
ကြက်သားနဲ့ အလွယ်တကူချက်လို့ ရတဲ့ ဟင်းတစ်ခွက်ပါ။
ကြက်သားအသားချည်း ၊ ရင်ပုံသားတစ်ခြမ်းလောက်ရေခဲသေတ္တာထဲကထုတ်၊ လှီးကောင်းရုံ ခဲနေတုံး ဓါးနဲ့ သေးသေးရှည်ရှည်လေးတွေ လှီးထားပါ။ ပြီးရင်ပဲငံပြာရည် အချိုရည်၊ ငရုပ်ကောင်း၊ ဆား၊ သကြား၊ အချိုမှုန့် နဲ့ နယ်ထားပါ။ ညှီနံ့ပျောက်ချင်ရင် ဂျင်းရေလေး ညှစ်ထည့်ပါ။
ငရုပ်ချိုသီး ပွပွစိမ်းစိမ်းကြီး၂တောင့်လောက်ကို ခုနကကြက်သားနဲ့ အရွယ်တူ သေးသေးရှည်ရှည်လေးတွေလှီးထားပါ။
ဒယ်အိုးထဲကိုဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲထည့်ပြီး မီးဖိုပေါ် မီးပျင်းပျင်းနဲ့တည်ပါ။ ဆီကျက်လောက်ရင် ကြက်သွန်ဖြူလေးတွေကို နုတ်နုတ်စင်း (chop လုပ်ထားတာ)ထားတာကို ထည့်ပြီးမွှေပေးပါ။ ပြီးရင် ကြက်သားလှီးထားတာလေးတွေထည့်ပြီး ၂မိနစ်လောက် မွှေပေး၊ ကြက်သား ကျက်ပြီး မွှေးလာရင် ငရုပ်သီးပွ လှီးထားတာလေးထည့်ကြော်၊ ဆားပေါ့ရင် ပဲငံပြာရည် အကြည်၊ လိုတာထပ်ထည့်၊၊ ငရုပ်သီးကျက်ရင်စားလို့ ရပါပြီ။
ဟင်းပူပူလေးကို ထမင်းဖြူလေးနဲ့ စားလို့လိုက်ဖက်ပါတယ်။
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)
No comments:
Post a Comment