Wednesday, April 22, 2009
ကုလား စမူစာသုပ် ...
ကျွဲခေါင်းပဲ (သို့) ဆင်ခေါင်းပဲ (သို့) Chick pea
ပူတီနာရွက်
စမူစာရယ် ကြက်သွန်နီဆီချက်ထားတာရယ်၊ ပူတီနာရွက်ရယ်၊ ကြက်သွန်နီ အကွင်းလိုက်လှီးထားတာရယ် ၊ဂေါ်ဖီပါးပါးလှီးထားတာရယ်၊ ငရုပ်သီးစိမ်းပါးပါးလှီးထားတာရယ် ... သံပုရာရည် မကျည်းရေညှစ်ပြီး အချိုမှုန့် ဆားထည့်မဆလာထည့် နယ်ပြီးသုတ်ရင် သက်သက်လွတ်ဟင်းတစ်ခွက်ရပါတယ်။
ဆိုင်တွေမှာစားတဲ့ ကုလားစမူစာသုပ်ဆို ပဲစိမ်းမှုန့်လေးကိုဆား၊မဆလာ၊ နနွင်းမှုန့်ထည့်ပြီးရေနဲ့ကျို ထားတာရယ်၊ ကုလားပဲအခွံမချွတ်ရသေးတာ (ကျွဲခေါင်းပဲ ခေါ်လားပဲ ... Chick pea) တစ်ညရေစိမ်ပြီးပြုတ်ထားတာရယ်၊ အာလူးအလုံးသေးသေးလေးတွေပြုတ်ထားတာရောထည့် ပြီးသုပ်ပေရော့၊ ရှူးရှဲလေးဖြစ်အောင် ငရုပ်သီးအရောင်တင်မှုန့်လေးပါထည့်ပါအုံး၊ အပေါ်က ပူတီနာရွက် ၊ ပျဉ်းတော်သိမ်ရွက်ကလေး ဖြူးထည့်ရင် ကုလားမဆလာသုတ် မွှေးမွှေးစပ်စပ်လေးရပါပြီ။ ရေနွေးကြမ်းလေးနဲ့ မြည်းပေရော့၊
သတ်သတ်လွတ်သမားမဟုတ်ရင်တော့ ပဲဟင်းကို ပိုချိုအောင် ကြက်သားလေး မဆလာလေးနဲ့ဆီသတ်ပြီး ချက်ရင် ပိုကောင်းပါတယ်။
ကုလား စမူစာသုတ်  ကုလား စမူစာသုပ်
7 comments:
  1. ချဉ်ချဉ်စပ်စပ်လေး တပွဲပေးပါ။ ချဉ်ပစေ စပ်ပစေနော်။ အာလူးများများနဲ့သုပ်ပေးပါ။
    ReplyDelete
  2. အဲဒီကုလားပဲမျိုးတွေပဲ။ အညာကပြန်လာရင် အမျိုးတွေက လက်ဆောင်ပေးလိုက်တာ။
    အခုတော့ လမ်းထဲလာလာရောင်းတဲ့ ဈေးသည်ကို သွားသတိရတယ်
    "စမူဆာသုပ်.. ဗရာကျော်သုပ်.. ပူပူနွေးနွေး.. လာပြီလေး..."
    နောက်တစ်ခေါက် ချက်စားရင် ခေါ်ပါဦး...
    ReplyDelete
  3. သွားရေယိုသွားကြောင်းပါ။
    ရှစ်မိုင်က သန်းဖေလေး စမူဆာသုတ်ကို အမြဲစားဖြစ်တယ်။
    လေးစားလျက်
    ReplyDelete
  4. စားချင်လိုက်တာ... ပူတီနာရွက်ဆိုတာ ဘာမှန်းတောင် သိပ်မသေချာဘူး
    ReplyDelete
  5. စားတော့ စားချင်တယ်... သို့သော် စမူဆာ ကိုယ့်ဟာကိုယ်လုပ်ပြီး ကျော်ရမှာ နဲနဲပျင်းနေသကွယ်...။
    NTUC က စမူဆာပဲ ဝယ်ပြီး အရင် သုပ်စားကြည့်ပါမယ်လေ...
    စနေ တနင်္ဂနွေ နှစ်ရက်ကို ဘယ်နှစ်မျိုးချက်စားသလဲဟင်...
    ဖြစ်သေးပါဘူး တရက်လောက်တော့ အင်တာဗျူး လာလုပ်အုံးမှပါပဲ... အဟဲ...
    ReplyDelete
  6. ကောင်းပြီ ဘော်ဘော်တို့... ပူတီနာရွက်မဟုတ်ပါဘူး..ပူဆီနာရွက်ပါ... အဲဒီအရွက်စားရင် အမျိုးသမီးများသတိထားပါ...PUSSY နာတတ်ပါတယ်..
    ကုလားမပါရင်မပြီးသောဗမာများ...
    ReplyDelete
  7. စားချင်လိုက်တာ အိမ်ကိုလွမ်းတယ် ဒီလိုအစားအသောက်ကောင်းကောင်းတွေ
    တွေ့ရင် ......မမရေ အကုန်လာစားသွားပစ်လိုက်ပီနော်။ ဟီးဟီး
    ပူတီနာရွက်က စင်္ကပူမှာဝယ်ဖို့သိပ်မလွယ်ဘူးမို့လားဟင် မတွေ့မိလို့ပါ။
    ReplyDelete