မဆွိတီငယ်ငယ်က တော်တော်ပိန်ပါတယ် (‘အခုဝလားဆိုတော့ ဟဲဟဲ လှရုံလေးပါ ... )
အဲဒီတုန်းက အရပ် ၅ပေ၄လက်မှာ ပေါင်၈၅ - ၉၀ဆိုတော့ မှန်းသာကြည့်ပါတော့ ... တစ်ကိုယ်လုံး အရိုးနဲ.အသားကပ်ပြီး ပြားချပ်နေတာပါ ... အဲဒီခေတ်က နာမည်ကြီးဘိုဘိုဟန်ရဲ့သီချင်း “ ဒီလိုဒီလိုပိန်တယ် ပြားချပ်ချပ် “ဆိုပြီး ပြောင်တာနောက်တာ ခံနေရပါများလို့ ရိုးနေပါပြီ ...
၁၀တန်းတက်တော့ မဆွိတီတို့နေတဲ့နေရာနဲ့ ၁၈မိုင်လောက်ဝေးတဲ့ မြို့ထဲကို နေ့တိုင်း ဘတ်စ်ကားနဲ. ကျူရှင်သွားတက်ပါတယ် ... ကျောင်ကြီးက နေ့ခင်း ၁၂ နာရီပြီးတာနဲ.တန်းသွား ည၉နာရီလောက်မှ အိမ်ပြန်ရောက်ပါတယ် ... ညမိုးချုပ်တော့ မြို့ထဲမှာအလုပ်လုပ်တဲ့ မဆွိတီရဲ့အမေက လာကြိုပါတယ် ... ဒီလိုပဲသားအမိနှစ်ယောက် နေ့တိုင်းပြန်နေကျပါ ...
မဆွိတီတို့မောင်နှမတွေအားလုံးမှာ အိမ်နာမည်တွေရှိပါတယ် ... ငယ်ငယ်ကချစ်စနိုးခေါ်တဲ့နာမည်တွေကို နှုတ်ကျိုးပြီး မောင်နှမအချင်းချင်းရော အဖေအမေတို့ကရော ခုချိန်ထိခေါ်နေတုံးပါ ...
တစ်နေ့ ဘတ်စ်ကားနဲ.အပြန် လှည်းတန်းမှာဝင်စရာရှိတယ်လို့ အမေကပြောထားပါတယ် ... ဘတ်စ်ကားကကျပ်ညပ်နေတော့ ကားပေါ်မှာ သားအမိနှစ်ယောက် ကွဲသွားပါတယ် ... လှည်းတန်းရောက်တော့ မဆွိတီ ဆင်းဖို့မေ့နေလို့ ဘတ်စ်ကားအောက်ရောက်နေတဲ့ အမေက မဆွိတီကားပေါ်ပါသွားမှာကြောက်လို့ မဆွိတီရဲ့နာမည်ကို အော်ခေါ်ပါတော့တယ် ... “ဘုတ်အီးမရေ ဆင်းခဲ.ဟေ့ ဘုတ်အီးမရေ “ တဲ့ ...
စပယ်ယာကလည်းကားကိုရပ်ပြီးစောင့်နေရလို့ စိတ်မရှည်တဲ့ပုံနဲ့ ပါ ... ကားပေါ်ကလူများကလည်း အဲဒီ ဘုတ်အီးမဆိုတဲ့ ၀၀တုတ်တုတ်လေးဆင်းအလာကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာပေါ့ ... ကျပ်ညပ်နေတဲ့လူအုပ်ထဲကတိုးထွက်ပြီးဆင်းလာတဲ့ အရိုးဂေါင်ဂင်ထနေတဲ့ ပိန်တာရိုးမလေးထွက်လာတော့ ရီလိုက်ကြတာ ... စပယ်ယာတောင်စိတ်မဆိုးတော့ဘူး ... ဟီးဟီး ...
မဆွိတီရဲ့အကိုတွေနာမည်ဆို ပိုတောင်ရီရသေး ... မဆွိတီတော့ ဘယ်နေရာရောက်ရောက် အဲဒီနာမည်ကြီးတွေပဲခေါ်တာပဲ ...
ဘယ်လိုမှပြောင်းခေါ်လို့မရဘူး ... ကိုဂီးဂေါင်တို့ ကိုပြဲတို့ ... ဟီး ...
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
Subscribe to:
Post Comments (Atom)
ဘာလဲ ရယ်ရတယ်ထင် လို့လား.. ပြုံးတောင်မပြုံးမိဘူး.....သိလားးးးးး
ReplyDelete