ဝက်သားချဉ်စပ်လေး ဒီနေ့ချက်စားဖြစ်တယ်။ မဆွိတီရဲ့ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ် ...
ဝက်သား၄၀၀ ဂရမ်လောက်ကို အသားချည်းဝယ် ရေခဲသေတ္တာထဲကထုတ်ပြီး လှီးကောင်းရုံအနေတော်လေးမှာ ပါးပါးလွှာလွှာလေးတွေ လှီးထားပါ။ ခဲနေတုံးမှာ လှီးမှ ပိုကောင်းပါတယ်။ သုံးထပ်သားကြိုက်ရင်လဲ သုံးထပ်သားကို ပါးပါးလှီးချက်နိူင်ပါတာယ်။ ပြီးရင် ဝက်သားကို ထုံးစံအတိုင်း ပဲငံပြာရည်အချိုရည်၊ ဆား၊သကြား၊ အချိုမှူန့်၊ ငရုပ်ကောင်း နဲ့နယ်ထားပါ။ ချက်ခါနီးမှ ပြောင်းဖူးမှုန့် (Corn Flour) လေး တစ်ဇွန်းလောက်ထည့်ပြီး နယ်ပေးပါ။
ကြက်သွန်နီ ဥအလတ် ၂လုံးလောက်ကကို ၈စိတ်စိတြ်ပီး အလွှာလေးတွေ ခွါထားပါ။
ကြက်သွန်ဖြူ ၃-၄မွှာလောက်ကို Chop လုပ်ထားပါ။
ဂျင်း တစ်လက်မအရွယ် ၂ခုလောက်ကို ပါးပါးလေးတွေ လှီးထားပါ။
ကြက်သွန်ဖြူ၅မွှာလောက်နဲ့ ငရုပ်သီးစိမ်း၃-၄တောင့် (မရှိရင်) ငရုပ်သီးခြောက် ၅တောင့့် ၆တောင့်လောက်ကို အတူရောကြိတ်ထားပါ။
ခရမ်းချဉ်သီးလေးတစ်လုံးလောက် လှီးထားပါ။ မရှိရင် Tomato sauce ထည့်လဲရပါတယ်။
ငရုပ်သီးမှုန့် အရောင်တင်မှုန့် ဇွန်းတစ်ဝက်လောက် ၊
ပြောင်းမှုန့်လေးကို ရေကျဲကျဲဖျော်ထားပါ။
သံပုရာသီး တစ်ခြမ်း (သို့) ရှာလကာရည်
ကြက်သွန်မြိတ် တစ်ပင်လောက် တစ်လက်မအရွယ်လေးတွေ လှီးထားပါ။
ငရုပ်ဆီပုလင်း အဆင်သင့်ပြင်ထားပါ။ မဆွိတီကတော့Sin Sin တံဆိတ် Extra Hot ကို သုံးပါတယ်။
ဒယ်အိုးထဲ ဆီ၃ဇွန်းလောက်ထည့်ပြီး မီးအနေတော်ထားပါ။
ဆီကျက်ရင် ဂျင်းပါးပါးလှီးထားတာလေးတွေထည့် ဆီသတ်ပါ။ ကြက်သွန်ဖြူ နုတ်နုတ်စဉ်းထားတာလေးပါထည့်သတ်ပါ။ ဂျင်းနံ့မွှေးလာရင် ဝက်သားလှီးထားတာထည့် မွှေပေးပါ။ ၃-၄ မိနစ်လောက် ဝက်သား ကျက်ပြီး၊ မာလာသည်အထိ ကြော်ပေးပါ။
ပြီးရင် ကြက်သွန်နဲ့ ငရုပ်သီး ရောထောင်းထားထာ ထည့် အရောင်တင်မှုန့်ထည့် ၊ ဝက်သားနဲ့ လုံးပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးကြေရင် ကြက်သွန်လှီးထားတာထည့်ပါ။ ငရုပ်ဆီထည့်မွှေပေးပါ။ သံပုရာရည်လေး မွှေးအောင်ညှစ်ထည့်ပါ။ နောက်ဆုံးကော်ရည် ထည့်မွှေပေးပါ။ ချခါနီး မြည်းကြည့်၊ ပဲငံပြာရည်အချိုရည်၊ သကြား လိုတာထပ်ထည့်ပြီး ချလို့ရပါပြီ။ ကြက်သွန်မြိတ်လေး မွှေးအောင်အုပ်ပေးပါ။
်မဆွိတီကတော့ စလုံးက ငရုပ်သီးစိမ်း အနီရောင် အရှည်တောင့် ထည့်မိလို့ ငရုပ်သီးဖတ်တွေများများမမြင်ရပဲ စပ်ပါတယ်။
ငရုပ်သီး မစပ်တာ(အပုတောင့်)ထည့်ရင်တော့ များများထည့်လို့ရပြီး ငရုပ်သီးဖတ်လေးတွေနဲ့ အမြင်ပိုလှပါတယ်။
လာလည်ပြီး ၀က်ချဉ်စပ်ကို သွားရည်ကျသွားပါတယ်ဗျာ
ReplyDeleteရှယ်ပဲဗျာ ဗိုက်တော်တော်ဆာလာပြီ :P :P
ReplyDeleteသမီးစားချင်တာ ဒီအရသာမျိုးပါပဲ.. စမ်းချက်လိုက်အုံးမယ်.. ကျေးကျေးနော်.. :)
ReplyDelete