Sunday, April 5, 2009

တို့ဟူးသုပ် ချဉ်ငံစပ်



တို့ဟူးသုပ် ဖို့အတွက်လိုတဲ့ပစ္စည်းတွေကတော့
၁ တို့ဟူး ပါးပါးလှီးထား
၂ ဂေါ်ဖီ တစ်စိတ် ရိတ်ရိတ်လေးလှီးထား
၃ ကြက်သွန်ဥကြီးကြီး ပါးပါးလေးလှီးထား
၎ နံနံပင် ရိတ်ရိတ်လေးလှီးထား
၅ ကြက်သွန်ဖြူဆီချက် (ဆနွန်းမှုန်.လေးနဲ.ချက်ပါ)
၆ မန်ကျည်းမှည်.ဖျော်ရည်
၇ ပုဇွန်ခြောက်မှုန့်
၈ ငရုပ်သီးလှော်မှုန့်
၉ ပဲငံပြာရည် အကြည်ရည်
၁၀ ပဲငံပြာရည် အနောက်ရည်
၁၁ ငရုပ်သီးအရောင်တင်မှုန့်ကို ဆီနဲ့ချက်ထားတဲ့ဆီနီ (အရောင်လှအောင်)
၁၂ တို့ဟူးကြော်ပြီး ကတ်ကြေးနဲ့ပါးပါးညှပ်ထား

နံပတ် ၁ ကနေ ၁၁ ထိသင့်သလိုထည်.ပြီး အားလုံရော ဖွဖွလေးနယ်ပါ ...
ပြီးရင်အပေါ်ကနေ နံပတ်၁၂ ကိုဖြူးထည့်ပါ ...
ကဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး စားလို့ရပါပြီ ...ရေနွေးကြမ်း ပူပူလေးလဲသောက်ပါအုံး။


2 comments:

  1. ကျူးပစ်က မဆွီတီရဲ့ ဟင်းချက်နည်းတွေ ဖတ်ဖူးတယ်.. Blog လုပ်ထားတာ အခုမှ သိရတော့တယ်.. ပျော်စရာကြီး.. နောက်ဆို ဟင်းချက်နည်းတွေ အများကြီး ဖတ်ရတော့မှာပေါ့နော်... :)

    ReplyDelete
  2. အဲဒါအင်တွေချည့်ပဲ.။။။

    ReplyDelete