Wednesday, April 29, 2009
ဘူးညွန့်ကြော်ချက် ဇာတ်လမ်း ...
ဘာရယ်လို့ ဟုတ်ပါဘူး ... အဲဒီအပေါ်ကပုံလေးတွေ့တော့ သတိရလို့ပါ။ အိမ်မှာ ငှါးနေတဲ့ ညီအစ်ကို ၂ယောက်ထဲက အကြီးလေးပေါ့။ လွန်ခဲ့တဲ့ နှစ် ဒီအချိန်လောက် လည်ပင်းမှာ အကျိတ်ပေါက်လို့ဆိုပြီး ဆေးရုံ ၁ပတ်လောက် တက်လိုက်ရတယ်။ ပထမတော့ ကင်ဆာလိုလို၊ ဘာလိုလို သံတယဖြစ်လို့ဆိုပြီး ဆေးတွေမျိုးစုံစစ်၊ နောက်ဆုံးတော့ အပူကျိတ်လိုသဘောမျိုးဆိုပြီး ခွဲထုတ်လိုက်တယ်။
မဆီမဆိုင် အပေါ်က ဗူးရွက်ဟင်းနဲ့ဘာဆိုင်လဲ မေးမလို့လား။ စောင့်ပါဦး ပရိတ်သတ်ကြီး။
ဆေးရုံကဆင်းတော့ လူကအတော်ပိန်ကျသွားတယ်။ သူက စံပြအလုပ်သမားဆုတောင် ရဘူးသူဆိုတော့ သူ့ကို အလုပ်က တစ်လတောင် နားခွင့်ပေးလိုက်တယ်။ အားလုံး ကိစ္စ၀ိစ္စပြီးမှ ရန်ကုန်က သူ့အမေကို ပြောပြတယ်။ အမေပဲရှိတော့တာကိုး။ အဲဒီအတောအတွင်း သူ့အမေနဲ့ မကြာခဏ ဖုန်းပြောကြတယ်ပေါ့။ သူ့အမေကလဲ သူ့သားလေး တစ်ရပ်တစ်ရွာမှာ နေမကောင်းဖြစ်ရတယ် ဆိုပြီး သားအမိ၂ယောက် အလွမ်းသယ်ကြတယ်။
ဒီလိုနဲ့ တစ်နေ့ ဖုန်းဆက်တော့ "ဒီနေ့ အိမ်မှာ ငါ့သားကြိုက်တဲ့ ဗူးညွန့်ကြော်ချက်လေး ချက်တယ် ... ငါ့သားကို သတိရလိုက်တာ ..." ဆိုပြီး မအေလုပ်သူကငိုတော့ သားကလဲ မနေနိုင် ။ အရင်ပြန်ထားတာတောင် ၄လလောက်ပဲရှိသေးတာကို ... သူမြန်မာပြည် အပြီးပြန်တော့မယ်ဆိုပြီး လေယာဉ်လက်မှတ်အားချင်းဝယ် အထုတ်အပိုးတွေပြင်ပြီး ချက်ချင်းပြန်ချသွားပါရော။ တားလို့ကိုမရတော့ဘူး ...
အဲဒီတော့ ဒီကိစ္စမှာ ဗူးညွန့်ကြော်ချက် တရားခံ ဆိုပြီး အိမ်မှာ ရယ်စရာအဖြစ် ပြောကျန်ရစ်ခဲ့တယ်။ ၃လလောက်ကြာတော့ မနေပါဘူး။ ကိုယ်တော်က ပြန်ချလာပြီး အခု အရင်ကုမ္ပဏီမှာပဲ ပြန်လုပ်နေတယ်။ နောက်ပိုင်းတော့ ညီလုပ်သူက အမေရေ ... နောက်တစ်ခါ ဖုန်းဆက်ရင် ယောင်လို့များတော့ ဗူးညွန့်ကြော်ချက် အကြောင်း ထည့်မပြောပါနဲ့လို့ မှာထားရတယ် ...
ဗူးညွန့်ကြော်ချက်ကို အကြောင်းပြုတဲ့ သားအမိနှစ်ယောက်ရဲ့ ချစ်မေတ္တာဇာတ်လမ်းလေးပါ။
(အပေါ်က ဘူးရွက်ဟင်းပုံကို အင်တာနက်မှရပါသည်။ ဘယ်ကရမှန်း မမှတ်မိတော့လို့ ခရက်ဒစ်မပေးနိုင်တာ ခွင့်လွှတ်ကြပါကုန်)
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
Subscribe to:
Post Comments (Atom)
ဗူးရွက်ကြိုက်လို့ ဒီရောက်တော့ မြတ်နိုးဗူးပင်စိုက်လိုက်သေးတယ်။
ReplyDeleteရှင်တော့ရှင်ပါတယ်။ မြေမရှိတာနဲ့ အဆင်မပြေဖြစ်သွားပါတယ်။
စားနိုင်သူတွေစားကြပါစေ။
သားရေကျသွားပါသည်။
ဘူးညွန့် ဘယ်က၀ယ်သလဲလို့မေးမလို့။ ဟီး ဒီလိုကိုး။ အိမ်မှာ ဘူးညွန့်ကိုလေ ပြုတ်ပြီး ငရုတ်သီးနဲ့ စပ်စပ်လေး ထောင်းစားတယ်။ အိမ်လွမ်းလာပြီနော်။
ReplyDeleteဘူးညွန့်က ဟင်းခါးချက်သောက်တာ ကြိုက်တယ်၊ ကြော်ချက်တော့ မစားဖူးဘူး...
ReplyDeleteဒါဖတ်ပြီး အိမ်လွမ်းလာပြီ၊ အိမ်မှာလဲ ဘူးညွန့်ကြော်ချက် အမြဲစားတယ်
ReplyDeleteဒါမျိုးတွေကြောင့် အိမ်ကိုဖုန်းဆက်ရင် မေမေ ဒီနေ့ ဘာဟင်းနဲ့စားသလဲလို့ မမေးဘူး... တခါတခါဆို ချက်ချင်းကို ပြန်ချသွားချင်တာ...
ReplyDeleteပုံထဲက ဗူးညွန့် ကြော်ချက်လေးက စားချင်စရာလေးနော်... ခုနကပဲ ထမင်းစားထားတာ အခု ဗိုက်တောင် ပြန်ဆာချင်သလိုလို ဖြစ်လာတယ်...
ဗူးညွှန့် ကြော်ချက်လေးလာစားသွားတယ်နော်။
ReplyDeleteအိမ်မှာလည်း အမေ့ကို အိမ်သားတွေကဆူထားတယ်တဲ့။ နေခြည်နဲ့စကားပြောရင် အစားအကြောင်းထည့်မပြောပါနဲ့ဆိုပြီး။
ReplyDeleteအိမ်လွမ်းတဲ့ ဒဏ်ကတော့ ဘာနဲ့မှ မတူအောင်ခံစားရတယ်။
ဆွိရေ… ကောင်လေးက မေမေ့ကို လွမ်းတာလား ဗူးညွှန့် ကို လွမ်းတာလား…
ReplyDeleteJ.West Street 42 မှာ တခါတခါ ဗူးညွန့် လေးတွေ ရတတ်တယ်လို့  ပြောလိုက်နော်…
ဗူးရွက် ဘယ်လောက်ကြိုက်လဲဆို အမေက တို့ ကို ကိုယ်ဝန်ဆောင်ထားတုန်း ဗူးရွက်ကိုပဲ သွေးတောင်းလို့  တို့ ငယ်နာမည်က ဗူးရွက်တဲ့… ခုလဲ ကြုံရင်ကြုံသလို လူကြုံနဲ့  ဗူးရွက်တွေ ၀ယ်ပေးနေကျ…
ဘူးညွန့်ကြော်ချက်က အတော်ကောင်းတာပဲဖြစ်ရမယ်။ အိမ်တောင်ပြန်ပြေးသွားတယ်ဆိုတော့လေ။ ပုံမှာလည်း စားချင်စရာလေး။
ReplyDeleteမဇနိ
တီတီဆွိ... အဲဒါ ဂေါ်ရခါးညွန့် ထင်တယ်။
ReplyDeleteကူးလဲ အရင်က ဗူးညွန့်နဲ့မှားဖူးတယ်...
နောက်မှ အရွက်အရိုးပုံစံချက်ရင်လဲ သိသိသာသာကွာနေတာ သတိထားမိတာ...
အရွက်ဆိုအကုန်ကြိုက်... ကူးတောင် ကန်ဇွန်းရိုးချဉ်၊ ဥဏ်ပွင့်ချဉ် ချဉ်ဖတ်တွေလွမ်းလို့ အိမ်ပြန်ဖို့လက်မှတ်ဝယ်ပီးပီ..း)