Sunday, April 5, 2009
Ma Po Tofu - အသားအကြေနဲ့ ပဲပြားဟင်း
ဒီနေ့ မဆွိတီတို့ တရုတ်စာလေး ချက်စားကြဘို့ပါ ...Ma Po Tofu တဲ့ ... မဆွိတီ တရုတ်ဆိုင်တွေမှာပဲ
စားဘူးခဲ့တာပါ ...ကြိုက်လို့ အခုအိမ်မှာ လက်တည့်စမ်းမလို့ပေါ့ ...
လိုအပ်တာတွေက
၁) ၀က်သား (သို့) ကြက်သား (သို့) အမဲသားအကြေ ၂၀၀
ဂရမ်
၂) တို့ဟူး (Bean Culf) ၂၀၀ ဂရမ်၊ လေးထောင့်အတုံးလေးတွေ တုံးထားပါ ၊
၃)Chili Bean Sauce၂ဇွန်း (ပုံမှာ ကြည့်ပါ)
၎)ပဲဆီ ၃ဇွန်း
၅) ပဲငံပြာရည် အကြည်ရေ ၁ဇွန်း
၆)သကြားဇွန်းတစ်ဝက်
ရ) ငရုတ်ကောင်း မညက်တညက်အနည်းငယ်(Black Papper)
၈ ) ငရုတ်သီးစိမ်း အနီရောင် ၃-၄တောင့်
၉) အသားပြုတ်ရည် -ကြက်ပြုတ်ရည် (သို့) ၀က်ရိုးပြုတ်ရေ သင့်သလို
(Chicken Stock ဆိုလည်းရမယ်နဲ့တူပါတယ်)
၁၀) ပြောင်းဖူးမှုန့် (Corn Flour) သင့်သလို ရေဖျော်ထားပါ၊
၁၁) ကြက်သွန်မြိတ် တစ်လက်မလောက်အရှည်လေးတွေ လှီးထားပါ ၊
အပေါ်ကပစ္စည်းလေးတွေ အဆင်သင့်ဖြစ်ပြီဆို ချက်ပုံနည်းအဆင့်ဆင့်က
၁) ဒယ်အိုးကို မီးဖိုပေါ်တင်၍ ပူလာလျှင် ဆီထည့်ပါ ၊ ဆီကျက်လျှင်
အသားအကြေလေးတွေကိုကြော်ပါ ၊ အဆက်မပျက်မွှေပေးပါ၊
၂) အသားလေးတွေ အပြင်က အနည်းငယ်ညိုလျှင် မီးနည်းနည်းလျှော့၍အသားလေးတွေ ဘေးကပ်ပြီး အလယ်ဆီစုနေတဲ့နေရာကို Chili Bean Sauce ထည့်ပြီး စက္ကန့် ၃၀လောက်မွှေပေးပါ ... ဆီကအနီရောင် ပြောင်းသွားပါလိမ့်မယ် ...
၃) ငရုတ်ကောင်းနဲ့ ငရုတ်သီး အနီလေးတွေထည့်ပြီး စက္ကန့် ၃၀လောက်ဆက်မွှေပေးပါ ... အနံ့လေးတော်တော်မွှေးလာပါလိမ့်မယ်၊
၎) အသားပြုတ်ရည်ရယ်၊တို့ဟူးလှီးထားတာလေးရယ်ဖြေးဖြေးရောထည့်ပါ၊
သိပ်ကြမ်းကြမ်းမမွှေပါနှင့်၊ တို့ဟူးများကြေမည်စိုးရပါသည် ၊
ဟင်းအိုးကို ကိုင်းကကိုင်ပြီး အပေါ်အောက် လှုတ်ပေးပါက ပိုကောင်းပါမည် ၊
၅)သကြားနဲ့ ပဲငံပြာရည် အကြည်ရည်ကို ထည့်ပြီး မီးသေးသေးနှင့် ၅မိနှစ်ခန့် နှပ်ထားပါ ၊
၆) ကိုယ်လိုချင်တဲ့ အပျစ်အကျဲကိုလိုက်ပြီး ပြောင်းမှုန့်ရေဖျော်ကို ကြည့်ထည့်ပါ ၊ မီးကို နဲနဲပြန်မြှင့်ပါ၊
ရ) အရည်နဲနဲပြစ်လာရင် ကိုယ်လိုချင်တဲ့ အပျစ်အကျဲရပြီဆို အပေါ့အငံမြည်း ၊ လိုတာထပ်ထည့် ကြက်သွန်မြိတ်လေး အပေါ်ကခပ်ပြီး
ချလို့ရပါပြီ ၊
သူကအနှစ်ကလေးနဲ့ ပျစ်ပျစ်လေးဆိုတော့ တစ်ခြား ကန်ဇွန်းရွက်ကြော်လို ကိုက်လံကြော်လို အရွက်ကြော်နဲ့ ပိုလိုက်ပါမယ် ...
အင်တာနက်က ပုံလေးတွေတွေ့လို့တင်ပေးလိုက်တာပါ။
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment