Tuesday, April 28, 2009
ဘလော့ဂါရွာမှ တွေ့ဆုံဘူးချင်သူများ ...
သူငယ်ချင်း တန်ခူးက ကိုယ်လို ဘလော့လောကထဲဝင်ကာစ ဘလောဂါပေါက်စကို လူရာသူရာ အဲ ဘလောဂါရာသွင်းပြီး တက်ခ်ထားတော့ ရေးရအုံးတော့မှာပေါ့နော်။ တစ်ခုကြိုတောင်းပန်ချင်တာက တန်ခူးတို့လို့ ကိုယ်က နုနုလှလှချစ်စရာလေးတွေ မရေးတတ်တော့ ပိတ်သတ်များ ဖတ်ပြီး တစ်ခါဆက်ဆံ ၁၀ခါလန်ဆိုတာမျိုး ဖြစ်သွားမှာကြောက်လို့ ကြိုတင်တောင်းပန်ပါသည်။
ဘလောဆိုတော့ အစကနေ စရေးရရင် ဟိုးအရင် ကိုယ့်အိမ်ကလူကြီးက ပြောပြောနေတာ ... ဘလော့ ... တို့ ... ဖိုရမ်တို့ ... ကိုယ်က အဲဒီအချိန်က အဲလို စကားလုံးတွေနဲ့ မနီးစပ်တော့ ... ယောက်ျားရယ် ... ဘာတွေပြောနေတာလဲဟင် ဆို... သူကရှင်းပြ ... ကိုယ့်မှာ နားလည်သလိုလို ... ဘာလိုလို ... မသဲကွဲပါဘူး။ နောက်တော့ မြန်မာကျူးပစ်ဖိုရမ်မှာ စာလေးတွေစရေးရင်းနဲ့ တစ်ဖက်ကလဲ ဘလော့လေးတွေ လျောက်ဖတ် လျောက်လည်ရင်း အော် ... ဖော်ရမ်ဆိုတာ ဒီလို ... ဘလော့ဆိုတာ ဒါ ... ဆို သိလာရတယ်။
ကိုယ်တွေ့ဘူးချင်တဲ့ ဘလော့၈ါတွေက ကိုယ်ဟိုးရှေးရှေးထဲက ဖတ်ခဲ့တဲ့ ဘလော့ဂါတွေ အပါအ၀င် အခု ဘလော့ လေးလုပ်ပြီးမှ ခင်မင်ခဲ့ရတဲ့ သူတွေပဲ ဖြစ်မှာပါ။ ဘလော့မှာရေးတာဆိုတော့ ကိုယ့်ရဲ့ "တွေ့ဆုံဘူးချင်သူများ" ဆိုတာကို "ဘလော့ရွာမှ တွေ့ဆုံဘူးချင်များ" လို့ နာမည်ပြောင်းရေးလိုက်တော့မယ် တန်ခူးရေ။
ပထမဆုံးကိုယ်ဘလော့တွေ စဖတ်မိတာ နိုင်းနိုင်းစနေ ဘလော့ပါ။ သူရေးတာလေးတွေ ငယ်ငယ်ကအကြောင်းလေးတွေ စိတ်ဝင်စားဖို့ကောင်းတယ်။ ဗဟုသုတရစေတဲ့ ဘာသာပြန်ဆောင်းပါးလေးတွေ၊ ဘာသာပြန် ဟာသလေးတွေ စိတ်ဝင်စားစရာ ဖတ်စရာတွေအများကြီးမှို့ ၀မ်းသာအားရ သွားဖတ် ခဲ့တယ်။ ငယ်ပေမဲ့ စာရေးကောင်းတဲ့၊ ဗဟုသုတအကြားအမြင်လေးတွေပေးတတ်တဲ့ ညီမလေးကို တွေ့ဘူးချင်တယ်။
နောက်တော့ ကိုယ်မှတ်မိတာ ကိုအန်ဒီရဲ့ We She Me ဆိုတဲ့ ဘလော့လေးနဲ့ ရင်းနှီးခဲ့ပြန်တယ်။ အော်စီအကြောင်း၊ ခလေးတွေ အကြောင်း၊ ဟင်းချက်နည်းလေးတွေ သွားသွားဖတ်ရင်း ဗဟုသုတလဲရ ဖတ်လို့လဲကောင်းလို့ မကြာခဏ သွားလည်ခဲ့တယ်။ အခွင့်ကြုံရင် ကိုအန်ဒီတို့ မိသားစုနဲ့ ကိုယ့်မိသားစု၊ သူ့မိသားစု အကြောင်းလေးတွေပြောပြီး စကားလက်ဆုံကျချင်ပါရဲ့။
မှတ်မှတ်ရရရှိတဲ့ နောက်ဘလော့ကာကတော့ ကို နဗန ရဲ့ ဘလော့ပါ။ သူတို့ ငယ်ဘ၀အကြောင်း၊ ဆံမြိတ်ခုံရွာ အကြောင်း ရေးထားတာ ကိုယ်တကယ်ကို အညာဒေသရောက်သွားသယောင် ရေးနိုင်ပါပေရဲ့။ ကိုယ်တို့အမေကလဲ အဲလိုအင်မတန်ခေါင်တဲ့ ရွာလေးကပဲလေ။ ကိုနဗနက သူ့ရဲ့ ငယ်ဘ၀ကို မချွင်းမချန်ဟာသလေးတွေ ရောပြီး ရေးခဲ့တာ ဖတ်ရင်း ရယ်မောလို့။ ဆရာကြီး သော်တာဆွေရဲ့ ကျွန်တော့ ဘ၀ဇာတ်အကြောင်း ကိုတောင် သွားသတိရမိသေးတယ်။ အဲဒီဘလော့ကို သိသိချင်း စာတွေ ဆက်တိုက်ဖတ်တာ ၂ည၊ ၃ညလောက်နဲ့ စာတွေ အကုန်ဖတ်ပြီး ပို့စ်အသစ်တွေကို အမြဲမျှော်နေရတဲ့ ဘလော့ပေါ့။
နောက်တော့ ညီမမိုးချိုသင်းရဲ့ ဘလော့လေးဝင်ပြီး ဖတ်ပြန်ရော။ သူကလဲ စာရေးတာ အတော်စွဲဆောင်မှုရှိတာပဲ။ ဖတ်ပြီး မရပ်ချင်ဘူး ။ ရေးတာနောက်ကောက်ကောက်ပါအောင် လိုက်ဖတ်မိတာပဲ။ ကိုအန်ဒီပြောသလို မိုးချိုသင်း ဟိုမုန်းဆိုတာ သိပ်မှန်တယ်။ ဖတ်ရင်းနဲ့ သူ့သဘော၊ သူ့အထာ၊ သူ့စရိုက်ကလေးတွေ ကိုယ်ကရင်းနှီးလို့ ။ အပြင်မှာကို ခင်မိချင်နေတယ်။ ပထမရေးရင်းနဲ့ နောက်ပိုင်း တလွဲလေးတွေ၊ ဂွကျကျအဖြစ်အပျက်ကလေးတွေနဲ့ ဇာတ်သိမ်းလို့ သူ့စာဖတ်ပြီးတိုင်း ပြုံးမိတာချည်းပါပဲ။
နောက်တော့ ကျွန်မတို့ရဲ့ အမကြီး မခင်ဦးမေ အလှည့်ကျတာပေါ့။ ပထမတောာ့ ကွန်းမန့်တွေ အများကြီးနဲ့ ဘာလို့များလဲဆို စိတ်ဝင်စားလို့ ဖတ်ကြည့်လိုက်တာ။ ကျွန်မတို့ရဲ့ အစ်မကြီး ဘာလို့ လူချစ်လူခင်ပေါသလဲဆိုတာ သဘောပေါက်သွားတယ်။ အစ်မကလဲ အတော်ပွင့်လင်းတာ။ သူ့အိမ်က ချစ်ချစ်နဲ့ သူနဲ့ အကြောင်းဖတ်မိရင် မပြုံးပဲနဲ့ ၀ါးလုံးကွဲရယ်ဆိုသလိုကို ရယ်မိပါရဲ့။ ဖတ်ရင်းနဲ့ အပြင်မှာ တွေ့ချင်မြင်ချင် စကားတွေပြောချင်စိတ်ပေါက်မိတယ်။ သူငယ်ချင်း မသက်ဝေက ပုဝါလေးနဲ့ အစ်မလှလှဆိုရေးဘူးတော့ ဟိုနေ့က MRT ပေါ်မှာ ဗမာလို့ထင်ရတဲ့ ပုဝါလေးနဲ့ အစ်မလှလှတွေ့တော့ တို့အစ်မကြီးလားဆို အကြာကြီးကြည့်မိလို့ ဟိုကညက်စောင်းတောင်ထိုးသွားသေးတယ်။
