Tuesday, April 7, 2009
သမီးရဲ့ အနုပညာ
မနေ့က ဘာမပြောညာမပြောနှင့် မအေလက်ထဲ စာရွက်တစ်ရွက်လာထည့်သွားတယ်။ ပုံကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနဲအောင့်ထားရတယ်။ သူ့ပုံထဲမှာ အမေကို စကတ် အထပ်အထပ်မျိုး ၃ထပ်ဝတ်ပြီး ဟော့ရှော့လုပ်ထားတယ်လေ။ နောက် နားကတ်ကလဲ နားဆွဲကိုမှ အသည်းပုံတွဲလောင်းလေး။ မေလမှာကျမဲ့ မားသားဒေးကျရင် မေမေနဲ့ ဂျူဂျူနဲ့ အဲလိုတဲ့။ ဟဲ့ သမီးရဲ့ ... ဂရင်းကာလာတွေက အမေ့ပါးစပ်နားတောင်ရောက်နေပြီ။ နောက် ကာလာချယ်ရင် သေချာချယ်နော် ... ဆိုတော့ ... နဲဗားမိုင်း ... တဲ့
... မယုံမရှိကြပါနဲ့ ... ဟိုးအောက်ဆုံး ပန်းတွေကြားထဲကဟာ ဘာလဲဆိုတော့ bee တွေတဲ့။
အမေ့ ခြေသလုံးတွေ တုတ်ဖို့ ချောင်းနေတာ လား မသိဘူး ။
10 comments:
  1. ခုခေတ်ကလေးတွေရဲ့ IQ ကမြင့်တယ်။
    (လင့်ခ်ခွင့်ပြုပါရန်။)
    ReplyDelete
    Replies
    1. Welcome' comment ခုခေတ်ကလေးတွေရဲ့ IQ ကမြင့်တယ်။
      အရာရာကြိုတင် မြင်တတ်တယ်၊ မှန်းဆနိုင်တယ်။
      ဆန်းသစ်တီထွင် စွမ်းတယ်။
      နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေ
      ဝင်းဇော်
      (လင့်ခ်ခွင့်ပြုပါရန်။)
      Delete
    ReplyDelete
    Replies
    1. Thant's comment - ပြုံးနေတဲ့ မေမေနဲ့သမီး ။ ချစ်ဖို့ကောင်းလိုက်တာ ။
      Delete
  3. သမီးလေးက ခေတ်မှီတာပဲ… မေမေရော သမီးပါ long legလေးတွေနဲ့ … တယ်မိုက်…
    ReplyDelete
    Replies
    1. အန်တီ တန်ခူးရဲ့ comment - သမီးလေးက ခေတ်မှီတာပဲ… မေမေရော သမီးပါ long legလေးတွေနဲ့… တယ်မိုက်…
      Delete
  4. မမသမီးလေးက ဆွဲတတ်လိုက်တာ၊ စင်္ကာပူမှာ ဆိုတော့လဲ စကပ်တိုတိုပေါ့၊
    ReplyDelete
    Replies
    1. mae's comment - မမသမီးလေးက ဆွဲတတ်လိုက်တာ၊ စင်္ကာပူမှာ ဆိုတော့လဲ စကပ်တိုတိုပေါ့၊
      မမခင်ဦးမေဆီက linkတွေ့လို့ လာကြည့်တာ၊ အရှေ့မှာ ပုဇွန်ဆိတ်ဆိုတော့ ဟင်းမှတ်လို့.. မေဆွိဖြစ်နေတယ်.. :(
      Delete
    ReplyDelete
  6. Aunty Moe Cho Thin's comment သမီး ဆွဲတဲ့ ပုံကြည့်ပြီး သမီးမေမေက ဟော့ရှော့များ ဖြစ်နေသလား ခန့်မှန်း မိတယ်။ ဒီပုံကတော့ ကြည်နူးတာအပြင် ဟာသရသ ကိုပါ ဖြည့်စွက်ပေးနိုင်တာ အမှန်ပဲ။
    တိမ်တွေကလဲ ခေါင်းနဲ့တိုက်တော့မယ်၊ ခြေသလုံးကိုလဲ ပျားတွေ ကိုက်တော့မယ် :D
    ReplyDelete