Wednesday, April 8, 2009

အလွမ်းပြေ မုန့်







ဒီတစ်ခေါက် အိမ်ပြန်ဖြစ်တော့ မုန့်လေးတွေ အမှတ်တ၇ ဓာတ်ပုံ၇ိုက်လာခဲ့တယ်။ ဒါလေးတွေ အရင်စားနှင့်ကြဦးနော် ... နောက်တစ်ခေါက်မှ ကျန်တာတွေ ထပ်တင်ပေးဦးမယ်နော် ... မုန့်ပစ်သလက်ရယ်၊ ဟိုးအပေါ်နားက မုန့်ဗိုင်းထောင့်ရယ် အကြိုက်ဆုံး။ ခုနေများ စားရရင် ပဲဆီ မွှေးမွှေးလေးဆမ်း၊ နှမ်းထောင်းလေးဖြူး ... ရှလွတ် ... လွှတ် ကောင်းလိုက်မဲ့ ဖြစ်ခြင်း ။

7 comments:

  1. မုန့် ဘိုင်းတောင့်
    ဘိန်းမုန့် 
    မုန့် ပျားသလက်
    ခေါက်မုန့် 
    မုန့် လင်မယား

    ၅၀ တန် အစုတ်ကလေးက တီတီSweet ပေးလိုက်တာလား... တတ်နီုင်တဲ့ သူများကျတော့ ကံကောင်းသပေါ့လေ...
    အလွမ်းပြေလို့  မပေးဘဲ အလွမ်းပိုလို့  ပေးပါလား...

    ReplyDelete
  2. အဲ...ခေါက်မုန့်နဲ့ မုန့်ဘိုင်းတောင့် ။ မမြင်ရတာအတော်ကြာပေါ့ ။ အခုလည်းမြင်သာမြင်ရ မကြင်ရ ။ ခက်ပါ့ ။

    ReplyDelete
  3. အလွမ်းပြေ မုန့်တွေ လာစားသွားပါတယ်နော်။ မုန့်ပစ်သလက်ဆို အဖြူပဲစားတာ။ မြင်တာနဲ့ စားချင်လာပြီနော်။

    ReplyDelete
  4. နှိပ်စက်တယ်....

    ReplyDelete
  5. ပြောဖို့ မေ့သွားတယ်...
    တို့ဆီမှာ Link ထားတယ်... လို့..။

    ReplyDelete
  6. ဗိုက်ကဆာနေတာ… နှိပ်စက်လိုက်တာ ဆွိရယ်… အကုန်ကြိုက်…

    ReplyDelete
  7. I'd like to request you to post how to do "မုန့်ပစ်သလက်". I checked all လျှာရည်လည်စရာ ... (63) because whenever my mom wants to eat something, I firstly check yours. But this time, except this picture, no post about "မုန့်ပစ်သလက်" How-to. Thanks.

    ReplyDelete