ဒီနေ့ညနေ ၄း၄၅ ကနေ ည၁၁ နာရီလောက်အထိ ချိုင်းနားတောင်းက
Kareta Ayer People Theater မှာ
RIT Aliumini Singapore မှ ဦးစီးကျင်းပတဲ့ သင်္ကြန် ဖြေဖျော်ပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ် ။ ကျောင်းသားဟောင်းများအပါအ၀င်ပါဝင်ဖြေဖျော်ကြတဲ့သူတွေရဲ့ကျိုးစားမှုကြောင့် အင်မတန်အောင်မြင်တဲ့ ပွဲလေးဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ပထမခေတ်သုံးခေတ်အကြောင်း ဇာတ်လမ်းလေးတွေနဲ့ တင်ပြသွားတာ အ၀တ်အစား၊အပြင်အဆင်၊ သရုပ်ဆောင် အပြောတွေက


အင်မတန်ဆွဲဆောင်မှုရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို တစေ့တစောင်း ဖွင့်ပြတဲ့ ဇာတ်လမ်းလေးနဲ့တင်ဆက်သွားပါတ

ယ်။

နောက်သီတာဒေ၀ီနဲ့ ဒဿဂီရိတို့ အကြောင်း ကပြတဲ့ ဘီလူးအက၊ ကိုဘကျော်ခေါင်းဆောင်တဲ့ သံချပ်၊ မရွှေစင်မဦးဆောင်တဲ့ သကြန်ယိမ်းအက၊ ကျောင်းသားဟောင်းတစ်ယောက်ရဲ့ မင်းသားအကတို့ကိုလည်း တင်ဆက်သွားပါတယ်။


လူရွှင်တော်ဓာတ်ကြိုးတင်ပြတဲ့ခွေးတို့ရွာဆိုတဲ့ပြဇာတ်ကတော့ပရိတ်သတ်အကြိုက်ဆုံးဖြစ်ပါလိမ့်မယ်။ လက်ရှိခေတ်ကို ပညာသားပါပါ သရော်ထားတဲ့ပြဇာတ်ဖြစ်ပြီး ပွဲစကထဲက ပရိတ်သတ်တွေ လက်ခုပ်သံတဖျောင်းဖျောင်း၊ တဟားဟားနဲ့အင်မတန်ပွဲကျခဲ့ပါတယ်။ ခွေးတို့ရွာပြဇာတ်အပြီးမှာ အကျွေးအမွေးအစီအစဉ်အဖြစ် ၁၀မိန

စ်နားပြီး မက်ဒေါ်နယ် ဘာဂါ တစ်လုံးစီနဲ့

ဧည့်ခံခဲ့ပါတယ်။


အကျွေးအမွေးအစီအစဉ်ပြီးတဲ့နောက် ပရိတ်သတ်အကြိုက်အစီအစဉ်တစ်ခုဖြစ်တဲ့ ခေတ်ပေါ်သီချင်းအစီအစဉ်ကို ကိုဇော်ဇော်ချိုမှ ဦးဆောင်တင်ဆက်ခဲ့ပြီး ရော့ခ်သီချင်းတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ကိုဇော်ဇော်ချိုမှ ဇော်ဝင်းထွဋ်ရဲ့ သင်္ကြန်သီချင်းတွေနဲ့ဖြေဖျော်ခဲ့ရာမှာ ဇော်ဝင်းထွဋ်များ စင်ကာပူရောက်နေသလား ထင်မှတ်မှားရလောက်အောင်ကိုပါပဲ။
အဖြူကတစ်မျိုး ... အ၀ါကတစ်မျိုး ... ရေစိုပျိုမေတွေရယ် အလှကတိုး ... ဒီမန်းတပ်က အလှတစ်မျိုး ... ဘယ်လိုများရွေးရမှာတုံး ....




နောက်ဆုံးအငြိမ့်အစီအစဉ်ကို လူရွင်တော် သြဘာမှ စီစဉ်တင်ဆက်ခဲ့ပြီး မင်းသမီးချေ

ာ၂လက်ပါဝင်ကပြပြီး လူရွှင်တော်များမှခေတ်မီပျက်လုံးတွေနဲ့ တင်ဆက်ခဲ့၇ာ ပရိသတ်က ပတ်တုတ်လို့မရအောင်ကို တ၀ါးဝါး တဟားဟား လက်ခုပ်သံတွေနဲ့ အားပေးခဲ့ပါတယ်။




အနှစ်ချုပ်ရရင်ဖြင့် ဒီနှစ်EX-RIT သင်္ကြန် ဖြေဖျော်မှုတွေအားလုံးဟာ ရှယ်တွေချည်းပါလို့ ပြောလို့ရလောက်အောင် ကောင်းမွန်လှပါတယ်။
ရယ်မောရင

်း ဘ၀အမောတွေကိုမေ့လို့ သူငယ်ချင်းအချို့နဲ့လဲ ပြန်တွေ့ရလို့ ဒီနေ့တစ်နေ့လုံး စိတ်လက်ချမ်းသာ ပျော်ရွှင်နေတော့တယ်။အပင်ပန်းခံပြီး စေတနာအပြည့်နဲ့တင်ဆက်ခဲ့တဲ့ EX-RIT ဖျော်ဖြေရေး အဖွဲ့ကို လည်း ကျေးဇူးအထူးတင်မိပါကြောင်း၊ နောက်နှစ်ကိုလည်း ဆက်ဆက်လာကြည့်မှာဖြစ်တဲ့အကြောင်း သတင်းပါး၇င်း အားလုံးနှစ်သစ်မှာပျော်၇ွှင်ကြပါစေလို့။
တီတီ Sweet က Ex RIT လား... တီတီ Sweet ရော ဝင်မကခဲ့ဘူးလား...
ReplyDeleteစည်ကားပေသည်။
ReplyDeleteအပန်းမကြီးရင်ဒါကလေးလုပ်ပေးပါဦး။
အချိန်ုကုန် လူပင်ပန်းလို့ပါ.
http://khinoomay77.blogspot.com/2009/03/how-to-remove-ward-verification.html
အစ်မလုပ်ပြီးပြီ။ ပထမ ဘာကိုပြောနေမှန်းနားမလည်ဘူး။ သူများက အဲဒါမမြင်ရတော့ ကိုယ့်မှာ word-verification ရှိမှန်းကို မသိတာ။ နောက်သူများတွေဆီ ကွန်မန့်ပေးတော့ အဲဒါမြင်ဘူးနေတော့မှ သဘောပေါက်သွားတာ ... ကျေးဇူးအစ်မ
ReplyDeleteအော်... သင်ကြန်။ ခုတော့ ဓာတ်ပုံတွေကပဲ ခံစားနေရတယ်။
ReplyDeleteThanks for sharing
နောက်နှစ်ကျမှပဲ လာကြည့်တော့မယ်...
ReplyDeleteအခုတော့ ဓါတ်ပုံတွေပဲ ကြည့်သွားပါတယ်...
မျှဝေတာ ကျေးဇူးပါနော်...
TT Sweet, အဲဒါအခွေထွက်မှာလားဟင်?
ReplyDeleteဗီဒီယိုဖိုင် ဖြစ်ဖြစ်ရှိရင် သတင်းပေးပါနော်...
အခွေလေးကြည့်ရရင် ကောင်းမယ်နော်
ReplyDeleteယူကျု့လေးရှိရင် လက်တို့ပါဦးး)
အခွေ နောက်ကျရင်ထွက်မှာပါ။ စီစဉ်နေကြပါတယ်။ youtube မှာတော့ တစ်ယောက်က သံချပ်တင်ထားတာတွေ့ပါတယ်။
ReplyDeletehttp://www.youtube.com/watch?v=BErLK_e3sY8