Wednesday, April 8, 2009
ံHappy Birthday ....
50 First Date ဆိုတဲ့ ရုပ်ရှင်ကားကြည့်ဘူးကြပါသလား ... Drew Barrymore ရယ် Adam Sandler ရယ် ... ကောင်မလေးက အတိတ်မေ့တဲ့ ရောဂါရှိတယ် ... သူ့ရောဂါက ထူးထူးဆန်ဆန်း ... သူနောက်ဆုံးအတိတ်မမေ့မီ ကားတိုက်မိတဲ့နေ့ကိုပဲ သတိရတယ် ... ညအိပ်လိုက်ရင် အားလုံးမေ့သွားပြီး မိုးလင်းတော့ အဲဒီနေ့ပဲပြန်ရောက်သွားတယ် .... အဲဒီနေ့က ကောင်မလေးအဖေရဲ့မွေးနေ့ ... ကောင်မလေးရဲ့ အဖေနဲ့အကိုက သူ့ကိုသိပ်ချစ်ကြတော့ အတိတ်မေ့နေတာကို ကောင်မလေး မသိစေရပဲ နေ့တိုင်း မွေးနေ့ကိတ်မုန့်တွေမှာပြီး Happy Birthday သီချင်းဆိုကြတယ်လေ ... ဇာတ်လမ်းလေးက ဆန်းလဲဆန်း ဟာသလေးလဲပါတဲ့ အချစ်ကားလေးပါ ... မဆွိတီသိပ်ကြိုက်လို့ မှတ်မှတ်ရရရှိနေခဲ့တာ ....
------------------------------------------------------------------------------------------
မဆွိတီတို့အိမ်မှာလဲ အဲလိုပဲ မွေးနေ့တွေ ခဏခဏလုပ်ရတယ် ... ကိတ်မုန့်ပေါ် ဖယောင်းတိုင်ထွန်း ... Happy Birthday သီချင်းဆို ဖယောင်းတိုင်လေး မှုတ် လက်ခုတ်ဝိုင်းတီးကြ နဲ့... တစ်ပတ်ကို တစ်ခါလောက် ကိတ်မုန့် ၀ယ်တဲ့နေ့တိုင်း လုပ်ဖြစ်ကြတယ် ... အတိတ်မေ့သူရှိလို့တော့မဟုတ်ပါ ... သမီးဂျူဂျူးလေးရယ်ပေါ့ ... သူက မွေးနေ့ပွဲ လုပ်ရတာ သိပ်ပျော်တာ ... သူသိတတ်တဲ့ ၃နှစ်သမီးကတည်းက ဒီလိုပဲ မွေးနေ့တွေ လုပ်နေတာ ... ခလေးဆိုတော့ ဘာရယ်မဟုတ် ဒါကိုပဲ ပျော်နေတာပဲပေါ့ ... မဆွိတီက အဲဒီမွေးနေ့တွေ တစ်ကယ်မဟုတ်ပဲနဲ့လုပ်တိုင်း အဲဒီရုပ်ရှင်ကိုသတိရပြီး ရယ်ချင်နေတော့တာပဲ။
မနေ့ကလဲ မဆွိတီ သီချင်းခွေ အသစ်တွေဝယ်လာလို့ တစ်ကိုယ်တော်လေပွင့်ခြင်း ... . အဲ တစ်ကိုယ်တော် ကာရာအိုကေဆိုနေတုံး ... သမီးကြီးတော်က လာဟေ့ Happy Birthday လုပ်ရအောင် ... ဆိုပြီး ကိတ်မုန့်ဘူးထဲက ကိတ်မုန့်ထုတ် ဖယောင်းတိုင်လေး အပေါ်ကထွန်း ... ပလပ်စတစ်ဓားလေးနဲ့ စားပွဲပေါ်မှာ အဆင်သင့်ပြင်လို့ မယ်မင်းကြီးမ မဂျူဂျူကလည်း ထိုင်ခုံပေါ်မှာ မွေးနေ့ဆုတောင်းပွဲကျင်းပဖို့ ရယ်ဒီအဆင်သင့် ... အိမ်ကလူတွေ အားလုံးအနားလာကြ ၀ိုင်းကြဖို့လည်း ခေါ်သေး ... သူ့ကြီးတော်ရယ် ... အဖေရယ် အမေရယ်စုံတော့ ထုံးစံအတိုင်း ၀ိုင်းသီချင်းဆိုပေးကြတယ်ပေါ့ Happy Birthday Ju Ju .... အစရှိသဖြင့် ဆိုပြီးလို့ မွေးနေ့ကိတ်မုန့်ခွဲမယ်လုပ်တော့ ဖအေလုပ်သူက သမီးရဲ့ မှားနေပြီ "Happy Birthday မေမေ" ဖြစ်ရမှာ ... ဆိုမှ သတိရလိုက်ပါတယ် ...
ဒီနေ့ ငါ့မွေးနေ့ကြီးပါလား ....
သူခွဲနေတဲ့ ကိတ်မုန့် ကြီးကလည်း မနက်ကသွေးလှူတဲ့နေရာက သွေးမလှူပဲ အလကားရလာတဲ့ ကိတ်မုန့်ကြီးပါလား ...
ကိုယ့်မွေးနေ့ကြီးမှာ ကိုယ်မွေးနေ့ ဆုတောင်းရမှာ မတောင်းပဲ သူများကို့ Happy Birthday ဆိုပေးရတာ ဒီတစ်ခါပဲ ကြုံဘူးသေးတယ် ... သမီးဂျူဂျူနဲ့မှပဲ ...
(မြန်မာကျုးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
5 comments:
  1. တီတီ Sweet က ရုပ်ရှင်ကို ကြိုက်တာလား ... ကိတ်မုန့် ကို ကြိုက်တာလား...
    ဒီကနေ့ က တီတီ့ရဲ့ တကယ့်မွေးနေ့ လား... ဒါဆို Happy Birthday!!! :)
    ReplyDelete
  2. မကြီး
    ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
    မွေးနေ့ကစလို့
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
    နွေးထွေးကြင်နာတဲ့ မိသားစုနဲ့အတူ ထာဝရပျော်ရွှင်နိုင်ပါစေ။
    ခင်မင်လျက်
    ReplyDelete
  3. မှားကုန်ပြီ ... အစ်မမွေးနေ့က လွန်ခဲ့ပြီ။ ဒီပို့စ်က ဟိုးအရင်က တင်ထားတဲ့ ပို့စ်ကို ဖိုရမ်ထဲက ကူးထားတာမှို့ပါ။ မွေးနေ့တစ်လွဲ ဖြစ်ပြန်ပြီ။ Anyway ... ကျေးဇူးပါပဲ ...
    ReplyDelete
  4. တူတူပဲ… တူတူပဲဆွိရေဲ… တခါတလေ ကိတ်မုန့် တလုံးကို ဖယောင်းတိုင် ၃ခါလောက် ပြန်မီးထွန်းပြီး ၃ ခါလောက် မှုတ်တာလေ…
    ReplyDelete
  5. အဲဒီကားကို ကျနော်လည်းကြိုက်ပါတယ်။ သိပ်ချစ်တတ်တဲ့လူတွေကြားမှာ နေရတဲ့ ဘ၀လေးကိုအားကျငေးမောနေခဲ့ရတာဗျ...
    ReplyDelete