Sunday, April 5, 2009

တို့ဟူးကြော်


တို့ဟူးတွေကို လက်တစ်လုံးလောက်စီ အထူရအောင်လှီးပါ။ အလယ်သားတွေပါ ကြွတ်အောင် ဓားနဲ့ အလယ်မှာ ၂ကြောင်းလောက်ခွဲပြီါ် ကြော်ပါ။ အရမ်းကြွတ်သွားရင်လဲမကောင်းပါ။ အထဲက ပျော့ပျော့လေးနဲ့ အပြင်က ကြွတ်ရင် ချပြီး အချဉ်ရေလေးနဲ့စားလို့ရပါပြီ။

အချဉ်ရေဖျော်နည်း

ကြက်သွန်ဖြူ ၂မွှာလောက်နဲ့ ဂျင်းပါးပါး တစ်ခုကို ညက်နေအောင်ထောင်းပါ။ မန်ကျည်းမှည့်ရေ ထဲကို ငံပြာရည်၊ အချိုမှုန့်၊ သကြားနဲနဲ၊ Sin Sin extra hot ငရုပ်ဆီ ဇွန်းဝက်ခန့်၊ နံနံပင် ရိတ်ရိတ်လှီး၊ ဂေါ်ဖီလှီးထည့်မွှေပေးပါ။ အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းပါးပါးလှီးထည့်ပါ။ အချဉ်ရေ စပ်စပ်မွှေးမွှေး ရပါပြီ။

1 comment:

  1. ကျေးဇူး အစ်မရေ…
    ကြေားထားပီးသား တို့ဟူး ကြော် တွေ အကုန်စားသွားပါတယ်။

    ReplyDelete