နောက်တော့ ဘလော့လေးလုပ်မှ ရင်းနှီးရတဲ့ ကိုယ်နဲ့ ၀ါသနာတူ ဟင်းချက်ဖော်ညီမလေးတွေနဲ့ တွေ့ချင်နေတယ်။ သင်းကြန်တုံးက တဗွမ်းဗွမ်းနဲ့ရေတွေ လာလောင်းသွားတဲ့ မိုးကောင်းသူညီမလေး။ မနောဖြူတဲ့ ဂျိန်းဖောသူလေးမြူးသျှရီ၊ဟင်းချက်ကောင်းတဲ့ ရှင်မင်းတို့ စုဘူးအိမ်တို့နဲ့ ဟင်းတွေ အတုချက်ကြပြီး ထမင်းလက်ဆုံစားချင်တယ်။
ခဏခဏလာလည်ပြီး ကွန့်မန့်လေးတွေနဲ့ အားပေးတတ်တဲ့ ၊စာရေးကာင်းတဲ့ မောင်လေး ကိုထွေးနဲ့လည်းတွေ့ပြီး ကျေးဇူးတင်ကြောင်းပြောချင်တယ်။မဇနိ၊ ကိုဇနိ၊ ရွာသားလေး၊ မကေ တို့ ကိုလဲ တွေ့ချင်တယ်။
ရေးရင်းနဲ့ ၁၀ယောက်ကျော်သွားပြီ။ သူငယ်ချင်းမသက်ဝေတို့၊ တန်ခူးတို့၊အန်တီစုချစ်တို့၊ကိုပေါတို့ကတော့ အပြင်မှာ ရင်းနှီးဘူး ခင်ဘူးဆုံဘူးသူတွေဆိုတော့ မပါလို့ စိတ်မကောက်ကြနဲ့ဦး။
တန်ခူးရေ၊ ကိုယ်ခုချိန်ထိ ဘလော့တွေ အကုန်က ပိုစ့်အကုန်ကို လိုက်မဖတ်နိုင်သေးတော့ ကိုယ်သေချာ ပို့စ်အကုန်နီးပါးဖတ်ဘူးတဲ့ ဘလော့ဂါတွေကို စိတ်ထဲမှာ တွေ့ဘူးချင်တာ မဆန်းပါဘူးနော်။ ကိုယ်အခုလျောက်လည်နေဆဲ ဖတ်နေဆဲပါ။ နောက်ပိုင်းကျရင် ဒီ့ထက် တွေ့ချင်သူတွေများလာတော့မှာ ။
14 comments:
  1. TTsweetရေ.........
    လာဖတ်သွားတယ်...
    တွေ့ ချင်တယ်ဆိုလို့ 
    လဲတွေ့ ချင်ပါတယ်ရှင်။
    ReplyDelete
  2. Tag post လေးဖတ်သွားပါတယ်
    ဆန္ဒတွေ ပြည့်ဝစေဖို့ မျှော်လင့်ပါတယ်
    အဆင်ပြေပျော်ရွှင်ပါစေ
    လေးစားလျက်
    ReplyDelete
  3. စင်္ကာပူမှာတုန်းက သိခဲ့ရင် ကောင်းသား .... အခု ဒီကို ရောက်မှ ကျွန်တော်လည်း စင်္ကာပူမှာ တွေ့ချင်တဲ့ ဘလော်ဂါတွေ အတော်များလာတယ်။
    ReplyDelete
  4. တီတီဆွိ
    ကျွန်မ မိုးကောင်းသူကိုပါ တွေ့ချင်တယ်။ ထမင်းလက်ဆုံစားချင်တယ်ပြောလို့ အထူးပင် ၀မ်းသာရပါကြောင်း။ တနေ့နေ့တော့ ဆုံကြတာပေါ့နော်။
    ReplyDelete
  5. သြော်…. တီတီဆွိက ကျနော်တို့နဲ့ အပြင်မှာ ခင်ဘူးဆုံဘူးသူလား။ (မသိချင်ယောင်ဆောင်ပြီး မေးကြည့်တာ… အဟီး)။ အန်တီဆူးခြစ် ဆိုတာကလည်း အဒူလဲ တိဝူးနော်။ စိတ်မကောက်ပါဘူး။ လာဖတ်ဖြစ်ပါတယ်။
    ReplyDelete
  6. အမရေ စပြီးရေးထားတာနော် ပွဲစားလေးလည်းပါတော့ မြိုင်တာပေါ့ဗျာ။
    ပိတ်သတ်ဆိုတော့ စာလာဖတ်တဲ့ သူတွေကို ၀င်လာရင် ပိတ်သတ်မှာပေါ့နော်။ :P
    ReplyDelete
  7. ဟုတ်တယ်နော်...
