Tuesday, April 21, 2009

အပျင်းကြီးတဲ့ ဟာသ ...



ကိုမောင်ခြိမ့်အမျိုးသမီးဟာ စနေ-တနင်္ဂနေ့တွေဆိုရင် အစောကြီးထတတ်ပါတယ် ...
ဒါပေမဲ့ အလုပ်သွားရမဲ့ မနက်ခင်းတွေမှာတော့ အိပ်ရာကထဖို့ အင်မတန်ပျင်းပါတယ် ... မနက်တိုင်း တော်တော်ကြိုးစားပန်းစား ထရတာပါ ... အလုပ်ကြောက်တဲ့ရောဂါလို့ပဲ ခေါ်ရမလား ...

စလုံးကအလုပ်တွေရဲ့ Stress ရယ်၊ ရုံးမှာအလုပ်နဲ့ပတ်သတ်တဲ့ပြဿနာတွေ ဖြေရှင်းရတာ အဖြေရှာရတာတွေနဲ့ အလုပ်ကို တော်တော်စိတ်ကုန်ပြီး ငြီးငွေ့နေပါပြီ ... ခုနေများ စလုံးမှာ သန်းဆုပေါက်လို့ကတော့ အထုပ်အပိုးပြင်ပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဘို့ အမြဲတာဆူနေတာပါ ... ဟိုရောက်ရင် ခြံကျယ်ကျယ်လေးဝယ် ... အပျင်းပြေ ၀ါသနာပါရာ ပန်းခင်းလေးစိုက်ပြီး ပျိုးပင်လေးတွေ ရောင်းတဲ့လုပ်ငန်း လုပ်ဘို့လဲ အမြဲစိတ်ကူးယဉ်နေတာပါ ...

ဒီနေ့မနက်ကတော့ ကိုမောင်ခြိမ့်က ထုံးစံအတိုင်းအရင် ရေမိုးချိုးပြီး အလုပ်သွားဖို့ အတွက် မိန်းမကိုနှိုးပါတယ် ... နှိုးရင်းနဲ့ ...

ကိုမောင်ခြိမ့် ---- ကိုယ်ထီတွေထိုးထားတာ တိုက်မလို့ဟာ မနေ့ညက အင်တာနက်ဒေါင်းနေတာနဲ့ မစောင့်နိုင်လို့ အိပ်လိုက်တာ ...

(အိပ်ယာထဲကနေ အိပ်ချင်မူးတူးနဲ့ လေသံကြီးဖြင့် )
ကိုမောင်ခြိမ့် အမျိုးသမီး ----အောင်မလေး ယောက်ျားရယ် ဖြစ်မှဖြစ်ရလေ ... ရှင်စောင့်တိုက်လို့များ တစ်သန်းဆုပေါက်နေခဲ့ရင် ကျမအခု အိပ်ယာကတောင် ထစရာမလိုတော့ ဘူး .......


(ဲ့ ကိုယ်တွေ့ဟာသဖြစ်ပါကြောင်း ...)
(မြန်မာကျုးပစ်တွင် ဖော်ပြပြီး)

2 comments:

  1. အပျင်းပြေ ဟာသလေး ဖတ်သွားတယ်။

    စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိစေဖို့
    သန်းဆုကြီးကြီး ပေါက်ပါစေခင်ဗျာ ..
    လေးစားလျက်

    ReplyDelete
  2. သွားသေလိုက်ပါတော့ ကိုမောင်ခြိမ့် ရယ်......

    ReplyDelete