


လိုအပ်သည့် ပစ္စည်းများ
၁။ အာလူးအရွယ်လတ်လတ် ၄လုံးလောက်ကိုပြုတ်ပြီး အခွံနွှာ ထားပါ၊
၂။ ကုလားမဆလာ (Gram Masala) ၊ ကုလားလေး မဆလာဆိုလည်းရပါတယ်၊(၂ထုတ်လောက်)
၃။ကြက်သွန်နီ ဥကြီး တစ်ဥ၊ကို လက်သဲခွံလောက် အတုံးလေးတွေရအောင်လှီးပြီး ခွါထားပါ၊
၄။ ပူတီနာကို၄-၅ခက်ကို ပါးပါးလေးတွေလှီး ၊ ပျဉ်းတော်သိမ်ရွက် ၃-၄ခက်ကို ချွေထားပါ၊
၅။ ဂျင်း ပါးပါလှီးထားတာ ၂ခု ထောင်းထားပါ။
၆။ ကြက်သွန်ဖြူ ၂မွှာလောက် တောင်းထားပါ။
ရ။ ငရုပ်သီးအရောင်တင်မှုန့် လက်ဖက်ရည်တစ်ဇွန်း၊
၈။ နနွင်းမှုန့် အရောင်လှအောင် လက်၂ဆိတ်စာလောက် ၊ (2 pinch)
၉။ ဆား၊ အချိုမှုန့် သင့်သလောက်၊
၁၀။ ဆီ
၁၁။ စမူစာရွက် သို့( Spring Roll Wrapper) - ကော်ပြန့်ကြော်လိပ်တဲ့ အရွက်(Super market တွေမှာ ဝယ်လို့ရပါတယ်)၊ အဝိုင်းပုံထက် လေးထောင့်ကို ရွေးဝယ်ပါ။
၁၂။ ကော်မှုန့်နဲနဲကို ရေပျစ်ပျစ် ဖျော်ထားပါ။ (စမူစာခေါက်တဲ့ အခါ နောက်ဆုံးအပိုင်းကို မကွာအောင် ကော်ကပ်သလို ကပ်ဖို့ရာဖြစ်ပါတယ်၊ မဟုတ်ရင် ကြော်နေတုံး စမူစာအပေါ်ဖတ်ကွာပြီး အထဲကအစာတွေ အပြင်ထွက်ကုန်ပါ့မယ်၊)
ပြုလုပ်ပုံအဆင့်ဆင့်
၁။အထက်ပါပစ္စည်း အမှတ်စဉ် ၁မှ ၉ အထိ ကို ဇလုံတစ်ခုထဲထည့်၍ အာလူးကြေသည်အထိ ရောမွှေပြီး နယ်ပေးပါ၊ အရသာမြည်းကြည့်၍လိုနေလျှင် ထပ်ထည့်ပါ။ (အပေါ်က အတိုင်းအတာများမှာ မှန်းရေးထားခြင်းသာဖြစ်၍ ကိုယ့်ဟာကိုယ်မြည်း လိုတိုးပိုလျှော့ပါ)
၂။ စမူစာရွက် ကို အပေါ်မှာပြထားတဲ့ပုံတွေအတိုင်း င်ဖြတ်၍ အားလူးနယ်ထားသောအစာထည့်ကာ ခေါက်ပါ။ နောက်ဆုံးအပိုင်းမခေါက်မီ ကော်သုတ်ဖို့မမေ့ပါနှင့်။စမူစာအားလုံးကို ပြီးအောင်အရင်ခေါက်ထားပြီးမှကြော်ပါ၊ နောက်မှို့ဆို စမူစာခေါက်ရင်းကြော်ရင် တူးသွားတတ်လို့ပါ၊
(ပုံမှာပြထားတဲ့ စမူစာရွက်ရဲ့ အတိုင်းအတာက 215mmx215mm ဖြစ်ပြီး စမူစာရွက်၂ရွက်အထပ်လိုက်ကို ၃ဖြတ် ဖြတ်လိုက်ရင် 70mmx215mm ရပါတယ်။ ခေါက်တုံးက လက်ကပေ၊ ဓာတ်ပုံရိုက်ပေးမဲ့သူကလဲ အနားမှာမရှိလို့ ခေါက်ပုံကို သေချာ ဓာတ်ပုံနဲ့မပြနိူင်တာကို ခွင့်လွှတ်ကြပါ။ နောက်ကြုံရင် ဓာတ်ပုံရိုက်ပြီး တင်ပေးပါ့မယ်။ ၂ထပ်လုပ်တာက ခေါက်နေတုံး ပေါက်မသွားအောင်ပါ။)
၃။ မီးအနေတော်တွင် ဒယ်အိုးတည်၍ စမူစာမြုတ်သည်အထိ ဆီထည့်ပါ။
၄။ ဆီကျက်လျင် ခေါက်ထားသော စမူစာများကို စီထည့်ပြီးကြော်ပါ၊ နောက်ဆုံးကော်သုတ်ထားတဲ့ဘက်ကို အောက်မှာထားပြီး ကြော်ပါ။ ကြော်ခါစမှာ ကော်ကပ်ထားတာမပြေအောင် ဇွန်းနဲ့ အသာလေးဖိထားပါ။ စမူစာ၇ွက် အပူနဲ့တောင့်သွားပြီဆို ခေါက်ထားတာ မပြေတော့ပါဘူး။ အပေါ်အောက်လှန်ပေးပြီး အညိုရောင်သန်းလာရင် ဆယ်လို့ရပါပြီ။

စမူဆာ ခေါက်နည်းမှတ်သွားတယ်။ လုပ်စားကြည့်အုံးမယ်။ ကျေးဇူးပါ။
ReplyDeleteTSwet ကျေးဇူး စမူစာခေါက်နည်းလေး (အထဲက အစာကော) မှတ်သွားတယ်။ ကြော်စားတိုင်း စမူစာပုံ မဖြစ်ဘူး။ ခုတော့ သိပြီ :)
ReplyDeleteတင်ဇာ
အင်ဂျင်နီယာများ ဟင်းချက်နည်း ရေးတာတောင် drawing တွေ dimension တွေနဲ့... ဒါနဲ့ သူမက ယခုပဲ စမ်းသတ်ကြည့်ပြီးသွားပြီ။ ၂ ရွက်ထပ်တဲ့နည်းက ကောင်းတယ် ကြွတ်ကြွတ်လေး စားရတယ်။ တစ်ထပ်တည်းဆို အရွက်မှာ ဆီတွေ စုပ်ပြီး ပါးလွန်းတယ်။ Thanks for this tip :)
ReplyDeleteရုံးမှာ drawing တွေ ဆွဲတာ အကျင့်ပါသွားတာနေမှာ ကိုအန်ဒီရေ။ လာအားပေးတာ ကျေးဇူးပါ။
ReplyDeleteTTSweet ရေ...
ReplyDeleteဒီနေ့ စမူဆာ ဒီနည်းအတိုင်း လုပ်စားဖြစ်တယ်။ အရမ်းကောင်းတယ်။
ကျေးဇူးတင်ပါတယ်နော်။
Thank you
ReplyDelete