    တနေ့နေ့ကျရင်တော့ အားလုံး စုစုဝေးဝေးနဲ့ တွေ့နိုင်ကြရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲလို့ တွေးနေမိတယ်...။ ပြောသာပြောရတာ.. ကျွန်းပိစိမှာ ကိုယ်တို့ သူငယ်ချင်း လက်တဆုပ်စာကလေးတောင် တခါတခါတွေ့ဖို့ တော်တော်ကြာတာနော်...။ အခု ဘလော့ဂ်လေးပေါ်မှာ တွေ့ကြရလို့ သာ အဆက်အသွယ်လေး ပြန်ရနေကြတာ...။ အပြင်လောကနဲ့ ကင်းကွာလာပြီး အွန်လိုင်းလောကပေါ်မှာ ပျော်မွေ့လာတဲ့ သဘောတွေကို ကောင်းသလား ဆိုးသလား ဆိုတာ မတွေးတတ်ဖူး။
    P.S. အဲဒီ မမ လှလှက ဆွိပြောသလို မျက်စောင်းလဲ ထိုးတတ်သေးတာ...
    သက်ဝေကိုဆို သူ့ကို လိုက်လိုက် စ နေလို့ ထိုးနေလိုက်တဲ့ မျက်စောင်းတွေ နဲဘူးပဲ...။ (မမ မျက်စောင်းလာမထိုးခင် ဒိုးပြီဗျို့...)
    ReplyDelete
  8. ဆွိရေ… နာမည်လေးကိုက ဆွိပြီးသားမို့  ရေးထားတာလေးကလဲ ဆွိ… ဖတ်ရတာလဲ ဆွိပါတယ် ဆွိရယ်…
    ခုလို ရေးပေးတာ ကျေးဇူးပါနော်… ကိုနဗနကို မြင်ဖူးသလိုလို တွေ့ ဖူးသလိုလိုပဲ ဆွိရဲ့… တို့ တွေနဲ့ ကျောင်းမှာ ဆုံလိုက်တာတော့ အသေအချာပဲ…
    တို့ လဲဆွိလိုပဲ ဟိုတလောက city hall ကားပတ်ကင်မှာ ပုဝါနဲ့ မမ တယောက်တွေ့ လို့  မခင်ဦးမေလားလို့  လိုက်ကြည့်ရတာ… ယောင်္ကျားကတောင် ဆူတယ်…
    ReplyDelete
  9. တွေ့ ချင်တယ်ဆိုလို့  လိုက်လာတာ ပါဗျာ..
    ReplyDelete
  10. ကွန့်မန့်လေးတွေ အမှတ်တရ ရေးပေးကြသော ညီမလေး မြူးသျှရီ၊ မိုးကောင်းသူလေး၊ welcome နဲ့ ကိုလူထွင်း အားလုံးကို ကျေးဇူးတင်ပါတယ်နော။
    ကိုအန်ဒီ ... ဟုတ်တယ်နော် ... စလုံးမှာဆို ဆုံရင်ဆုံဖြစ်ကြမှာ။
    ကိုပေါရေ ... မဒမ်ပေါနဲ့ ပိုရင်းပါတယ်။ မသက်ဝေပြောသလိုပြောရရင် ... အရင်းကြီးတွေလို့တောင် ပြောလို့ရပါ့။
    ကိုရွာသားလေး... ပွဲစားမမ ၀၀ကြီးတော့ မမြင်ယောင်လိုက်နဲ့နော် ... ဒါပဲ ... ဟွန့် ...း)
    မသက်ဝေ ... အဲဒါဆို အဲဒီမမလား အသိဘူးတော့။ မမရေ MRT ပေါ်မှာ ညီမငယ်ငယ်ချောချောလေး တစ်ယောက်ကို ညက်စောင်းထိုးဘူးလား။
    တန်ခူးရေ ... တို့တွေတော့ မေဂျာမတူလို့လားမသိ။ ကိုနဗနကို မမြင်ဖူးဘုးရယ်။
    ကွန်မန့်လေးအတွက် ကျေးဇူးပါ။ ကိုယ့်သူငယ်ချင်းတွေကတော့ အချင်းချင်း အားပေးကြပါတယ် ...
    ReplyDelete
  11. မျက်စောင်းလား မထိုးဘူးပါဘူး. ကိုယ့်ကိုလာကြည့်ရင်တော့ ပြူုံ့းစေ့စေ့ဖြစ်သွားတယ။် ဘယ်သူများလည်းဆိုပြီ။ ဟိဟိ။
    ReplyDelete
  12. ပျော်စရာကြီး
    ReplyDelete
  13. မမဂွိ - မျက်စောင်းကို မြင်ဖူးချင်တယ် အမသက်ဝေရေ နောက်ကျ ဓာတ်ပုံရိုက်ခဲ့ပါဗျို့
    ကျနော်တို့ကိုလည်း တွေ့ဖူးချင်တဲ့ စာရင်းမှာ ပါလို့ ဝမ်းသာပါတယ် အမရေ..
း)
    ReplyDelete
  14. One of your wish (to meet WeSheMe) is fulfilled now. :)
    WD
    ReplyDelete