Monday, April 6, 2009

သတိမေ့တတ်သူ


ခုတစ်လော အတော်သတိမေ့တတ်နေတယ်။ အထူးသဖြင့် အိမ်ကနေ ရုံးကို တစ်ခုခုယူချင်ရင်၊ ဒါမှမဟုတ် အိမ်မှာတစ်ခုခုလုပ်စရာ အရေးကြီးတာတစ်ခုဆို မေ့မေ့နေတတ်တယ်။

သူများတွေတော့ ဘယ်လိုသတိရအောင်လုပ်လဲမသိ။ ကိုယ့်နည်းလမ်းကတော့ လွယ်လွယ်လေး။ ဘာလောကဓာတ်ပညာမှမပါဘူး။ ဘောပင် သို့ ဆော့ပင်တစ်ချောင်းပဲလိုတယ်။ သတိရတဲ့အချိန်မှာ လက်မှာကောက်ရေးလိုက်တာပဲ။

အော်.... လက်ရေဆေးတော့ မပျက်ဘူးလား။ ဟုတ်လား။ ပျက်ပါတယ်။ ဒါပေမဲ့ မြင်ရပါသေးတယ်။ အဲဒီပုံက လက်၂ခါဆေးပြီးသားပါ။ ဒီနေ့ည သူငယ်ချင်းတစ်ယောက်ဆီ ဖုံးဆက်စရာရှိလို့။ ။

3 comments:

  1. မဆွီတီ...
    တန်ခူးဆီမှာတွေ့လို့ လာလည်ပါတယ်...
    ဟင်းချက်နည်းတွေရယ် ရယ်စရာတွေရယ် ပြောပြမယ်ဆိုလို့ ပျော်နေတယ်...
    ကိုယ်တိုင်ချက်ပြီး အိမ်မှာခေါ်ကျွေးမယ်ဆိုရင်တော့ ပိုပျော်မိမှာ အမှန်ပါပဲ...
    ပြီးတော့ ရယ်စရာတွေကို စာနဲ့မရေးပဲ ကိုယ်တိုင် အသံထွက်ပြီး ပြောပြမယ်ဆိုရင်တော့ မဆွီတီဆီ မရောက်ရောက်အောင်ကို လာလည်မိမှာပါ....

    ReplyDelete
  2. အစ်မက အပြင်မှာ ရုပ်တည်ကြီး။ ဖိုရမ်တို့ ဘလော့တို့ထဲသာ ပေါရဲတာ ညီမရေ။ စလုံးကဆိုရင်တော့ အိမ်ခေါ်ကျွေးရမှာပေါ့။ လာလည်တဲ့အတွက် ကျေးဇူးအများကြီးပါ။

    ReplyDelete
  3. ကိုလူထွေးကလဲ မေ့တတ်သူမို့  နည်းယူသွားပါတယ်။ မေ့တတ်တဲ့ အကြောင်းရေးထားတဲ့ ပို့ စ်လေး လာဖတ်ပါဦး...

    ReplyDelete