSB Home Loan rate
၃) http://www.938lives.com.sg / News and 938 lives get you talking.

ဝန်ခံချက်။

ီံအိမ်ဝယ်တော့မည်ဆိုလျင် သိသင့်စရာများ ဆောင်းပါးသည် မြန်မာနိုင်ငံသား ပီအာများအတွက် အိမ်ဝယ်ရန် အချက်အလက်များကိုသာ အဓိကထား ပြောပြထားချက်များသာ ဖြစ်သောကြောင့် မပြည့်စုံသော အချက်အလက်များ၊ မှားယွင်းမှု များ ပါရှိသွားပါက စာရေးသူ၏ အားနည်းချက်များသာဖြစ်ပါသည်။

ထိုအပြင် အချက်အလက်ကို သာ အဓိကထားရေးသားထားခြင်းကြောင့် မြန်မာသတ်ပုံ မှားယွင်းမှုများ၊ မြန်မာသဒ္ဒါမှားယွင်းမှုများရှိပါက စာရေးသူ၏ အားနည်းချက်သာဖြစ်ပါသည်။

မောင်ခြိမ့်
-----------------------------------------------------------------------------------------
အပိုင်းအားလုံးစုဖတ်ချင်လျင် pdf File ကို အောက်က web page တွင်ရယူပါရန်။
http://www.mediafire.com/?gzn1ndwyvn5


((မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
all credit to MMCP and Ko Mg Chaint )

2 comments:

  1. Hi Ko Mg Chaint & Aunty Sweet,

    Your posts on buying HDB flats are of great use and very informative for us. Thank a lot for taking yr time & sharing this valuable knowledge.

    ReplyDelete
  2. Thank you very much for knowledge sharing.

    ReplyDelete