Wednesday, April 22, 2009

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၇) အပိုင်း (က)

ဆက်လက်ပြီး ရေးသာမှာကတော့ ဘဏ်တိုးများ၊ လစဉ်ပေးသွင်းရန် ပမာဏ နဲ့ အရင်းပေးဆပ်မှု (Capital Repayment) အကြောင်းတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် အနေနဲ့ ဥပမာပေးတင်ပြမှာကတော့ HDB Flat အိမ် (၃+၁) ရဲ့ တန်ဖိုးငွေ ၃ သိန်း ၂သောင်းတန် အိမ်ကို လက်ငင်းငွေချေမှု (Down payment) အိမ်၏ ၁၀ ရာခိုင်နှုန်း ပေးပြီးတော့၊ ငွေချေးငှားကာလ နှစ်၃၀ နဲ့ ဘဏ်တိုးနှုန်း ၄ ရာခိုင်နှုန်းတို့ ကို အခြေခံပြီးတွက်ပြမှာပါ။

(၁) ပထမဦးဆုံး အနေနဲ့ အရှင်းလင်းဆုံး က စတင်ပြီး ပြောရမယ်ဆိုရင် လစဉ် ပေးသွင်းရန်ငွေ (စီပီအက်မှ) က တစ်လကို ၁၃၇၅ ဒေါ်လာ နဲ့ နှစ် ၃၀ပေးဆပ်ရတာပါ။ ၃ သိန်း ၂သောင်းရဲ့ ၉၀ ရာခိုင်နှုန်းက ချေးငွေ ၂၈၈၀၀၀ ဒေါ်လာပါ။

အောက်က ပုံမှာ နမူနာအဖြစ် ကြည့်နိုင်ပါတယ်။


ပုံထဲမှာ ပြထားတဲ့အတိုင်း နှစ်၃၀ ကို ချေးငှားမယ်ဆိုရင် တစ်လ ၁၃၇၅ ကျပ် ပေးသွင်းရပြီးတော့ နှစ် ၃၀ ကြာတဲ့ အခါမှာ အတိုးငွေ စုစုပေါင်း ဒေါ်လာ ၂၀၆၉၈၄ ပေးလိုက်ရတာ ကို တွေ့ရမှာပါ။ (အနီရောင်နဲ့ ၀ိုင်းထားတဲ့ နေရာလေးကို ကြည့်ပါ။ ) နှစ်၃၀ အတွင်း အတိုးနှုန်းလဲ မပြောင်းလဲ။ ကိုယ်ကလည်း ဒီအတိုင်း နေမယ်ဆိုရင် အေ<ကးကျေသွားပြီးတော့ ကိုယ်ပေးလိုက်ရတဲ့ ငွေ စုစုပေါင်းက တိုးရင်းပေါင်း = ဒေါ်လာ ၄၉၄၉၈၄ ပေးလိုက်ရပါတယ်။ ဘဏ်တွေ ဘယ်လိုအသက်ရှင် အမြတ်ဘယ်လိုရတယ်ဆိုတာ ကို အဲဒီ နမူနာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ထပ်ပြီး ပြောရမယ်ဆိုရင် ပထမနှစ် မှာ (အစိမ်းရောင်းနဲ့ ၀ိုင်းထားတဲ့ နေရာ။) ကိုယ်က ၁၃၇၅ _ ၁၂ လ = ဒေါ်လာ ၁၆၅၀၀ ပေးလိုက်ပေမဲ့၊ တကယ်တမ်း ကိုယ်ရဲ့ အိမ်ရဲ့ အရင်းထဲကို ဒေါ်လာ ၅၀၇၁ သာ ၀င်ရောက်သွားပြီး အတိုးအနေနဲ့ ဒေါ်လာ ၁၁၄၂၇ ကို ပေးလိုက်ရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

(၂) အခုဆက်လက်ပြောမှာက အပေါ်ကလို အတိုးတွေ အများကြီးပေးရတာကို လျောကျသွားအောင် ကျွန်တော်တို့ ဘက်က ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ ကို ကျွန်တော်ပြောပြမှာပါ။ အကောင်းဆုံးကာကွယ်နိုင်တာကတော့ အရင်းဆပ်ခြင်း (Capital Repayment) ကသာ အတိုးတွေ အများကြီးပေးရမှုကို ကာကွယ်နိုင်ပါတယ်။

ဘယ်လိုပေးရမလဲဆိုရင် ကျွန်တော်တို့တစ်တွေ လစဉ်ပေးရမဲ့ငွေကို စီပီအက်ဖ်ထဲက ထုတ်ပြီးပေးတာပါ။ အဲဒီမှာ ကျွန်တော်တို့ အလုပ်လုပ်လို့ ၀င်လာမဲ့ငွေတွေလည်းရှိပါတယ်။ ဒီနေရာမှာ အိမ်အတွက် လစဉ်ပေးရမဲ့ငွေ ပေးပြီးတဲ့ အချိန်မှာ Ordinary Account မှာ ငွေ ထပ်ကျန်နိုင်ပါသေးတယ်။ အဲဒီ Ordinary Account မှာ ကျန်တဲ့ငွေ တွေကို စုထားပြီး ကိုယ်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ ၂ ယောက်ပေါင်း CPF Ordinary Account ထဲက ငွေကို Capital Repayment အဖြစ် ဘဏ်ကို ဆပ်တာပါ။

တချို့ကတော့ ကိုယ်ရဲ့ စီပီအက်ဖ်ထဲက မဟုတ်ပဲ ပြင်ပက စုငွေကို ပေးကြပါတယ်။ ကျွန်တော်က အားမပေးပါဘူး။ ပြင်ပကစုငွေ ဆိုတာ စီးပွားရေးကျတဲ့အချိန်၊ ကျန်းမာရေးအတွက် လိုအပ်မှုတွေ အတွက် ပဲ ထားရှိစေပြီး၊ အိမ်အတွက် ဆိုရင်တော့ စီပီအက်ဖ် ထဲက ပေးပါလို့ အကြံပေးပါတယ်။ စီပီအက်ဖ်ဆိုတာ အိမ်ဝယ်တဲ့နေရာမှာပဲ သေသေချာချာ သုံးရပြီး တခြားနေရာတွေမှာ သုံးစွဲလို့ မရတတ်တဲ့ငွေပါ။



အပေါ်က ပုံမှာ ဥပမာပေးထားတဲ့အတိုင်း ၂ နှစ်ပြည့် (၂၄ လစာ) Installment ပေးပြီးသွားတဲ့နေ့မှာ စီပီအက်ဖ်ထဲက ငွေ ၁၀၀၀၀ အား ဘဏ်ကို Capital Repayment အဖြစ်ပေးသွင်းမယ်ဆိုပြီး ဘဏ်မှာရှိတဲ့ ဖောင်ဖြည့်ပြီး အကြောင်းကြားရပါတယ်။ အရင်ဆုံး အတိုးငွေ အနေနဲ့ ကျွန်တော်တို့ သက်သာတာက ဒေါ်လာ ၁၉၅၅၈ ပဲ ဖြစ်ပါတယ်။ ကိုယ်ပေးလိုက်တာ အရင်းက ၁၀၀၀၀ ပေမဲ့ သက်သာသွားတဲ့ အတိုးက ၂ သောင်းနီးပါးဖြစ်တာကို တွေ့ရမှာပါ။

((မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။ all credit to MMCP and Ko Mg Chaint)

1 comment: