မဆွိတီတို.အဖေဖက်က အမျိုးတွေက စကားပြောရင် အသံအလွန်ကျယ်ပြီး အားရပါးရပြောတတ်ပါတယ် ... မဆွိတီငယ်ငယ်ကတုံးက အညာက
အဖေ့ရဲ့ညီအငယ်ဆုံး ဦးလေးတို့လင်မယား ရန်ကုန်ကိုလာလည်ပါတယ် ...
မတွေ့ရတာလဲကြာပြီဆိုတော့ အဖေတို့ညီအကိုဟာ “အကိုကြီးရေ”“ထွန်းခိုင်ရေ”
နဲ့ညီအစ်ကိုနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ စကားလက်ဆုံပြောမကုန်ပါ ...
ရန်ကုန်ရောက်ပြီးနောက်တစ်နေ့ ဘတ်စ်ကားနဲ. တစ်နေရာကို သွားကြပါတယ် ...
ဦးလေးတို့လင်မယားရယ် မဆွိတီတို.သားအဖရယ်ပါ ... ညီအကိုနှစ်ယောက်က ကားပေါ်တက်ကထဲက ပြောလိုက်ကြတဲ့စကား ... ဘတ်စ်ကားတစ်ဖြေးဖြေး ကျပ်လာပြီး လူတွေကြားထဲမှာ နဲနဲလှမ်းသွားပေမဲ့ စကားကပြောကောင်းတုံးပါ ... ဘတ်စ်ကားက ကျပ်ရတဲ့ကြားထဲမှာ သူတို့အသံအကျယ်ကြီးတွေနဲ့ သူတို့ငယ်ငယ်တုံးက အကြောင်းတွေ ငယ်ကျိုးငယ်နာပေါ်အောင် ပြောနေလိုက်ကြတာ ဘတ်စ်ကားပေါ်မှာဆိုတာတောင် မေ့နေတယ်လို့ထင်ပါတယ် ...
တစ်ကားလုံးတိတ်နေပြီး သူတို့၂ယောက်ရဲ့ အသံတွေပဲ ကြားနေရတော့ ဘေးကလူတွေကလဲ ပြုံးစိစိနဲ့ပေါ့ ... မဆွိတီတို့မှာ သူတို့အစား ရှက်ကလဲရှက် ရယ်ကလဲရယ်ချင်ပေါ့ .... နောက်ဆုံးတော့ ဒေါ်လေးကအမြင်ကပ်ကပ်နဲ့ အော်လိုက်တာ ...
“အဲဒီရှေ.က၂ယောက်နဲ့ ကျမတို.နဲ. ဘာမှမတော်ပါဘူးဗျို့” တဲ့ ...
အဲဒီကျမှ ညီအစ်ကိုနှစ်ယောက်လုံး ဘတ်စ်ကားပေါ်မှာဆိုတာ သတိရပြီး သူတို့ရဲ့ အသံ Tone ကို လျှော့ပြီးပြောပါတော့တယ် ...
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
Sunday, April 5, 2009
Subscribe to:
Post Comments (Atom)
ကိုလူထွေးတို့ ကလည်း အညာဆက်တွေ ဆိုတော့ မဆွီတီးပြောမှ အမျိုးတွေကို သွားသတိရတယ်။ သူတို့ က ထမင်းစားရင်တောင် ပန်းကန်ပြားနဲ့ မစားတတ်ဘူး။ ဇလုံကြီးနဲ့ ပြောင်းထည့်စားတာ။ ကိုယ်နဲ့ မတူတိုင်း ရိုင်းတာတော့ မဟုတ်ကြပါဘူး ...
ReplyDelete